Friday 2 May 2014

အခွင့်ထူးခံ လူတန်းစား NGO နဲ့ INGO အဖွဲ့အစည်းများ

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသော NGO အဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ များ အတွက်ဟု လုပ်ကိုင်နေသည်များ ရှိပါသည်။ သို့သော်လည်း “တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်း အောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၇၀ ထည့်တယ်။ အများဆုံး ၃၀ လောက်ပဲ သုံးတယ်။ ပြည်သူလူထု လက်ထဲကို လုံးဝ မရောက်ဘူး” ဒါတွေ အားလုံးဟာ NGO နဲ့ INGO အဖွဲ့တွေအတွက် အခွင့်ထူးခံ လူတန်းစား တစ်ရပ် လို ဖြစ်နေလေတော့သည်။
“မြန်မာနိုင်ငံက အဖွဲ့အစည်း တော်တော်များများမှာ လုပ်နေတဲ့ မြန်မာနိုင်ငံက ပညာတတ်တွေ ကိုယ် တိုင် ပြော သင့်ပြောထိုက်တာကို မပြောဘဲ နေသာသလို နေနေကြတဲ့သူတွေ အများကြီးရှိ တယ်။ ငွေကြေးလှူဒါန်း ကြတဲ့ အဖွဲ့တွေက အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင် ပိုက်ဆံရတယ်ဆိုပြီး လုပ်ချင် သလို လုပ်နေကြ တယ်။ တချို့ INGO တွေက နာမည်ကောင်းလေးရချင်လို့ နိုင်ငံတကာ ပညာ ရှင်တွေကိုခေါ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက် ခိုင်းတယ်။ နိုင်ငံတကာပညာရှင်တွေက လာကူညီတယ် ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ပြတယ်။ အဲဒီလို လာရောက် ကူညီလုပ်ကိုင်တော့ သူတို့အတွက် အခွင့်ကောင်း တစ်ရပ် လို အစီရင်ခံစာရေးလို့ ကောင်းသွား တယ်။

NGO နှင့် INGO အချို့တွင် စီမံခန့်ခွဲမှုစရိတ်ကို အကြောင်းပြုပြီး ငွေကြေးအလွဲသုံးစားမှုများ ရှိနေပါ သည်။ ပြည်တွင်း NGO များအနေဖြင့် စာရင်းဇယားများကို တိကျစွာလုပ်ကိုင်နိုင်အောင် ဒီ NGO နှင့် INGO ပြည်တွင်း အဖွဲ့များ သော်လည်းကောင်း ပြည်ပ အဖွဲ့များသော်လည်းကောင်း သေချာစိစစ်ပြီးမှသာ လုပ် ကိုင်ကြဖို့ လိုအပ် ပါတယ်။ လုပ်ကိုင်ချင်တဲ့ NGO နှင့် INGO ဖွဲ့တွေကို ရှေ့ဆက်လုပ်မဲ့ လုပ်ငန်း အသေးစိတ်ကို တင်ပြဖို့ လိုအပ် ပါတယ်။ တင်ပြလာမှုအပေါ်တွင်လည်း အမှန်တကယ် လိုအပ်သည် များကိုသာ လုပ်ကိုင်ခွင့်ပြု ရန်လိုသလို တင်ပြလာတဲ့ လုပ်ငန်းစဉ်တွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်း များ ကလည်း သေချာစစ်ဆေး ကြပ်မတ်ဖို့ လိုအပ်ပါတယ်။

“သူတို့ကို စစ်ဆေးမှုတွေပြုလုပ်မယ်ဆိုပြန်တော့လည်း Check List အတိုင်း လုပ်တယ်လို့တာပြောမှာပါ။ လက်ရှိအချိန်တွင် NGO နှင့် INGO များအနေဖြင့် မိမိတို့လုပ်ဆောင်မည့်ဒေသ အခြေအနေကို မသိဘဲ ပရောဂျက်တွင် ပါရှိသော Check List အတိုင်းသာ လုပ်ဆောင်နေသဖြင့် ထိရောက်မှုမရှိပါဘူး။

Check List အတိုင်း လုပ်တာတော့မှန်ပေမဲ့ အဲဒီဒေသမှာ ဘာလိုနေလဲ။ ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိ တော့ သူတို့လုပ်တာတွေက သဲထဲရေသွန်သလို ဖြစ်နေတာထက် သူတို့အိတ်ထဲကို ရောက်တာက ပိုပြီးများ နေတယ်။

ထိုကဲ့သို့ Check List တစ်ခုတည်းအပေါ်ကို အားထားပြီး ဒေသအခြေအနေမှန်နှင့် ပတ်ဝန်းကျင်၏ အမှန် တကယ် လိုအပ်ခြင်းများကို ရှာဖွေနိုင်မှသာ ဒီ NGO နဲ့ INGO လူ့အခွင့်ထူးခံ လူတန်းစားတွေကို စစ်ဆေးမှုတွေ အရေးယူမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အဲဒီလိုလုပ်နေတဲ့ ပြည်တွင်းအဖွဲ့တွေရော၊ ပြည်ပအဖွဲ့တွေပါ ရှိနေတယ်။
ဒါတွေဟာ နိုင်ငံတော်အတွက် အကျိုးမဲ့ အရာမထင် မိမိတစ်ကိုယ်တည်း ကောင်းစားရေးကိုသာ ဦး စားပေးလုပ် ကိုင်နေ ကြ NGO နဲ့ INGO တွေဟာ ခွင့်ထူးခံလူတွေဖြစ်နေတယ်။ အခုဖြစ်နေတဲ့ အလွဲ သုံးစား မှုတွေ၊ စီမံခန့်ခွဲမှုစရိတ် အများဆုံး သုံးနေ တာတွေက INGOတွေမှာ အများဆုံးဖြစ်နေသည ကို မြင်တွေ့ကြားသိနေရပါသည်။

မောင်တင်အေး
credit : Online Update News

No comments:

Post a Comment