Friday 20 June 2014

ဟော်လန်၊ ချီလီတို့နှင့်အတူ ကိုလံဘီယာလည်း နောက်တစ်ဆင့်တက်

Photo: ဟော်လန်၊ ချီလီတို့နှင့်အတူ ကိုလံဘီယာလည်း နောက်တစ်ဆင့်တက်
Friday, June 20, 2014

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုဒုတိယပွဲစဉ်များသာ ရောက်ရှိနေသေးသော်လည်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည့် အသင်း(၃)သင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အသင်းများမှာ အုပ်စု(ခ)မှ ဟော်လန်နှင့် ချီလီ၊ အုပ်စု(ဂ)မှ ကိုလံဘီယာတို့ဖြစ်သည်။ ဟော်လန်နှင့် ချီလီအသင်းများမှာ နှစ်ပွဲဆက်နိုင်ပွဲ ရရှိခဲ့သည့်အတွက် နောက်တစ်ဆင့် တက်နိုင်ခဲ့ခြင်းဖြစ်ပြီး အုပ်စုတွင်း ပြိုင်ဘက်များဖြစ်သည့် လက်ရှိချန်ပီယံစပိန်နှင့် သြစတြေးလျတို့မှာ အုပ်စုမှလှည့်ပြန် ခဲ့ရပြီဖြစ်သည်။ ကိုလံဘီယာအသင်းမှာမူ ဂျပန်နှင့် ဂရိတို့ သရေကျသွားသည့်အတွက် နောက်တစ်ဆင့်တက်ရန် သေချာခဲ့ခြင်းဖြစ်သည်။ နောက်ထပ် အဖြေပေါ်ခဲ့သည်မှာ အုပ်စု(က)မှ ကင်မရွန်းအသင်း ပွဲမကုန်မီ အုပ်စုမှ လှည့်ပြန်ခဲ့ရခြင်း ပင်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment