Friday 2 May 2014

မြန်မာအများအပြား အလုပ် လုပ်ကိုင်နေသည့် စင်ကာပူတွင် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒအား နိုင်ငံသားများ ဆန္ဒပြ

Photo: မြန်မာအများအပြား အလုပ် လုပ်ကိုင်နေသည့် စင်ကာပူတွင် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒအား နိုင်ငံသားများ ဆန္ဒပြ
Friday, May 2, 2014

မေ ၁ ရက်က စင်ကာပူ၌ နိုင်ငံသား ၄၀၀ ခန့်သည် အစိုးရ၏လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် အနီရောင်ဖြင့် “စင်ကာပူ၏ အခွင့်အရေးကို ကာကွယ်ပါ” ဟု ရေးသားထားသော အနက်ရောင်ခေါင်းစည်းများကို ၀တ်ဆင်လျက် ကာလကြာရှည်စွာ အုပ်စိုးလာသည့် People's Action ပါတီကို ဆန့်ကျင်သည့် ကြွေးကြာ်သံများကို ဟစ်ကြွေးခဲ့ကြသည်။

အလုပ်အကိုင် အတိုင်ပင်ခံတစ်ဦးဖြစ်သည့် ဆန္ဒပြခေါင်းဆောင် ဂေးဘတ်ဂိုးက ဆန္ဒပြပွဲသည် စင်ကာပူနိုင်ငံ၌ နိုင်ငံခြားသားအရေအတွက် အလွန်များပြားနေခြင်းကို မကျေနပ်ကြောင်း ဆက်လက်ပြသရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။
သူက “ကျွန်တော်တို့ တိုင်းပြည်အတွက်ပြောတဲ့အခါ ကျွန်တော်တို့ကို နိုင်ငံခြားသားကြောက်သူတွေလို့ တံဆိပ်ကပ်ကြတယ်။ ကျွန်တော် ဒါတွေအားလုံးကို ကျွန်တော့်တိုင်းပြည်အတွက် လုပ်တာပါ။ ကျွန်တော်တိုင်းပြည်အတွက် အသက်စွန့်ဖို့ ဆန္ဒရှိပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် ဂိုးသည် ရဲတပ်ဖွဲ့ထံမှ ပြင်းထန်သော သတိပေးမှုကို လက်ခံရရှိပြီးနောက် ဆန္ဒပြသူများအား ၀န်ကြီးချုပ်လီရှန်လွန်း၏ ပိုစတာပုံကို ဖျက်ဆီးခိုင်းမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့သည်။ စင်ကာပူတွင် လူဦးရေ ၅ ဒသမ ၄ သန်း ရှိသည့်အနက် ၆၀ ရာခိုင်နှုန်းသာ စင်ကာပူနိုင်ငံသားများ ဖြစ်ကြသည်။ ယခု ဆန္ဒပြပွဲကို လွတ်လပ်စွာပြောဆိုနိုင်ရန် ပြုလုပ်ပေးထားသည့် ပန်းခြံတစ်ခု၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဝေဖန်သူများက နိုင်ငံသားများသည် နိုင်ငံခြားသားများနှင့် အလုပ်အကိုင်အတွက် ယှဉ်ပြိုင်နေရသည်ဟု ဆိုသည်။

Eleven Media Group

မေ ၁ ရက်က စင်ကာပူတွင် ဆန္ဒပြခေါင်းဆောင် ဂေးဘတ်ဂိုး လူအုပ်ကြီးကို မိန့်ခွန်းပြောနေစဉ်
မေ ၁ ရက်က စင်ကာပူတွင် ဆန္ဒပြခေါင်းဆောင် ဂေးဘတ်ဂိုး လူအုပ်ကြီးကို မိန့်ခွန်းပြောနေစဉ်

မေ ၁ ရက်က စင်ကာပူ၌ နိုင်ငံသား ၄၀၀ ခန့်သည် အစိုးရ၏လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် အနီရောင်ဖြင့် “စင်ကာပူ၏ အခွင့်အရေးကို ကာကွယ်ပါ” ဟု ရေးသားထားသော အနက်ရောင်ခေါင်းစည်းများကို ၀တ်ဆင်လျက် ကာလကြာရှည်စွာ အုပ်စိုးလာသည့် People's Action ပါတီကို ဆန့်ကျင်သည့် ကြွေးကြာ်သံများကို ဟစ်ကြွေးခဲ့ကြသည်။
အလုပ်အကိုင် အတိုင်ပင်ခံတစ်ဦးဖြစ်သည့် ဆန္ဒပြခေါင်းဆောင် ဂေးဘတ်ဂိုးက ဆန္ဒပြပွဲသည် စင်ကာ ပူနိုင်ငံ ၌ နိုင်ငံခြားသားအရေအတွက် အလွန်များပြားနေခြင်းကို မကျေနပ်ကြောင်း ဆက်လက်ပြသရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။

သူက “ကျွန်တော်တို့ တိုင်းပြည်အတွက်ပြောတဲ့အခါ ကျွန်တော်တို့ကို နိုင်ငံခြားသားကြောက်သူတွေလို့ တံဆိပ်ကပ်ကြတယ်။ ကျွန်တော် ဒါတွေအားလုံးကို ကျွန်တော့်တိုင်းပြည်အတွက် လုပ်တာပါ။ ကျွန်တော် တိုင်းပြည် အတွက် အသက်စွန့်ဖို့ ဆန္ဒရှိပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် ဂိုးသည် ရဲတပ်ဖွဲ့ထံမှ ပြင်းထန်သော သတိပေးမှုကို လက်ခံရရှိပြီးနောက် ဆန္ဒပြသူများအား ၀န်ကြီး ချုပ် လီရှန်လွန်း၏ ပိုစတာပုံကို ဖျက်ဆီးခိုင်းမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့သည်။ စင်ကာပူတွင် လူဦးရေ ၅ ဒသမ ၄ သန်း ရှိသည့်အနက် ၆၀ ရာခိုင်နှုန်းသာ စင်ကာပူနိုင်ငံသားများ ဖြစ်ကြသည်။ ယခု ဆန္ဒပြပွဲကို လွတ်လပ်စွာပြောဆိုနိုင်ရန် ပြုလုပ်ပေးထားသည့် ပန်းခြံတစ်ခု၌ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ဝေ ဖန်သူများက နိုင်ငံသားများသည် နိုင်ငံခြားသားများနှင့် အလုပ်အကိုင်အတွက် ယှဉ်ပြိုင်နေရသည်ဟု ဆိုသည်။

Eleven Media Group

No comments:

Post a Comment