Friday 2 May 2014

လယ်ယာမြေကို အခြားနည်း အသုံးမပြုရေး လွှတ်တော်တွင် အတည်ပြုရန် ဖိအားပေးမည်ဟု သမဂ္ဂဆို

Photo: လယ်ယာမြေကို အခြားနည်း အသုံးမပြုရေး လွှတ်တော်တွင် အတည်ပြုရန် ဖိအားပေးမည်ဟု သမဂ္ဂဆို
Friday, May 2, 2014

လယ်ယာမြေကို အခြားနည်းဖြင့် အသုံးမပြုရေး မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (Agriculture and Farmer Federation of Myanmar-AFFM) ၏ နှစ်ပတ်လည် ညီလာခံ နောက်ဆုံးနေ့တွင် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို လွှတ်တော်မှတင်ပြကာ အစိုးရကို ဖိအားပေးမည် ဖြစ်ကြောင်း အဆိုပါသမဂ္ဂ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးကြည်ဦးက The Voice သို့ ပြောကြားသည်။

ညီလာခံကို ဧပြီ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ညီလာခံ နောက်ဆုံးနေ့တွင် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးမပြုရေး အပါအဝင် စားသောက်ကုန် လုပ်ငန်းများတွင် ဘေးကင်းသော ဓာတုဆေးများ သုံးစွဲရေး၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် အညွှန်းပါသည့် ဓာတ်မြေသြဇာများ စနစ်တကျ သုံးစွဲရေး စသည့်အချက်များ ကိုလည်း သဘောတူခဲ့ကြောင်း ဦးကြည်ဦးက ဆိုသည်။ 

“သဘောတူညီချက်တွေကို လွှတ်တော်ကနေတစ်ဆင့် တင်ပြပြီး အစိုးရကို ဖိအားပေး လုပ်ဆောင် သွားမှာပါ။ လယ်ယာမြေကို စိုက်ပျိုးရေးအတွက် အသုံးမပြုရင် ကျွန်တော်တို့ကတော့ လူထု Campaign လုပ်ပြီး ကန့်ကွက်မှာပါ” ဟု ၎င်းက ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ပြောကြားသည်။ 

မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (Agriculture and Farmer Federation of Myanmar-AFFM) သည် အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်ထုတ် အလုပ်သမားသမဂ္ဂ (Inter-national Union of Food-IUF) ၏ အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါ ပြည်လုံးကျွတ် ညီလာခံသို့ IUF ၏ အာရှပစိဖိတ် ဒေသတွင်း အထွေထွေ အတွင်းရေးမှူးချုပ်နှင့် IUF အဖွဲ့ဝင် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်သည့် အလုပ်သမားများထံမှ သိရသည်။ 

AFFM ညီလာခံသို့ အနယ်နယ် အရပ်ရပ်မှ လယ်သမား၊ အလုပ်သမား အပါအဝင် လူ ၉၀၀ နီးပါး တက်ရောက် ခဲ့ကြောင်း အဆိုပါ ညီလာခံ စီစဉ်သူများထံမှ သိရသည်။

The Voice Weekly
လယ်ယာမြေကို အခြားနည်းဖြင့် အသုံးမပြုရေး မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (Agriculture and Farmer Federation of Myanmar-AFFM) ၏ နှစ်ပတ်လည် ညီလာခံ နောက်ဆုံးနေ့တွင် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို လွှတ်တော်မှတင်ပြကာ အစိုးရကို ဖိအားပေးမည် ဖြစ်ကြောင်း အဆိုပါသမဂ္ဂ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးကြည်ဦးက The Voice သို့ ပြော ကြားသည်။
ညီလာခံကို ဧပြီ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် နှစ်ရက်ကြာ ကျင်းပ ခဲ့ပြီး ညီလာခံ နောက်ဆုံးနေ့တွင် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးမပြုရေး အပါအဝင် စားသောက် ကုန် လုပ်ငန်းများတွင် ဘေးကင်းသော ဓာတုဆေးများ သုံးစွဲရေး၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် အညွှန်းပါ သည့် ဓာတ်မြေသြဇာများ စနစ်တကျ သုံးစွဲရေး စသည့်အချက်များ ကိုလည်း သဘောတူခဲ့ကြောင်း ဦးကြည်ဦး က ဆိုသည်။

“သဘောတူညီချက်တွေကို လွှတ်တော်ကနေတစ်ဆင့် တင်ပြပြီး အစိုးရကို ဖိအားပေး လုပ်ဆောင် သွား မှာပါ။ လယ်ယာမြေကို စိုက်ပျိုးရေးအတွက် အသုံးမပြုရင် ကျွန်တော်တို့ကတော့ လူထု Campaign လုပ်ပြီး ကန့်ကွက်မှာပါ” ဟု ၎င်းက ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ပြောကြားသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (Agriculture and Farmer Federation of Myanmar-AFFM) သည် အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်ထုတ် အလုပ် သမားသမဂ္ဂ (Inter-national Union of Food-IUF) ၏ အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါ ပြည်လုံးကျွတ် ညီလာခံသို့ IUF ၏ အာရှပစိဖိတ် ဒေသတွင်း အထွေထွေ အတွင်းရေးမှူးချုပ်နှင့် IUF အဖွဲ့ဝင် ဂျပန်နိုင်ငံမှ ကိုယ်စား လှယ်များလည်း တက်ရောက် ခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်သည့် အလုပ်သမားများထံမှ သိရသည်။

AFFM ညီလာခံသို့ အနယ်နယ် အရပ်ရပ်မှ လယ်သမား၊ အလုပ်သမား အပါအဝင် လူ ၉၀၀ နီးပါး တက်ရောက် ခဲ့ကြောင်း အဆိုပါ ညီလာခံ စီစဉ်သူများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment