Friday 2 May 2014

ကုန်ကျစရိတ် သိသိသာသာ တိုးလာမည့် ပျောက်ဆုံးမလေးရှား လေယာဉ် ရှာဖွေမှု

ပျောက်ဆုံးမလေးရှားလေယာဉ် ရှာဖွေမှုမှာ ပိုမိုရှည်လျားသော အခန်း ကဏ္ဍသစ်တစ်ခုသို့ ဝင်ရောက်နေ ပြီ ဖြစ်ရာ ရှာဖွေမှုတွင်ပါဝင်သည့် နိုင်ငံများ အနေဖြင့် ရှာဖွေမှုလုပ်ငန်း အတွက် ငွေမည်မျှ သုံးစွဲရန်ပြင်ဆင် ထား မည်၊ ရှာဖွေမှုဆက်လက်ပြု လုပ်ပါက ငွေမည်မျှအကုန်အကျခံ နိုင်မည်ဆိုသည့်အချက်ကို ဆုံးဖြတ် ရတော့ မည်ဖြစ်သည်။
လေယာဉ်ရှာဖွေမှုမှာ လေ ကြောင်းပို့ဆောင်ရေး သမိုင်းတွင် အကုန်အကျအများဆုံး ရှာဖွေမှုအဖြစ် မှတ် တမ်း ဝင်ခဲ့ပြီး ဖြစ်သည့်အပြင် မောင်းသူမဲ့ ရေငုပ်သင်္ဘောများသည် သမုဒ္ဒရာကြမ်းပြင်၌ ပိုမို ကျယ်ပြန့် သောဧရိယာအတွင်း ရှာဖွေမှုပြုလုပ် မည်ဖြစ်သည့်အတွက် ကုန်ကျစရိတ် သိသိသာသာ တိုးပွား လာမည်ဖြစ် သည်ဟုဆိုသည်။ လေယာဉ် ရှာဖွေမှုမှာ ခြောက်လမှ ရှစ်လအထိ ကြာ မြင့်နိုင်သည်ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဗော့တ်က တနင်္လာ နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတအိုဘားမားက ပျောက်ဆုံး လေယာဉ်ရှာဖွေရေးအတွက် လိုအပ် သော အကူအညီများ ပိုမိုပေးအပ် မည်ဟု လူသိရှင်ကြား ကတိပြု ထားသော်လည်း အမေရိကန်သည် နည်းပညာအဆင့်မြင့် အသံလှိုင်းဖြင့် ရေအောက် အရာဝတ္ထုရှာဖွေရေး ကိရိယာ(ဆိုနာ)ထောက်ပံ့မှုအတွက် ကုန်ကျစရိတ်များကို စတင်ဖြတ် တောက်ရန် လိုလားပုံ ရသည်ဟု ဆိုသည်။

ထို့အတွက် ရှာဖွေမှုလုပ်ငန်းတွင် အနီးကပ်ဆုံး ပါဝင်သည့် နိုင်ငံများဖြစ်သော သြစတြေးလျ၊ တရုတ်နှင့် မလေးရှား နိုင်ငံတို့သည် ရှည်လျားပြီး အကုန်အကျများဖွယ်ရှိသည့် လေ ယာဉ်ရှာဖွေမှုအတွက် ကုန်ကျစရိတ် ကို ကျခံဖွယ်ရှိ သည်ဟု သိရသည်။

ပျောက်ဆုံးလေယာဉ် ရှာဖွေမှု ပြုလုပ်သည့် ပထမလအတွင်း အိန္ဒိယ သမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ် တို့၌ စစ်လေယာဉ်များနှင့် သင်္ဘော များ ဖြန့်ကြက်ချထားမှုအတွက် ဒေါ်လာ ၄၄ သန်းထက်မနည်း အသုံး ပြုခဲ့သည်။ ယင်းမှာ ၂ဝဝ၉ ခုနှစ်က အတ္တလန္တိတ် သမုဒ္ဒရာအလယ်ပိုင်း တွင် ပျက်ကျသည့် ပြင် သစ်လေ ယာဉ် အမှတ်စဉ် င်္ဗ-၄၄၇ နှင့် ပတ်သက်၍ ရေအောက်ရှာဖွေမှုတစ်ခုလုံးအတွက် ကုန်ကျ သည့်ငွေပမာဏနှင့် ညီမျှသည် ဟု သိရသည်။

နောက်ဆုံးရရှိသည့် သတင်းအရ မလေးရှားပို့ဆောင်ရေးဝန်ကြီးဌာနက ပျောက်ဆုံးလေ ယာဉ်နှင့်ပတ် သက်၍ ပဏာမ အစီရင်ခံစာတစ်ရပ်ကို ကြာသပတေးနေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါ အစီရင်ခံစာတွင် မလေးရှားလေယာဉ်မှူးအခန်းနှင့် လေကြောင်းထိန်းများအကြား အပြန်အလှန် စကားပြော ဆို မှုများနှင့် ကုန်ပစ္စည်း မူရင်းနှင့် သက်ဆိုင်သည့် မှတ်တမ်းများပါဝင်ပြီး လေယာဉ် ပျောက်ဆုံးမှုမှာ အကြမ်းဖက်မှုနှင့် ဆက်နွှယ်ခြင်းရှိ၊ မရှိဟူသော ရဲတပ် ဖွဲ့၏ သီးခြားစုံစမ်းစစ်ဆေးမှုမှ အချက်အလက် တစ်စုံ တစ်ခုမျှ မပါ ဝင်ကြောင်း သိရသည်။

မတ် ၈ ရက်က ပျောက်ဆုံး သွားခဲ့သော မလေးရှားလေယာဉ်ကို နိုင်ငံတကာရှာဖွေရေးအဖွဲ့က အင်တိုက် အား တိုက်ရှာဖွေမှု ပြုလုပ်ကြ သော်လည်း ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်၍ အပျက်အစီးအပိုင်းအစ တစ်ခုမျှ မတွေ့ရသဖြင့် ရှာဖွေမှုဧရိ ယာတိုးချဲ့ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment