Tuesday 20 May 2014

စွမ်းအင်ဝန်ကြီးဌာန ပြည်ပကုမ္ပဏီများနှင့် လေယာဉ်ဆီ ဖက်စပ်ရောင်းချမည်

Photo: စွမ်းအင်ဝန်ကြီးဌာန ပြည်ပကုမ္ပဏီများနှင့် လေယာဉ်ဆီ ဖက်စပ်ရောင်းချမည် 

ရန်ကုန်၊ မေ ၁၉

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းက သီးသန့် တာဝန်ယူခဲ့သည့် ပြည်တွင်း လေကြောင်းလိုင်းများကို လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းကို ပြည်ပကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီ ထောင်၍ လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းသို့ ခရီးသည် ဝင်ထွက်မှု များလာခြင်းကြောင့် နှစ်စဉ် လိုအပ်ချက် မြင့်တက်လျက် ရှိသော လေယာဉ်ဆီ ရောင်းချမှုကို ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားသော ပြည်ပကုမ္ပဏီများက ဇွန်လ ၁၆ ရက် နောက်ဆုံးထား၍ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းထံ အဆိုပြုလွှာ တင်သွင်းရန် လိုကြောင်း စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။ 

“အဓိကကတော့ ဝန်ကြီးဌာနက ဘတ်ဂျက်မစိုက်ဘဲ အမြတ်ထွက်အောင် အရင်းအနှီး စိုက်နိုင်တဲ့ ကုမ္ပဏီတွေနဲ့ တွဲလုပ်ဖို့ စီစဉ်တာပါ” ဟု ၎င်းကဆိုသည်။ 

ပြည်တွင်းတွင် လက်ရှိ လေယာဉ်ဆီ ဝယ်ယူရသည်မှာ အဆင်ပြေသော်လည်း လေယာဉ်ဆီ ဈေးနှုန်းများမှာမူ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များပြားကြောင်း ပြည်တွင်းအခြေစိုက် ပုဂ္ဂလိက လေကြောင်းလိုင်းများထံမှ သိရသည်။

“နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ရင် လက်ရှိ ဝယ်နေရတာထက် ဈေးကွက် အနေအထားအရ ဈေးနှုန်း ကျသွားမယ်လို့ ထင်တယ်။ ဒါကလည်း မျှော်လင့်တာပါ။ ကျသွားဖို့ မျှော်လင့်တယ်” ဟု ပုဂ္ဂလိကလေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

ပြည်တွင်းတွင် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချရန် ပူးပေါင်းလုပ်ကိုင် လိုသည့် ကုမ္ပဏီများသည် နိုင်ငံသုံးခုရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုတွင် ယင်းလုပ်ငန်းကို လုပ်ကိုင်ဖူးသည့် အတွေ့အကြုံ ရှိရမည် ဖြစ်ကြောင်း၊ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိပါက လက်ရှိ လည်ပတ်နေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လုပ်ငန်းကို စတင် အဆင့်မြှင့်ရန် လုပ်ဆောင်ရမည် ဖြစ်ပြီး ယင်းနောက်တွင်မှ ကျန်လေဆိပ် ၁၀ ခုကို ဆက်လက် လုပ်ကိုင်ရမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားသည်။ 

လေယာဉ်ဆီသည် နိုင်ငံတကာမှ တင်သွင်းရသော လောင်စာဆီများတွင် ပါဝင်ပြီး ခရီးသည် ဝင်ထွက်မှု ပိုမိုများပြားလာခြင်း၊ လေကြောင်းလိုင်း အသစ်များ ပြေးဆွဲလာခြင်းတို့ကြောင့် လေယာဉ်ဆီ ရောင်းချမှု နှစ်စဉ် တိုးမြင့်လာကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းက သီးသန့် တာဝန်ယူခဲ့သည့် ပြည် တွင်း လေကြောင်းလိုင်းများကို လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းကို ပြည်ပကုမ္ပဏီများနှင့် ဖက်စပ် ကုမ္ပဏီ ထောင်၍ လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြည်တွင်းသို့ ခရီးသည် ဝင်ထွက်မှု များလာခြင်းကြောင့် နှစ်စဉ် လိုအပ်ချက် မြင့်တက်လျက် ရှိသော လေယာဉ်ဆီ ရောင်းချမှုကို ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားသော ပြည်ပကုမ္ပဏီများက ဇွန်လ ၁၆ ရက် နောက်ဆုံးထား၍ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းထံ အဆိုပြုလွှာ တင်သွင်းရန် လိုကြောင်း စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။ 

“အဓိကကတော့ ဝန်ကြီးဌာနက ဘတ်ဂျက်မစိုက်ဘဲ အမြတ်ထွက်အောင် အရင်းအနှီး စိုက်နိုင်တဲ့ ကုမ္ပဏီတွေ နဲ့ တွဲလုပ်ဖို့ စီစဉ်တာပါ” ဟု ၎င်းကဆိုသည်။ 

ပြည်တွင်းတွင် လက်ရှိ လေယာဉ်ဆီ ဝယ်ယူရသည်မှာ အဆင်ပြေသော်လည်း လေယာဉ်ဆီ ဈေးနှုန်းများမှာ မူ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များပြားကြောင်း ပြည်တွင်းအခြေစိုက် ပုဂ္ဂလိက လေကြောင်းလိုင်း များ ထံမှ သိရသည်။

“နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ရင် လက်ရှိ ဝယ်နေရတာထက် ဈေးကွက် အနေအထားအရ ဈေးနှုန်း ကျသွားမယ်လို့ ထင်တယ်။ ဒါကလည်း မျှော်လင့်တာပါ။ ကျသွားဖို့ မျှော်လင့်တယ်” ဟု ပုဂ္ဂလိက လေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

ပြည်တွင်းတွင် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချရန် ပူးပေါင်းလုပ်ကိုင် လိုသည့် ကုမ္ပဏီများသည် နိုင်ငံသုံးခုရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုတွင် ယင်းလုပ်ငန်းကို လုပ်ကိုင်ဖူးသည့် အတွေ့အကြုံ ရှိရမည် ဖြစ်ကြောင်း၊ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိပါက လက်ရှိ လည်ပတ်နေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လုပ်ငန်းကို စတင် အဆင့်မြှင့်ရန် လုပ်ဆောင်ရမည် ဖြစ်ပြီး ယင်းနောက်တွင်မှ ကျန်လေဆိပ် ၁၀ ခုကို ဆက်လက် လုပ်ကိုင်ရမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားသည်။ 

လေယာဉ်ဆီသည် နိုင်ငံတကာမှ တင်သွင်းရသော လောင်စာဆီများတွင် ပါဝင်ပြီး ခရီးသည် ဝင်ထွက်မှု ပိုမိုများပြားလာခြင်း၊ လေကြောင်းလိုင်း အသစ်များ ပြေးဆွဲလာခြင်းတို့ကြောင့် လေယာဉ်ဆီ ရောင်းချမှု နှစ်စဉ် တိုးမြင့်လာကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment