Tuesday 20 May 2014

မြန်မာ့ဆန် တရုတ်သို့ တရားဝင် တင်ပို့နိုင်ပါက မူဆယ် ဆန်ဈေးကွက် ကျဆင်းမည်ဟုဆို

Photo: မြန်မာ့ဆန် တရုတ်သို့ တရားဝင် တင်ပို့နိုင်ပါက မူဆယ် ဆန်ဈေးကွက် ကျဆင်းမည်ဟုဆို

ရန်ကုန်၊ မေ ၁၉

မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိမည် ဆိုပါက ပင်လယ်ရေကြောင်းမှ တင်ပို့မှု မြင့်တက်လာပြီး မူဆယ်နယ်စပ် ဆန်ဈေးကွက် ကျဆင်းသွားနိုင်ကြောင်း ပြည်တွင်းဆန်လုပ်ငန်းရှင်များက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆန်ကို တရုတ်နိုင်ငံက တရားဝင် ဝယ်ယူခြင်း မရှိသော်လည်း တရားဝင် ဝယ်ယူနိုင်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးလျက် ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိပါက ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းသည် မြန်မာနိုင်ငံ အောက်ပိုင်းမှ ဆန်များကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံအထိ သယ်ဆောင်ရသည့် စရိတ်အောက် လျော့နည်းခြင်းကြောင့် မူဆယ်ဈေးကွက် ကျဆင်းမှု ဖြစ်လာနိုင်သည်ဟု မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။
“ကျွန်တော်တို့ကတော့ တရားဝင် ဖြစ်ဖို့ပဲ တောင်းဆိုတယ်။ ဒါမှ ကိုယ့်အခွင့်အရေး ကိုယ်ရမယ်” ဟု ၎င်းကဆိုသည်။

လတ်တလောတွင် မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မူဆယ်နယ်စပ် ဈေးကွက်မှ တစ်ဆင့် တင်ပို့လျက် ရှိပြီး တစ်ရက်လျှင် ဆန်အိတ်ရေ သုံးသောင်းခန့် တင်ပို့လျက် ရှိသည်ဟု မူဆယ် ဆန်ကုန်သည်များထံမှ သိရသည်။

မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် မရရှိသေး၍ တရုတ်နိုင်ငံအတွင်း အဖမ်းအဆီး ရှိချိန်တွင် မြန်မာ့ဆန်ကို တရုတ်ကုန်သည်များက ဈေးနှိမ် ဝယ်ယူလေ့ ရှိသည်ဟု မူဆယ် ဆန်ကုန်သည်များက ပြောကြားသည်။

ကနဦး ထွက်ပေါ်နေသော သတင်းများအရ တရားဝင် တင်ပို့ခွင့်ရမည် ဆိုပါက တင်ပို့သည့် ဆန်၏ ၁၃ ရာခိုင်နှုန်းခန့်ကို တရုတ်ဘက်သို့ သွင်းကုန် အခွန်အဖြစ် ပေးဆောင်ရဖွယ် ရှိကြောင်း မူဆယ် ဆန်ကုန်သည် အသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေးမြို့ ဆန်ကုန်သည် ဦးစိုင်းကျော်ကမူ တရားဝင် တင်ပို့ခွင့်ရမည် ဆိုပါက မန္တလေးမှ တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့သို့ တိုက်ရိုက် တင်ပို့ခွင့် ရရှိမည် ဖြစ်၍ ဆန်တစ်အိတ်လျှင် ၄၅၀ ကျပ်ခန့် သက်သာမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“တရားဝင်ဖြစ်ရင် အခွန်ကောက်တာလည်း လျှော့ဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင် တရုတ်ကုန်သည်တွေက သွင်းကုန်အပေါ် ပေးရတဲ့ အခွန်အတွက် မြန်မာဘက်ကို ဈေးလျှော့ ပေးပြန်ရော” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံတွင် မြန်မာ့ဆန်ကို အဓိက ဝယ်ယူသည့် ပြည်နယ်သည် ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ခွင့် ရပါကလည်း မူဆယ်ဈေးကွက် ပျောက်သွားနိုင်ဖွယ် မရှိကြောင်း ဦးစိုင်းကျော်က မှတ်ချက်ပြုသည်။
မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိမည် ဆိုပါက ပင်လယ်ရေကြောင်းမှ တင်ပို့မှု မြင့်တက်လာပြီး မူဆယ်နယ်စပ် ဆန်ဈေးကွက် ကျဆင်းသွားနိုင်ကြောင်း ပြည်တွင်းဆန်လုပ်ငန်းရှင်များက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆန်ကို တရုတ်နိုင်ငံက တရားဝင် ဝယ်ယူခြင်း မရှိသော်လည်း တရားဝင် ဝယ်ယူ နိုင်ရေး အတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးလျက် ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိပါက ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းသည် မြန်မာနိုင်ငံ အောက်ပိုင်းမှ ဆန်များကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံအထိ သယ်ဆောင်ရသည့် စရိတ်အောက် လျော့နည်းခြင်းကြောင့် မူဆယ်ဈေးကွက် ကျဆင်းမှု ဖြစ်လာနိုင်သည်ဟု မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။ 

“ကျွန်တော်တို့ကတော့ တရားဝင် ဖြစ်ဖို့ပဲ တောင်းဆိုတယ်။ ဒါမှ ကိုယ့်အခွင့်အရေး ကိုယ်ရမယ်” ဟု ၎င်းကဆိုသည်။

လတ်တလောတွင် မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မူဆယ်နယ်စပ် ဈေးကွက်မှ တစ်ဆင့် တင်ပို့လျက် ရှိပြီး တစ်ရက်လျှင် ဆန်အိတ်ရေ သုံးသောင်းခန့် တင်ပို့လျက် ရှိသည်ဟု မူဆယ် ဆန်ကုန်သည်များထံမှ သိရသည်။

မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် မရရှိသေး၍ တရုတ်နိုင်ငံအတွင်း အဖမ်းအဆီး ရှိချိန်တွင် မြန်မာ့ဆန်ကို တရုတ်ကုန်သည်များက ဈေးနှိမ် ဝယ်ယူလေ့ ရှိသည်ဟု မူဆယ် ဆန်ကုန်သည်များက ပြောကြားသည်။

ကနဦး ထွက်ပေါ်နေသော သတင်းများအရ တရားဝင် တင်ပို့ခွင့်ရမည် ဆိုပါက တင်ပို့သည့် ဆန်၏ ၁၃ ရာခိုင်နှုန်းခန့်ကို တရုတ်ဘက်သို့ သွင်းကုန် အခွန်အဖြစ် ပေးဆောင်ရဖွယ် ရှိကြောင်း မူဆယ် ဆန်ကုန်သည် အသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေးမြို့ ဆန်ကုန်သည် ဦးစိုင်းကျော်ကမူ တရားဝင် တင်ပို့ခွင့်ရမည် ဆိုပါက မန္တလေးမှ တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့သို့ တိုက်ရိုက် တင်ပို့ခွင့် ရရှိမည် ဖြစ်၍ ဆန်တစ်အိတ်လျှင် ၄၅၀ ကျပ်ခန့် သက်သာမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“တရားဝင်ဖြစ်ရင် အခွန်ကောက်တာလည်း လျှော့ဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင် တရုတ်ကုန်သည်တွေက သွင်းကုန်အပေါ် ပေးရတဲ့ အခွန်အတွက် မြန်မာဘက်ကို ဈေးလျှော့ ပေးပြန်ရော” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံတွင် မြန်မာ့ဆန်ကို အဓိက ဝယ်ယူသည့် ပြည်နယ်သည် ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ခွင့် ရပါကလည်း မူဆယ်ဈေးကွက် ပျောက်သွားနိုင် ဖွယ် မရှိကြောင်း ဦးစိုင်းကျော်က မှတ်ချက်ပြုသည်။

The Voice Weekly

No comments:

Post a Comment