Friday 2 May 2014

တောင်ကိုရီးယား နိုင်ငံတွင် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပ

Photo: တောင်ကိုရီးယား နိုင်ငံတွင် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပ
Friday, May 2, 2014

တောင်ကိုရီးယားနိုင်ငံသည် ၁ဝ နှစ်တာ ကာလအတွင်း အကြီးမားဆုံးသော (၆၅) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို အောက်တိုဘာ ၁ ရက်တွင်

ကျင်းပခဲ့ကြောင်းနှင့် အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် မြောက်ကိုရီးယားနိုင်ငံကို တိုက်ခိုက်နိုင်စွမ်းရှိသော ပြည်တွင်းဖြစ Hyunmu-2 နှင့် Hyunmu-3 ဒုံးကျည်များ အပါအဝင် နောက်ဆုံးပေါ်စစ် လက်နက် ပစ္စည်းများကို ထုတ်ဖော်ပြသခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် တပ်ဖွဲ့ဝင် ၁၁,ဝဝဝ ခန့် ပါဝင်ခဲ့ပြီး ကြည်းတပ်ဖွဲ့ဆိုင်ရာ စစ်လက်နက်ပစ္စည်း ၁၉ဝ ခုနှင့် စစ် ဘက်လေယာဉ် ၁၂ဝ စင်းတို့ အပြင် ပြည်တွင်းထုတ် တော်ပီဒို ဒုံးအမျိုးအစား အမျိုးမျိုးကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

စစ်ရေးပြ အခမ်းအနား၌ သမ္မတပတ် ဂွမ်ဟေးက မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယား အစိုးရ အနေဖြင့် ၎င်း၏ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ပြီး မြောက်ကိုရီး ယား ပြည်သူများနှင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးတို့ အတွက် မှန်ကန်သော ရွေးချယ်မှုများပြု လုပ်လာသည်အထိ တောင်ကိုရီးယား နိုင်ငံ က မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ကာကွယ်နိုင်သည့် စွမ်းရည် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ တောင်ကိုရီးယား အစိုးရ အနေဖြင့် Kill Chain စနစ်ကဲ့သို့သော ဒုံးခွင်းဒုံး စနစ်များနှင့် လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်များ အခိုင်အမာ တည်ဆောက်သွားမည် ဖြစ်ပြီး အမေရိကန်- တောင်ကိုရီးယားပူးတွဲ ကာကွယ်ရေး အစီအစဉ်ကို ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ
တောင်ကိုရီးယားနိုင်ငံသည် ၁ဝ နှစ်တာ ကာလအတွင်း အကြီးမားဆုံးသော (၆၅) နှစ်မြောက် တပ် မတော်နေ့ စစ်ရေးပြ အခမ်းအနားကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့ကြောင်းနှင့် အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် မြောက်ကိုရီးယားနိုင်ငံကို တိုက်ခိုက်နိုင်စွမ်းရှိသော ပြည်တွင်းဖြစ Hyunmu-2 နှင့် Hyunmu-3 ဒုံးကျည်များ အပါအဝင် နောက်ဆုံးပေါ်စစ် လက်နက် ပစ္စည်းများကို ထုတ်ဖော်ပြသခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် တပ်ဖွဲ့ဝင် ၁၁,ဝဝဝ ခန့် ပါဝင်ခဲ့ပြီး ကြည်းတပ်ဖွဲ့ဆိုင်ရာ စစ်လက်နက်ပစ္စည်း ၁၉ဝ ခုနှင့် စစ် ဘက်လေယာဉ် ၁၂ဝ စင်းတို့ အပြင် ပြည်တွင်းထုတ် တော်ပီဒို ဒုံးအမျိုးအစား အမျိုးမျိုးကိုလည်း ထုတ်ဖော်ပြသ ခဲ့သည်။
စစ်ရေးပြ အခမ်းအနား၌ သမ္မတပတ် ဂွမ်ဟေးက မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယား အစိုးရ အနေဖြင့် ၎င်း၏ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ပြီး မြောက်ကိုရီး ယား ပြည်သူများနှင့် ကိုရီးယား ကျွန်း ဆွယ် ငြိမ်းချမ်းရေးတို့ အတွက် မှန်ကန်သော ရွေးချယ်မှုများပြု လုပ်လာသည်အထိ တောင် ကိုရီး ယား နိုင်ငံ က မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ကာကွယ်နိုင်သည့် စွမ်းရည် တည်ဆောက် သွား မည် ဖြစ်ကြောင်း၊ တောင်ကိုရီးယား အစိုးရ အနေဖြင့် Kill Chain စနစ်ကဲ့သို့သော ဒုံးခွင်းဒုံး စနစ် များနှင့် လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်များ အခိုင်အမာ တည်ဆောက်သွားမည် ဖြစ်ပြီး အမေရိ ကန်- တောင်ကိုရီးယားပူးတွဲ ကာကွယ်ရေး အစီအစဉ်ကို ထိန်းသိမ်း ဆောင်ရွက်သွား မည် ဖြစ်ကြော င်း ပြော ကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment