Friday 2 May 2014

ကလေးမြို့ စက်မှုဇုန်ထုတ် ဂျစ်ကားများကို တရားဝင်လိုင်စင် ထုတ်ပေးပြီ

Photo: ကလေးမြို့ စက်မှုဇုန်ထုတ် ဂျစ်ကားများကို တရားဝင်လိုင်စင် ထုတ်ပေးပြီ
Friday, May 2, 2014

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ စက်မှုဇုန်တွင် ချင်းပြည်နယ်တောင် တန်းဒေသအတွက် သီးသန့်ရည်ရွယ် ထုတ်လုပ်ထားသော KL SUPER 4 DOORS ဂျစ်ကားများကို တရားဝင်လိုင်စင်ဖြစ်ရေးအတွက် ဧပြီ ၂၈ ရက်မှ စတင်စစ်ဆေးနေပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး သည် မော်တော် ယာဉ်များ လိုင်စင်ပြုလုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကလေးမြို့ စက်မှုဇုန်မှ ဒေသ အတွင်း အသုံးဝင်သော မော်တော်ယာဉ်များကို ဈေးကွက်အတွင်း အလွယ်တကူ ရရှိသည့် အင်ဂျင်များ ဖြင့်ထုတ်လုပ်ထားသည့် လိုင်စင်မဲ့ ယာဉ်စုစုပေါင်း ၄၃၈ စီးကို သတ်မှတ် ထားသော အတည်ပြု Drawing ပုံစံနှင့်ကိုက်ညီသည့် မော်တော်ယာဉ် များကို လိုင်စင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃ဝ ရက်အထိ ယာဉ်စစ်ဆေးခံပြီး ယာဉ် ပေါင်း ၁၅၉ စီးကို ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့ယာဉ်များ စစ်ဆေးပေးရာတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၊ မော်တော်ယာဉ်၊ မော် တော်ဆိုင်ကယ်ထုတ်လုပ်မှုဖွံ့ဖြိုးရေး ဆပ်ကော်မတီ(ဗဟို)မှ လာရောက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လိုင်စင်မဲ့ ယာဉ်များကို နောက်ဆုံးပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ နောင်တွင် ကလေး စက်မှုဇုန်မှ မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ ထောက်ခံ ချက်အရ သွင်းကုန်လိုင်စင်ဖြင့် တရား ဝင်တင်သွင်းသော Compment Parts ကို အသုံးပြုထုတ်လုပ်ရန်နှင့် ယာဉ်စစ်ဆေးခွင့်လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ စက်မှုဇုန်တွင် ချင်းပြည်နယ်တောင် တန်းဒေသအတွက် သီးသန့် ရည်ရွယ် ထုတ်လုပ်ထားသော KL SUPER 4 DOORS ဂျစ်ကားများကို တရားဝင်လိုင်စင်ဖြစ်ရေးအတွက် ဧပြီ ၂၈ ရက်မှ စတင်စစ်ဆေးနေပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံခန့်ခွဲ မှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး သည် မော်တော် ယာဉ်များ လိုင်စင်ပြုလုပ်ပေးနေမှုကို သွားရောက်ကြည့် ရှုစစ်ဆေးခဲ့သည်။
ကလေးမြို့ စက်မှုဇုန်မှ ဒေသ အတွင်း အသုံးဝင်သော မော်တော်ယာဉ်များကို ဈေးကွက်အတွင်း အလွယ် တကူ ရရှိသည့် အင်ဂျင်များ ဖြင့်ထုတ်လုပ်ထားသည့် လိုင်စင်မဲ့ ယာဉ်စုစုပေါင်း ၄၃၈ စီးကို သတ် မှတ် ထားသော အတည်ပြု Drawing ပုံစံနှင့်ကိုက်ညီသည့် မော်တော်ယာဉ်များကို လိုင်စင် ထုတ်ပေးနို င်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃ဝ ရက်အထိ ယာဉ်စစ်ဆေးခံပြီး ယာဉ် ပေါင်း ၁၅၉ စီးကို ဆောင် ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့ယာဉ်များ စစ်ဆေးပေးရာတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၊ မော်တော် ယာဉ်၊ မော် တော်ဆိုင်ကယ်ထုတ်လုပ်မှုဖွံ့ဖြိုးရေး ဆပ်ကော်မတီ(ဗဟို)မှ လာရောက် ဆောင် ရွက်ပေးခြင်းဖြစ်ပြီး လိုင်စင်မဲ့ ယာဉ်များကို နောက်ဆုံးပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ နောင်တွင် ကလေး စက်မှုဇုန်မှ မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ ထောက်ခံ ချက်အရ သွင်းကုန်လိုင်စင်ဖြင့် တရား ဝင်တင်သွင်းသော Compment Parts ကို အသုံးပြုထုတ်လုပ်ရန်နှင့် ယာဉ်စစ်ဆေးခွင့်လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment