Friday 20 June 2014

ဖမ်းဆီးခံ သံဃာငါးပါးကို သင်္ကန်းပြန်ဆီးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူ

Photo: ဖမ်းဆီးခံ သံဃာငါးပါးကို သင်္ကန်းပြန်ဆီးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူ
Friday, June 20, 2014 

တာမွေတရားရုံးရှေ့တွင် ဖမ်းဆီးခံ သံဃာငါးပါးကို စောင့်ဆိုင်းနေသူများ
ဖမ်းဆီးသံဃာတော်ငါးပါးကို သင်္ကန်းပြန်ဆီးပေးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း ညှိနှိုင်းဆောင်ရွက်ရာတွင်ပါဝင်သည့် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက 7Day Daily  ကို နေ့လယ် ၁၂ နာရီအချိန်တွင် မိန့်ကြားသည်။

လူဝတ်လဲခံထားရသော သံဃာငါးပါးကို တာမွေတရားရုံးမှာပင် သင်္ကန်းပြန်ဆီးပေးသွားဖွယ်ရှိကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

တာမွေမြို့နယ် တရားရုံးသို့ ဖမ်းဆီးခံသံဃာငါးပါးသည် နံနက် ၁၀ နာရီတွင် ရောက်ရှိလာပြီး ယခုအချိန်အထိ သာသနာရေးဌာနမှ တာဝန်ရှိသူများနှင့် တာမွေတရားရုံးတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။

ရွှေည၀ါဆရာတော်၊ ဦးဝီရသူနှင့် ဦးပါမောက္ခတို့သည် ဖမ်းဆီးခံသံဃာတော်များ ပြန်လွတ်မြောက်ရေးအတွက် နံနက် ၉ နာရီခွဲအချိန်တွင် တာမွေတရားရုံးသို့ ရောက်ရှိနေကြသည်။

လက်ရှိတွင် တာမွေတရားရုံးရှေ့၌ ၈၈ မျိုးဆက်ကျောင်းသားများ၊ သံဃာတော်များနှင့် ပြည်သူများ ရောက်ရှိနေသည်။

7Day DAILY
တာမွေတရားရုံးရှေ့တွင် ဖမ်းဆီးခံ သံဃာငါးပါးကို စောင့်ဆိုင်းနေသူများ
ဖမ်းဆီးသံဃာတော်ငါးပါးကို သင်္ကန်းပြန်ဆီးပေးပြီး အာမခံဖြင့် လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း ညှိနှိုင်းဆောင်ရွက်ရာတွင်ပါဝင်သည့် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက 7Day Daily  ကို နေ့လယ် ၁၂ နာရီအချိန်တွင် မိန့်ကြားသည်။

လူဝတ်လဲခံထားရသော သံဃာငါးပါးကို တာမွေတရားရုံးမှာပင် သင်္ကန်းပြန်ဆီးပေးသွားဖွယ်ရှိကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

တာမွေမြို့နယ် တရားရုံးသို့ ဖမ်းဆီးခံသံဃာငါးပါးသည် နံနက် ၁၀ နာရီတွင် ရောက်ရှိလာပြီး ယခုအချိန်အထိ သာသနာရေးဌာနမှ တာဝန်ရှိသူများနှင့် တာမွေတရားရုံးတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။

ရွှေည၀ါဆရာတော်၊ ဦးဝီရသူနှင့် ဦးပါမောက္ခတို့သည် ဖမ်းဆီးခံသံဃာတော်များ ပြန်လွတ်မြောက်ရေး အတွက် နံနက် ၉ နာရီခွဲအချိန်တွင် တာမွေတရားရုံးသို့ ရောက်ရှိနေကြသည်။

လက်ရှိတွင် တာမွေတရားရုံးရှေ့၌ ၈၈ မျိုးဆက်ကျောင်းသားများ၊ သံဃာတော်များနှင့် ပြည်သူများ ရောက်ရှိ နေသည်။

7Day DAILY 

No comments:

Post a Comment