Tuesday 20 May 2014

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်နေ ဒေသခံအချို့အကူညီလိုအပ်နေ

Photo: လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်နေ ဒေသခံအချို့အကူညီလိုအပ်နေ
Tuesday, May 20, 2014

မေလ(၇)ရက်က တိုက်ခတ် ခဲ့သောလေဆင်နှာမောင်းကြောင့် ရွှေတောင်မြို့နယ် ညောင်ကုန်း ရွာဟောင်းမှ နေအိမ် (၃၃)လုံး ပျက်ဆီးခဲ့ရာ လက်ရှိတွင် လေ ဘေးသင့်ပြည်သူများမှာ ယာယီ တဲများပြုလုပ်နေထိုင်နိုင်ပြီ ဖြစ် သော်လည်း အကူအညီ လိုအပ် နေသေးကြောင်း သိရှိရသည်။

““နေအိမ်တွေ ပျက်စီးသွား တဲ့ အိမ်ထောင်စုတွေက အခုချိန် အထိ ယာယီတဲတွေမှာပဲ နေထိုင် နေကြရတယ်။ ဒီအချိန်က သီးနှံ ပေါ်ချိန်မဟုတ်တော့ အိမ်တွေ ပြန်ဆောက်နိုင်ဖို့တော့ တော် တော်လေး အချိန်ယူရဦးမယ် အကူညီတွေကတော့ လိုအပ် နေဆဲပေါ့နော်။ အလှူရှင်တွေကို ကျွန်တော်တို့ စောင့်မျှော်နေပါ တယ်””ဟု ညောင်ကုန်းရွာဟောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်း ထွဋ်က ပြောသည်။

မြို့နယ်အုပ်ချုပ်ရေး အာ ဏာပိုင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ရွှေတောင်မြို့ပေါ်ရှိ ပါတီများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် အနီးပတ်ဝန်းကျင်များရှိ ကျေးရွာများမှ အလှူရှင်များက ဆန်၊ အစားအသောက်များကို လှူဒါန်းလျက်ရှိသော်လည်း အကူညီများ ဆက်လက်လိုအပ် နေဆဲဖြစ်သောကြောင့် အလှူရှင် များအား စောင့်မျှော်ကြိုဆိုလျက် ရှိကြောင်း သိရှိရသည်။

ညောင်းကုန်းရွာဟောင်း သည် ရွှေတောင်မြို့မှ ၁၃ မိုင်ခန့် အကွာတွင် တည်ရှိပြီး ကျီးသဲ တိုက်နယ်အထိသာ ကားလမ်း ခရီးပေါက်ကာ လှည်းလမ်းခရီး ဖြင့်(၅)မိုင်ခန့်သွားရသောကြောင့် ရေလမ်းခရီးကိုသာ ပိုမိုအသုံးပြု ကြောင်း ညောင်းကုန်းရွာဟောင်း ကျေးရွာသူ ကျေးရွာသားများမှာ ကိုင်းလုပ်ငန်းများကို အမှီပြုနေ ထိုင်ရသူများဖြစ်ပြီး ၎င်းင်းတို့၏ အိမ်ယာများကိုပြန်လည်တည် ဆောက်ရန် ငွေကြေးအခက်အခဲ များလည်းရှိနေကြောင်း လေ ဘေးသင့်ဒေသံများထံမှ သိရှိရ သည်။

““လွန်ခဲ့တဲ့ မေလ(၇)ရက်နေ့ ညနေ ၃နာရီခွဲလောက်မှာ လေနီ လုံးကြီးဝေါဝေါဆိုပြီး ရွာထဲကို ၀င်လာတယ်။ ကျွန်မတစ်သက် မှာ တစ်ခါမှ အဲ့ဒီလို လေဆင်နှာ မောင်းမမြင်ဖူးဘူး။ ၂ မိနစ်ကျော် လောက်ပဲကြာတယ်။ ပြီးတာနဲ့ ချက်ချင်း လေငြိမ်သွားတယ်။အဖြစ်အပျက်က အရမ်းမြန် တယ်””ဟု လေဘေးသင့် ဒေသခံ တစ်ဦးကပြောသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်သည့်ကိစ်္စနှင့်ပတ်သက် ၍ ရွှေတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုမည့်သူ မရှိခဲ့ပေ။

ရွှေတောင်မြို့နယ်အတွင်း တွင် ဧပြီလ (၁၂)ရက်ကလည်း မိုးသက်လေပြင်းများတိုက်ခတ်ခဲ့ သောကြောင့် နေအိမ်အလုံး (၅၀) ကျော် ပြိုကျပျက်စီးခဲ့ပြီး အလုံ (၁၀၀) ကျော် အမိုးအကာများ လန်ခဲ့ကာ လူနှစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရှိရသည်။

သီဟလွင်-ပြည်(မြစ်မခ)
Hot News
မေလ(၇)ရက်က တိုက်ခတ် ခဲ့သောလေဆင်နှာမောင်းကြောင့် ရွှေတောင်မြို့နယ် ညောင်ကုန်း ရွာဟောင်းမှ နေအိမ် (၃၃)လုံး ပျက်ဆီးခဲ့ရာ လက်ရှိတွင် လေ ဘေးသင့်ပြည်သူများမှာ ယာယီ တဲများပြုလုပ်နေထိုင်နိုင်ပြီ ဖြစ် သော်လည်း အကူအညီ လိုအပ် နေသေးကြောင်း သိရှိရသည်။

““နေအိမ်တွေ ပျက်စီးသွား တဲ့ အိမ်ထောင်စုတွေက အခုချိန် အထိ ယာယီတဲတွေမှာပဲ နေထိုင် နေကြရ တယ်။ ဒီအချိန်က သီးနှံ ပေါ်ချိန်မဟုတ်တော့ အိမ်တွေ ပြန်ဆောက်နိုင်ဖို့တော့ တော် တော်လေး အချိန်ယူရ ဦးမယ် အကူညီတွေကတော့ လိုအပ် နေဆဲပေါ့နော်။ အလှူရှင်တွေကို ကျွန်တော်တို့ စောင့်မျှော်နေပါ တယ်”” ဟု ညောင်ကုန်းရွာဟောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်း ထွဋ်က ပြောသည်။

မြို့နယ်အုပ်ချုပ်ရေး အာ ဏာပိုင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ရွှေတောင်မြို့ပေါ်ရှိ ပါတီများ၊ လူမှုရေး အသင်း အဖွဲ့ များနှင့် အနီးပတ်ဝန်းကျင်များရှိ ကျေးရွာများမှ အလှူရှင်များက ဆန်၊ အစားအသောက်များကို လှူဒါန်းလျက်ရှိသော်လည်း အကူညီများ ဆက်လက်လိုအပ် နေဆဲဖြစ်သောကြောင့် အလှူရှင် များအား စောင့်မျှော်ကြိုဆိုလျက် ရှိကြောင်း သိရှိရသည်။

ညောင်းကုန်းရွာဟောင်း သည် ရွှေတောင်မြို့မှ ၁၃ မိုင်ခန့် အကွာတွင် တည်ရှိပြီး ကျီးသဲ တိုက်နယ်အထိသာ ကားလမ်း ခရီးပေါက်ကာ လှည်းလမ်းခရီး ဖြင့်(၅)မိုင်ခန့်သွားရသောကြောင့် ရေလမ်းခရီးကိုသာ ပိုမိုအသုံးပြု ကြောင်း ညောင်းကုန်းရွာဟောင်း ကျေးရွာသူ ကျေးရွာသားများမှာ ကိုင်းလုပ်ငန်းများကို အမှီပြုနေ ထိုင်ရသူ များဖြစ်ပြီး ၎င်းင်းတို့၏ အိမ်ယာများကိုပြန်လည်တည် ဆောက်ရန် ငွေကြေးအခက်အခဲ များလည်း ရှိနေကြောင်း လေ ဘေးသင့်ဒေသံများထံမှ သိရှိရ သည်။

““လွန်ခဲ့တဲ့ မေလ(၇)ရက်နေ့ ညနေ ၃နာရီခွဲလောက်မှာ လေနီ လုံးကြီးဝေါဝေါဆိုပြီး ရွာထဲကို ၀င်လာတယ်။ ကျွန်မတစ်သက် မှာ တစ်ခါမှ အဲ့ဒီလို လေဆင်နှာ မောင်းမမြင်ဖူးဘူး။ ၂ မိနစ်ကျော် လောက်ပဲကြာတယ်။ ပြီးတာနဲ့ ချက်ချင်း လေငြိမ်သွားတယ်။အဖြစ်အပျက်က အရမ်းမြန် တယ်””ဟု လေဘေးသင့် ဒေသခံ တစ်ဦးကပြောသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်သည့်ကိစ်္စနှင့်ပတ်သက်၍ ရွှေတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုမည့်သူ မရှိခဲ့ပေ။

ရွှေတောင်မြို့နယ်အတွင်း တွင် ဧပြီလ (၁၂)ရက်ကလည်း မိုးသက်လေပြင်းများတိုက်ခတ်ခဲ့ သောကြောင့် နေအိမ် အလုံး (၅၀) ကျော် ပြိုကျပျက်စီးခဲ့ပြီး အလုံ (၁၀၀) ကျော် အမိုးအကာများ လန်ခဲ့ကာ လူနှစ်ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု သိရှိရသည်။

သီဟလွင်-ပြည်(မြစ်မခ)
Hot News

No comments:

Post a Comment