Friday 2 May 2014

အွန်လိုင်းရုပ်ရှင်ဇာတ်လမ်းတွဲပြသမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာ လိုက်တဲ့ Yahoo

Photo: အွန်လိုင်းရုပ်ရှင်ဇာတ်လမ်းတွဲပြသမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာ လိုက်တဲ့ Yahoo
Friday, May 2, 2014

ယာဟူးကုမ္ပဏီဟာ မူရင်းတီဗီအစီအစဉ်ဇာတ်လမ်းတွဲနှစ်ခုကို ယာဟူးဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းဖုန်းတွေမှာ ပြသသွားမယ့်အစီအစဉ်ကို
ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ယာဟူးကုမ္ပဏီဟာ အလျင်အမြန်ကြီးထွားလာတဲ့ ဒီဂျစ်တယ်ထုတ်ကုန်ဈေးကွက်မှာ ပါဝင်လာတဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်လာတော့မှာဖြစ်တယ်လို့သိရပါတယ်။ ပထမဆုံးထုတ်လွှင့်ပြသမယ့် မူရင်းဇာတ်လမ်းတွဲတွေဟာ Other Space  နဲ့ Sin City Saints  လို့ အမည်ပေးထားတဲ့ ဟာသ ဇာတ်လမ်းတွဲဖြစ်တယ်လို့ Yahoo ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ယာဟူးကုမ္ပဏီဟာ ကုမ္ပဏီ ၀က်ဘ်ဆိုက်ပေါ်မှာ ဟာသဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသပြီးကတည်းက အမေရိကန်နိုင်ငံမှာ Yahoon 
Screen ကို ကြည့်ရှုသူဟာ သန်း(၅၀၀)ရှိနေပြီလို့သိရပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ပြိုင်ဖက်တွေတဖြည်းဖြည်းတိုးပွားလာမှုတွေနဲ့ ယှဉ်ဆိုင်နေရတယ်လို့ဆိုပါတယ်။
 
Netflixi Hului Amazon နဲ့ မိုက်ခရိုဆော့ဖ်တို့လို ကုမ္ပဏီတွေကလည်း သမာရိုးကျတီဗီအစီအစဉ်တွေနဲ့ ယှဉ်ပြိုင်ပြီး သူတို့ရဲ့ ထုတ်ကုန်တွေမှာ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်အောင် လုပ်ဆောင်လျက်ရှိနေကြပါတယ်။ အချို့ကုမ္ပဏီတွေဆိုရင် ကြည့်ရှုသူတွေ ဗီဒီယိုတွေကို အထစ်အငေါ့မရှိ ကြည့်ရှုနိုင်ရေးအတွက် Internet Service provider  တွေနဲ့ သဘောတူလက်မှတ်ရေးထိုးထားတယ်လို့သိရပါတယ်။
 
တနင်္လာနေ့က Netflix ဟာ Verizon (internet service provider)  နဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း ကြေညာခဲ့ပြီး Netflix အနေနဲ့ Verizon ကွန်ယက်ကို ချိတ်ဆက်ပြီး အင်တာနက် မြန်နှုန်းမြင့်ကို ရရှိတော့မှာဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းကာလကလည်း Netflix ကုမ္ပဏီဟာ Comcast ကုမ္ပဏီနဲ့လည်း သဘောတူလက်မှတ်ရေးထိုးခဲ့ဖူးတယ်လို့သိရပါတယ်။

MRTV-4
ယာဟူးကုမ္ပဏီဟာ မူရင်းတီဗီအစီအစဉ်ဇာတ်လမ်းတွဲနှစ်ခုကို ယာဟူးဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းဖုန်းတွေ မှာ ပြသ သွားမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ယာဟူးကုမ္ပဏီဟာ အလျင်အမြန်ကြီးထွားလာတဲ့ ဒီဂျစ်တယ်ထုတ်ကုန်ဈေးကွက်မှာ ပါဝင်လာတဲ့ နည်းပညာ ကုမ္ပဏီကြီးဖြစ် လာတော့မှာဖြစ်တယ်လို့သိရပါတယ်။ ပထမဆုံးထုတ်လွှင့်ပြသမယ့် မူရင်းဇာတ်လမ်းတွဲတွေဟာ Other Space  နဲ့ Sin City Saints  လို့ အမည်ပေးထားတဲ့ ဟာသ ဇာတ်လမ်းတွဲဖြစ်တယ်လို့ Yahoo ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ယာဟူးကုမ္ပဏီဟာ ကုမ္ပဏီ ၀က်ဘ်ဆိုက်ပေါ်မှာ ဟာသဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြ သပြီး ကတည်းက အမေရိကန်နိုင်ငံမှာ Yahoon Screen ကို ကြည့်ရှုသူဟာ သန်း(၅၀၀)ရှိနေပြီလို့သိရ ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ပြိုင်ဖက်တွေတဖြည်းဖြည်းတိုးပွားလာမှုတွေနဲ့ ယှဉ်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
Netflixi Hului Amazon နဲ့ မိုက်ခရိုဆော့ဖ်တို့လို ကုမ္ပဏီတွေကလည်း သမာရိုးကျတီဗီအစီအစဉ်တွေနဲ့ ယှဉ်ပြိုင်ပြီး သူတို့ရဲ့ ထုတ်ကုန်တွေမှာ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်အောင် လုပ်ဆောင်လျက်ရှိနေကြ ပါတယ်။ အချို့ကုမ္ပဏီတွေဆိုရင် ကြည့်ရှုသူတွေ ဗီဒီယိုတွေကို အထစ်အငေါ့မရှိ ကြည့်ရှုနိုင်ရေးအတွက် Internet Service provider  တွေနဲ့ သဘောတူလက်မှတ်ရေးထိုးထားတယ်လို့သိရပါတယ်။

တနင်္လာနေ့က Netflix ဟာ Verizon (internet service provider)  နဲ့ လက်မှတ်ရေး ထိုးနိုင်ခဲ့ ကြောင်း ကြေညာခဲ့ပြီး Netflix အနေနဲ့ Verizon ကွန်ယက်ကို ချိတ်ဆက်ပြီး အင်တာနက် မြ န်နှုန်းမြင့် ကို ရရှိတော့မှာဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းကာလကလည်း Netflix ကုမ္ပဏီဟာ Comcast ကုမ္ပဏီနဲ့လည်း သဘောတူလက်မှတ်ရေးထိုးခဲ့ဖူးတယ်လို့သိရပါတယ်။

MRTV-4

No comments:

Post a Comment