Friday 2 May 2014

NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်မည်

Photo: NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်မည် 
Friday, May 2, 2014

ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်သွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်များ အားလုံးသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ကိုယ်စားလှယ်များကို ယာယီ ရွေးချယ်ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရွေးကောက်ပွဲ ကျင်းပချိန်နဲ့ အချိန်သိပ်မကွာပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် စာရင်းကို ထုတ်ပြန်သွားမှာပါ” ဟု ၎င်းကဆိုသည်။

အလားတူ လွှတ်တော်အတွင်း အင်အားအကြီးဆုံး ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ပြီး ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။
“ကျွန်တော်တို့ ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတင် မကပါဘူ။ ၂၀၁၅ ရွေးကောက်ပွဲ အတွက်ပါ ကိုယ်စားလှယ်တွေ လျာထားပြီးပါပြီ” ဟု ဆိုသည်။

ထို့အပြင် တိုင်းရင်းသား ၁၅ ပါတီ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်မဟာမိတ်ပါတီ FUP ကလည်း ပြည်မ လစ်လပ်မဲဆန္ဒနယ်များတွင် အင်အားကြီး ပါတီများနှင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပထမဆုံအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲဆန္ဒနယ် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးမည် ဖြစ်ပြီး ကျင်းပမည့်အချိန်ကို သုံးလကြိုတင် ကြေညာပေးသွားမည် ဖြစ်ကြောင်း မတ်၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

The Voice Weekly
ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်သွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်များ အားလုံးသို့ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သောကြောင့် ကိုယ်စားလှယ်များကို ယာယီ ရွေးချယ်ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရွေးကောက် ပွဲ ကျင်းပချိန်နဲ့ အချိန်သိပ်မကွာပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် စာရင်းကို ထုတ်ပြန်သွားမှာပါ” ဟု ၎င်းကဆိုသည်။

အလားတူ လွှတ်တော်အတွင်း အင်အားအကြီးဆုံး ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကမူ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ပြီး ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီ ဝင် ဦးလှဆွေက ပြောကြားသည်။

“ကျွန်တော်တို့ ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတင် မကပါဘူ။ ၂၀၁၅ ရွေးကောက်ပွဲ အတွက်ပါ ကိုယ်စားလှယ်တွေ လျာထားပြီးပါပြီ” ဟု ဆိုသည်။

ထို့အပြင် တိုင်းရင်းသား ၁၅ ပါတီ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်မဟာမိတ်ပါတီ FUP ကလည်း ပြည်မ လစ်လပ်မဲဆန္ဒနယ်များတွင် အင်အားကြီး ပါတီများနှင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပထမဆုံအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့ပြီး လစ်လပ်မဲ ဆန္ဒနယ် ၄၄ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲဆန္ဒနယ် ၄၃ နေရာ အနိုင်ရရှိခဲ့ သည်။

နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ် များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေး မည် ဖြစ်ပြီး ကျင်းပမည့်အချိန်ကို သုံးလကြိုတင် ကြေညာပေးသွားမည် ဖြစ်ကြောင်း မတ်၂၀ ရက်နေ့ တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment