Friday 20 June 2014

မျိုးစောင့်ဥပဒေကန့်ကွက်သူများကို အကြမ်းဖက်စကားများဖြင့် ခြိမ်းခြောက် နေခြင်းအား ဥပဒေအရအရေးယူရန် ပြင်ဆင်

မျိုးစောင့်ဥပဒေများကို ကန့် ကွက်လှုပ်ရှားခဲ့သော ပြည်တွင်းလူ့ အခွင့်အရေးလှုပ်ရှားသူများနှင့် အမျိုး သမီး အဖွဲ့များတွင် ပါဝင်သူများကို အကြမ်းဖက်စကားများဖြင့်ခြိမ်းခြောက် နေခြင်းအား ဥပဒေနှင့်အညီ အရေး ယူသွားရန်ပြင်ဆင်နေပြီး ခြိမ်းခြောက် ခံရသူများထဲတွင် ပါဝင်သော မြန်မာ နိုင်ငံ လူ့အခွင့်အရေး ပညာပေး ရေး ဌာနမှ ညွှန်ကြားရေးမှူးဦးအောင်မျိုး မင်းက ရန်ကုန်တိုင်းမ်သို့ပြောသည်။ 

ခြိမ်းခြောက်ခံရသူပေါင်း ခြောက် ဦးအထိရှိကာ ပြီးခဲ့သည့် လလယ် လောက်က စတင်ခံခဲ့ရပြီး အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ အရပ်ဘက် အဖွဲ့အစည်းများထဲမှ အမျိုးသမီးများ ကိုလည်း လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်စာသား၊ စကားများဖြင့် ခြိမ်း ခြောက်မှုများရှိခဲ့သည်ဟုဆိုသည်။

''ခြိမ်းခြောက်တာက ဘယ်အဖွဲ့ ကလဲတော့ မသိဘူး။ မျိုးစောင့်ဥပဒေ နဲ့ပတ်သက်လို့ ကျွန်တော်တို့ဌာနက လှုပ်ရှားမှုတစ်ခုလုပ်ရင် ခြိမ်းခြောက် တော့တာပဲ။ မျိုးစောင့်ဥပဒေကို ဘာ ကြောင့် ကန့်ကွက်တာလဲ။ မိုဟာမက် ရဲ့သားလားဆိုပြီး ပြောတယ်။ အသက် ကို ဖက်နဲ့ထုပ်ထားဆိုတာမျိုးတွေပြော ပါတယ်။ ကျွန်တော်တို့ အဖွဲ့က မိန်း ကလေးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စကားတွေ ပြောခံရပါ တယ်။ အခုလိုဖြစ်တာက တရားဥပဒေ စိုးမိုးရေးကိုထိခိုက်လို့ ရဲစခန်းမှာတိုင် ကြားပြီး ဥပဒေအတိုင်း ဆောင်ရွက်သွား ဖို့ရှိပါတယ်''ဟု ဦးအောင်မျိုးမင်းက ပြောသည်။ 

အဆိုပါမျိုးစောင့်ဥပဒေပါအချက်အလက်များအနက် လူ့အခွင့်အရေး နှင့်ငြိစွန်းနေသောအချက်များကို မြန်မာ နိုင်ငံ လူ့အခွင့်အရေး ပညာပေး ရေးဌာနမှထောက်ပြခဲ့ပြီးနောက် ယင်းဥပဒေကိုထောက်ခံသူများမှ ခြိမ်းခြောက် ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

''အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အ ခြားဘာသာတွေနဲ့ အမုန်းတရား ဖက်အောင် မလုပ်သင့်ပါဘူး။ အမျိုးသမီး တွေအတွက် အဓိကလုပ်ဆောင်တာဆိုတော့ အမျိုးသမီးအခွင့် အရေးထိခိုက်ပါတယ်။ ဘယ်အချက်တွေက လူ့အခွင့်အရေးနဲ့ငြိစွန်းသလဲဆိုရင် လက်ထပ် ဖို့ ဘာသာ အယူပြောင်းပြီးမှလက်ထပ်ရမယ်။ မပြောင်းချင်ဘဲအတင်းအ ကျပ်ပြောင်းပြီးမှလက်ထပ်ရမယ်ဆိုရင်တော့ လူ့အခွင့်အရေးကိုထိခိုက်တယ်။ သူယုံကြည်လို့ကူးပြောင်းရင်တော့ ပြဿနာမရှိပါဘူး''ဟု ယင်းမှဆက်လက် ပြောသည်။ 

အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးဥပဒေသည် မြန်မာအမျိုး သမီးများ၏ဘဝလုံခြုံရေးအတွက် ရေးဆွဲ နေခြင်းဖြစ်ပြီး ဥပဒေပါအချက်အ ချို့သည် လူ့အခွင့်အရေးနှင့်ငြိစွန်းနေသည်ဟုဆိုကာ လူ့အခွင့်အရေးလှုပ်ရှား သူများ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများအပါအဝင် အရပ်ဘက်အဖွဲ့ အစည်းပေါင်း ၁၅ဝ ကျော်က ကန့်ကွက်ခဲ့သည်။

Yangon Media Group 

No comments:

Post a Comment