Friday 20 June 2014

တယ်လီဖုန်း သုံးစွဲသူ ပြည်သူများသို့ အသိပေး ကြေညာချက်

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်း သုံးစွဲခဲ့သည့် တယ်လီဖုန်းများ အနက် အချို့သော တယ်လီဖုန်း များသည် ယခင်နှစ် အဆက်ဆက်မှ တယ်လီဖုန်း ခေါ်ဆိုခ ကြွေးကျန်များ ၂၈-၂-၂၀၁၄ နေ့အထိ ပေးသွင်းရန် ကျန်ရှိသည့် အတွက် အဆိုပါ တယ်လီဖုန်း ခေါ်ဆိုခ ကြွေးကျန်များကို ၂၃-၃-၂၀၁၄ နောက်ဆုံး ထား၍ သက်ဆိုင်ရာ ငွေလက်ခံ စခန်းများတွင် ပေးသွင်းပါရန် ၉-၃-၂၀၁၄ နေ့ နိုင်ငံပိုင် သတင်းစာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အသိပေး ကြေညာခဲ့သည့် အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ Website (www.mcit.gov.mm)နှင့် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီး/ ပြည်နယ် မန်နေဂျာရုံး တယ်လီဖုန်း အခွန်ဌာနစိတ်များတွင်လည်း ကြေညာထားခဲ့သည်။

၂။ သို့ရာတွင် ယနေ့အချိန်ထိ အချို့သော တယ်လီဖုန်းများသည် တယ်လီဖုန်း ခေါ်ဆိုခ ကြွေးကျန်များကို ပေး သွင်းရန် ကျန်ရှိနေပါသဖြင့် ၃၀-၆-၂၀၁၄ နေ့ နောက်ဆုံးထား၍ ပေးသွင်းပါရန်နှင့် သတ်မှတ်ရက်ထက် ကျော် လွန်ပါက အဆိုပါ တယ်လီဖုန်းများအား လိုင်းအပြီး ပိတ်သိမ်းပြီး လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း ပြည်သူများသို့ ထပ်မံ အသိပေး တင်ပြအပ်ပါသည်။

၃။ လိုင်းအပြီးပိတ်သိမ်းခံရသည့် တယ်လီဖုန်းများ အတွက် သုံးစွဲသူများ အနေဖြင့် နစ်နာချက်နှင့် ဖြေရှင်း လို သည်များရှိပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းဌာနသို့ ဆက်သွယ် ဆွေးနွေးညှိနှိုင်းနိုင်ပါ ကြောင်း အသိပေးအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
MOI Webportal Myanmar 

No comments:

Post a Comment