Friday 20 June 2014

မြန်မာနိုင်ငံ ဆေးပညာလောကတွင် ထင်ရှားသည့် ဆရာမကြီး ပါမောက္ခဒေါက်တာ ဒေါ်မြင့်မြင့်ခင် ကွယ်လွန်

Photo: မြန်မာနိုင်ငံ ဆေးပညာလောကတွင် ထင်ရှားသည့် ဆရာမကြီး ပါမောက္ခဒေါက်တာ ဒေါ်မြင့်မြင့်ခင် ကွယ်လွန်
Friday, June 20, 2014 

မြန်မာနိုင်ငံ ဆေးပညာလောကတွင် ထင်ရှားပြီးလေးစားသမှုဖြင့် မာမီကြီးဟု ခေါ်ဆိုကြသည့် ပါမောက္ခဒေါက်တာဒေါ်မြင့်မြင့်ခင်သည် လူကြီးရောဂါဖြင့် ဇွန် ၁၉ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။
 
ဆရာမကြီး ဒေါ်မြင့်မြင့်ခင်သည် ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီ ၂ဝ မိနစ် အချိန်တွင် ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်အထူးကုဆေးခန်း အထူးကြပ်မတ်ကုသဆောင်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ် အရွယ်ရှိပြီဖြစ်သည်။
 
“ဆရာမကြီးက ဒီနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ မှာ ကွယ်လွန်သွားပါတယ်။ လူကြီးဆိုတော့ ဖြစ်တာတော့အစုံပါပဲ။ ဒီနေ့ နံနက်ပိုင်း ၁ဝ နာရီခွဲ ၁၁ နာရီလောက်မှာ ICU (အထူးကြပ်မတ်ကုသဆောင်)ထဲကို ရွှေ့ပြောင်းပြီး သိပ်မကြာဘူး မွန်းလွဲ ၂ နာရီကျော်မှာ ဆုံးသွားတာပါ။ စိတ်လျှော့လိုက်ပုံရပါတယ်” ဟု ဆရာမကြီးဒေါ်မြင့်မြင့်ခင်၏တစ်ဦးတည်းသော သားဖြစ်သူ မလေးရှားနိုင်ငံ Multimedia တက္ကသိုလ် ဥပဒေပညာမဟာဌာနမှ ပါမောက္ခ ဒေါက်တာမြင့်ဇံက ပြောကြားသည်။
 
ဆရာမကြီး၏ ရုပ်ကလာပ်အား ကွယ်လွန်သည့် ဇွန် ၁၉ ရက်၌ပင် ရေဝေးသုသာန်သို့ ပို့ဆောင်ခဲ့ပြီး ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီ ခန့်တွင် ရေဝေးသုသာန်၌ သဂြိုဟ်မည်ဖြစ်ကြောင်းကိုလည်း ဆရာမကြီး၏သားဖြစ်သူက ဖြည့်စွက်ပြောဆိုခဲ့သည်။
 
ဆရာမကြီး ဒေါ်မြင့်မြင့်ခင်သည် ၁၉၂၄ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ ကြီးပြင်းခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိပြီး စစ်တွင်းကာလ ဂျပန်ခေတ်တွင် ဆေးကျောင်းတက်ရောက်ခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် BA ဘွဲ့၊ ၁၉၅ဝ ပြည့်နှစ်တွင် M.B.,B.S ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု နှင့် ဗြိတိန်နိုင်ငံတို့တွင် ဘွဲ့လွန်ပညာ ဆည်းပူးခဲ့ပြီး ကျန်းမာရေးဌာနတွင် ဝင်ရောက်အမှုထမ်းရာ ဆေးတက္ကသိုလ်မန္တလေးတွင် ဆေးပညာပါမောက္ခ(ဌာနမှူး)အဖြစ် အနှစ် ၂ဝ ဆောင်ရွက်ခဲ့ပြီး ဆေးပညာလောကတွင် ထင်ရှားသည့် ပညာရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။ ဆရာမကြီး၏ ခင်ပွန်းသည်မှာ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာဦးစံဘော်ဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၉၈၅ ခုနှစ်၌ ဆရာမကြီးသည် ပါမောက္ခအဖြစ်မှ အငြိမ်းစားယူခဲ့ပြီး မလေးရှားနိုင်ငံ UKM ဆေးတက္ကသိုလ်တွင် အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်မှာ ၁၉၉၁ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှတိုက်ဒေသ (နယူးဒေလီ)တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် မလေးရှားနှင့် ဩစတြေးလျနိုင်ငံတို့တွင် နေထိုင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကာ ကွယ်လွန်ချိန်အထိ ရန်ကုန်မြို့၌ပင် နေထိုင်ခဲ့သည်။ ဆရာမကြီးသည် ကွယ်လွန်သည်အထိ ဆေးပညာ၊ ပညာရေး နှင့် ပြဿနာဖြစ်နေသော အကြောင်းများ၊ ဖြေရှင်းရန်လိုသော အကြောင်းခြင်းရာတို့ကို မီးမောင်းထိုးပြသည့် ဆောင်းပါးများနှင့် စာအုပ်များ ရေးသားခဲ့သည်။ 
 
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော “ကျွန်မအတွက်ကဗျာ” စာအုပ်မှာ ဒေါက်တာဒေါ်မြင့်မြင့်ခင်၏ နောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။ ဆေးသိပ္ပံပညာဦးစီးဌာနမှ ပြုလုပ်သည့် History of Medical Education in Myanmar စာအုပ်ကို အခြားဆရာဝန်များ နှင့်အတူ ကြီးကြပ်ဦးဆောင်ပြုလုပ်နေစဉ်ကာလအတွင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ဆရာမကြီးဒေါ်မြင့်မြင့်ခင်သည် သူမ၏ ကိုယ်ပိုင်ငွေကြေးဖြင့် ပညာရေး၊ ကျန်းမာရေး၊ သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်၍ မြင့်မြင့်ခင်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သည်။ 

Eleven Media Group 

ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်
ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်
မြန်မာနိုင်ငံ ဆေးပညာလောကတွင် ထင်ရှားပြီးလေးစားသမှုဖြင့် မာမီကြီးဟု ခေါ်ဆိုကြသည့် ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်သည် လူကြီးရောဂါဖြင့် ဇွန် ၁၉ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဆရာမကြီး ဒေါ်မြင့်မြင့်ခင်သည် ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီ ၂ဝ မိနစ် အချိန်တွင် ရန်ကုန်မြို့ရှိ ရွှေဂုံတိုင် အထူးကုဆေးခန်း အထူးကြပ်မတ်ကုသဆောင်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ် အရွယ်ရှိပြီဖြစ်သည်။

“ဆရာမကြီးက ဒီနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ မှာ ကွယ်လွန်သွားပါတယ်။ လူကြီးဆိုတော့ ဖြစ်တာတော့အစုံပါပဲ။ ဒီနေ့ နံနက်ပိုင်း ၁ဝ နာရီခွဲ ၁၁ နာရီလောက်မှာ ICU (အထူးကြပ်မတ်ကုသဆောင်)ထဲကို ရွှေ့ပြောင်းပြီး သိပ်မကြာဘူး မွန်းလွဲ ၂ နာရီကျော်မှာ ဆုံးသွားတာပါ။ စိတ်လျှော့လိုက်ပုံရပါတယ်” ဟု ဆရာမကြီးဒေါ်မြင့်မြင့်ခင်၏တစ်ဦးတည်းသော သားဖြစ်သူ မလေးရှားနိုင်ငံ Multimedia တက္ကသိုလ် ဥပဒေပညာမဟာဌာနမှ ပါမောက္ခ ဒေါက်တာမြင့်ဇံက ပြောကြားသည်။

ဆရာမကြီး၏ ရုပ်ကလာပ်အား ကွယ်လွန်သည့် ဇွန် ၁၉ ရက်၌ပင် ရေဝေးသုသာန်သို့ ပို့ဆောင်ခဲ့ပြီး ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီ ခန့်တွင် ရေဝေးသုသာန်၌ သဂြိုဟ်မည်ဖြစ်ကြောင်းကိုလည်း ဆရာမကြီး၏ သားဖြစ်သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဆရာမကြီး ဒေါ်မြင့်မြင့်ခင်သည် ၁၉၂၄ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ ကြီးပြင်းခဲ့ သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိပြီး စစ်တွင်းကာလ ဂျပန်ခေတ်တွင် ဆေးကျောင်း တက် ရောက်ခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် BA ဘွဲ့၊ ၁၉၅ဝ ပြည့်နှစ်တွင် M.B.,B.S ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု နှင့် ဗြိတိန်နိုင်ငံတို့တွင် ဘွဲ့လွန်ပညာ ဆည်းပူးခဲ့ပြီး ကျန်းမာရေးဌာနတွင် ဝင်ရောက်အမှုထမ်းရာ ဆေးတက္ကသိုလ်မန္တလေးတွင် ဆေးပညာပါမောက္ခ(ဌာနမှူး)အဖြစ် အနှစ် ၂ဝ ဆောင်ရွက်ခဲ့ပြီး ဆေးပညာလောကတွင် ထင်ရှားသည့် ပညာရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။ ဆရာမကြီး၏ ခင်ပွန်းသည်မှာ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာဦးစံဘော်ဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၉၈၅ ခုနှစ်၌ ဆရာမကြီးသည် ပါမောက္ခအဖြစ်မှ အငြိမ်းစားယူခဲ့ပြီး မလေးရှားနိုင်ငံ UKM ဆေးတက္ကသိုလ်တွင် အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်မှာ ၁၉၉၁ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှတိုက်ဒေသ (နယူးဒေလီ)တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် မလေးရှားနှင့် ဩစတြေးလျနိုင်ငံတို့တွင် နေထိုင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကာ ကွယ်လွန်ချိန်အထိ ရန်ကုန်မြို့၌ပင် နေထိုင်ခဲ့သည်။ ဆရာမကြီးသည် ကွယ်လွန်သည်အထိ ဆေးပညာ၊ ပညာရေး နှင့် ပြဿနာဖြစ်နေသော အကြောင်းများ၊ ဖြေရှင်းရန်လိုသော အကြောင်းခြင်းရာတို့ကို မီးမောင်းထိုးပြသည့် ဆောင်းပါးများနှင့် စာအုပ်များ ရေးသားခဲ့သည်။ 

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော “ကျွန်မအတွက်ကဗျာ” စာအုပ်မှာ ဒေါက်တာဒေါ်မြင့်မြင့်ခင်၏ နောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။ ဆေးသိပ္ပံပညာဦးစီးဌာနမှ ပြုလုပ်သည့် History of Medical Education in Myanmar စာအုပ်ကို အခြားဆရာဝန်များ နှင့်အတူ ကြီးကြပ်ဦးဆောင်ပြုလုပ် နေစဉ်ကာလအတွင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ဆရာမကြီးဒေါ်မြင့်မြင့်ခင်သည် သူမ၏ ကိုယ်ပိုင်ငွေကြေး ဖြင့် ပညာရေး၊ ကျန်းမာရေး၊ သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်၍ မြင့်မြင့်ခင်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သည်။ 

Eleven Media Group

No comments:

Post a Comment