Friday 20 June 2014

စပိန် ဘုရင်သစ် အဖြစ် မင်းသားကြီး ဖိလစ်ပီ ထီးနန်းတက်

Photo: စပိန် ဘုရင်သစ် အဖြစ် မင်းသားကြီး ဖိလစ်ပီ ထီးနန်းတက်
Friday, June 20, 2014 

စပိန်နိုင်ငံ၏ ဘုရင်သစ် အဖြစ် မင်းသားကြီး ဖိလစ်ပီသည် ဇွန် ၁၉ ရက်က ကျင်းပခဲ့သော ထီးနန်းတက်ပွဲ အခမ်းအနားတွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

ဖိလစ်ပီသည် ၎င်း၏ ခမည်းတော် ဟွမ်ကာလို့စ်က ယခုလ အစောပိုင်းတွင် ထီးနန်း အား စွန့်ခဲ့ပြီးနောက် စပိန်နိုင်ငံ၏ ဘုရင်သစ် အဖြစ် အရိုက်အရာကို ဆက်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ထီးနန်းတက်ပွဲကို စပိန်နိုင်ငံ၏ အောက်လွှတ်တော်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်းအခမ်းအနားသို့ နိုင်ငံအတွင်းမှ ဥပဒေပြု လွှတ်တော် အမတ်များ၊ အဆင့်မြင့်နိုင်ငံ ရေးသမားများနှင့် အချို့တော်ဝင် မိသားစုများ တက်ရောက်သည်။

သို့ရာတွင် ယင်းနန်းတက်ပွဲ အခမ်းအနားသို့ ပြည်ပမှ ခေါင်းဆောင်များကို ဖိတ်ခေါ်ထားခြင်း မရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment