Friday 20 June 2014

တာလီဘန်စစ်သွေးကြွများ နေတိုးတပ် အခြေချစခန်းကို တိုက်ခိုက်

Photo: တာလီဘန်စစ်သွေးကြွများ နေတိုးတပ် အခြေချစခန်းကို တိုက်ခိုက်
Friday, June 20, 2014 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နန်ဂါဟာခရိုင်မှာ တာလီဘန်စစ်သွေးကြွ ၄ ယောက်က နေတိုးတပ် အခြေချစခန်းတခုကို ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က တိုက်ခိုက်လို့ ကုန်ကားဒါဇင်အတော်များများ ပျက်စီးပြီး ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

ပါကစ္စတန်နဲ့ နယ်စပ် တော်ခမ် – ခိုင်ဘာတောင်ကြား နယ်စပ်ဖြတ်ကူးရေးစခန်းနားမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

ဒီနေရာဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ် အာဖဂန်နစ္စတန်မှာ နေတိုးခေါင်းဆောင်တဲ့ တပ်တွေအတွက် အဓိက ပံ့ပိုးရေးလမ်းကြောင်းလည်း ဖြစ်ပါတယ်။

နယ်စပ် ၂ ဖက်လုံးက စစ်သွေးကြွတွေက နေတိုးခေါင်းဆောင်တဲ့တပ်တွေအတွက် ထောက်ပံ့ရေးယာဉ်ကြောကို တိုက်လာတာ နှစ်တွေနဲ့ ချီနေပါပြီ။

တော်ခမ်ရဲတပ်ရင်းခေါင်းဆောင် မိုဟာမက် ဟာဆန်က “အသေခံ ဗုံးခွဲသမား ၄ ယာက်ပါတဲ့ ကားက အခြေစိုက်စခန်းထဲ မနက် ၄ နာရီခွဲလောက်မှာ ၀င်လာတယ်၊ တပ်တွေက ပစ်ခဲ့လို့ ကားလဲမီးလောင်သွားတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ရေးသမားတွေက ဖောက်ခွဲခဲ့လို့ လောင်စာနဲ့ တခြားရိက္ခာတွေ တင်ထားတဲ့ ကုန်ကား ၃၇ စီး မီးလောင်ပျက်စီးတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ပြောခွင့်ရက ဆိုပါတယ်။

တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရ ဇဗီအူလာ မူဂျာဟစ်က ဒီတိုက်ခိုက်မှုကို စစ်သွေးကြွတွေ လုပ်တာလို့ အတည်ပြုပါတယ်။

တာလီဘန်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ နေ့က သမ္မတရွေးကောက်ပွဲ ဒုတိယအသုတ်မှာလည်း တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ လူအတော်များများသေဆုံးပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မဟာမိတ်တွေကတော့ ရွေးကောက်ပွဲက တည်ငြိမ် အားကောင်းတဲ့ အစိုးရတရပ်ကို မွေးထုတ်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။

ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ၂ ယောက်ကြား မသမာမှုတွေ ရှိတယ်လို့ စွပ်စွဲနေတဲ့အတွက် နိုင်ငံရေး အကျပ်ရိုက်မှု မဖြေရှင်းနိုင်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ဒီဗွီဘီ
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နန်ဂါဟာခရိုင်မှာ တာလီဘန်စစ်သွေးကြွ ၄ ယောက်က နေတိုးတပ် အခြေချ စခန်းတခုကို ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က တိုက်ခိုက်လို့ ကုန်ကားဒါဇင်အတော်များများ ပျက်စီးပြီး ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

ပါကစ္စတန်နဲ့ နယ်စပ် တော်ခမ် – ခိုင်ဘာတောင်ကြား နယ်စပ်ဖြတ်ကူးရေးစခန်းနားမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

ဒီနေရာဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ် အာဖဂန်နစ္စတန်မှာ နေတိုးခေါင်းဆောင်တဲ့ တပ်တွေအတွက် အဓိက ပံ့ပိုးရေးလမ်းကြောင်းလည်း ဖြစ်ပါတယ်။

နယ်စပ် ၂ ဖက်လုံးက စစ်သွေးကြွတွေက နေတိုးခေါင်းဆောင်တဲ့တပ်တွေအတွက် ထောက်ပံ့ရေး ယာဉ်ကြောကို တိုက်လာတာ နှစ်တွေနဲ့ ချီနေပါပြီ။

တော်ခမ်ရဲတပ်ရင်းခေါင်းဆောင် မိုဟာမက် ဟာဆန်က “အသေခံ ဗုံးခွဲသမား ၄ ယာက်ပါတဲ့ ကားက အခြေ စိုက် စခန်းထဲ မနက် ၄ နာရီခွဲလောက်မှာ ၀င်လာတယ်၊ တပ်တွေက ပစ်ခဲ့လို့ ကားလဲမီးလောင်သွားတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ရေးသမားတွေက ဖောက်ခွဲခဲ့လို့ လောင်စာနဲ့ တခြားရိက္ခာတွေ တင်ထားတဲ့ ကုန်ကား ၃၇ စီး မီးလောင်ပျက်စီးတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ပြောခွင့်ရက ဆိုပါတယ်။

တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရ ဇဗီအူလာ မူဂျာဟစ်က ဒီတိုက်ခိုက်မှုကို စစ်သွေးကြွတွေ လုပ်တာလို့ အတည်ပြုပါတယ်။

တာလီဘန်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ နေ့က သမ္မတရွေးကောက်ပွဲ ဒုတိယအသုတ်မှာလည်း တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ လူအတော်များများသေဆုံးပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မဟာမိတ်တွေကတော့ ရွေးကောက်ပွဲက တည်ငြိမ် အားကောင်းတဲ့ အစိုးရတရပ်ကို မွေးထုတ်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။

ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ၂ ယောက်ကြား မသမာမှုတွေ ရှိတယ်လို့ စွပ်စွဲနေတဲ့အတွက် နိုင်ငံရေး အကျပ်ရိုက်မှု မဖြေရှင်းနိုင်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment