Tuesday 20 May 2014

ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား နှစ်ဦးကို ဒေသခံများ နှစ်ရက်နီးပါး ဖမ်းဆီး၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခထပ်ဖြစ်

Photo: ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား နှစ်ဦးကို ဒေသခံများ နှစ်ရက်နီးပါး ဖမ်းဆီး၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခထပ်ဖြစ် 
Tuesday, May 20, 2014

လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းရွာအနီးတွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားနေသူ တစ်ဦးဖြစ်သော ကိုအောင်စိုးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ရာ ဒေသခံများဘက်ကလည်း ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား ဝန်ထမ်း အမျိုးသားနှစ်ဦးကို ၃၂ နာရီကြာ ပြန်လည် ထိန်းသိမ်းခဲ့သဖြင့် ဖမ်းဆီးထားသည့် ပထမနေ့ ညနက်ပိုင်း အချိန်တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

“ကျွန်မတို့က လျော်ကြေး မယူထားတဲ့ လယ်ယာမြေတွေကို ခြံစည်းရိုး လာခတ်လို့ တရုတ်အမျိုးသား ဝန်ထမ်းနှစ်ဦးကို ရွာထဲခေါ်လာပြီး လယ်ယာတွေကို ထွန်ယက်စိုက်ပျိုးခွင့် ပေးဖို့နဲ့ ခြံစည်းရိုး ထပ်မခတ်ဖို့ တောင်းဆို ညှိနှိုင်းတာပါ။ ဒါကို ညက ရဲတွေက အင်အားသုံးပြီး ရွာရဲ့ တောင်ကပ်လျက်က ဇီးတောဘုန်းကြီးကျောင်း အနီးကိုလာပြီး မျက်ရည်ယို ဗုံးတွေနဲ့ စပစ်ပါတယ်။ ဒေသခံတွေကလည်း ပြန်ပြီး ပစ်ခတ်တာတွေ ရှိပြီး နှစ်ဖက်တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်” ဟု ဆည်တည်းကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုများသည် ညနက်ပိုင်း ၁၁ နာရီ ဝန်းကျင်ခန့် အချိန်တွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များသည် ဇီးတောရွာ တောင်ဘက်ရှိ ကျောက်ဖြူတိုင် ကျေးရွာတွင် ကားများနှင့် ဆိုင်ကယ်များကို ထားခဲ့ပြီး ဇီးတောရွာ အနီးသို့ သွားရောက်စဉ် ဒေသခံများက ဇီးတောရွာ ဘုန်းကြီးကျောင်းအတွင်းမှ ခဲ၊ လောက်လေးခွ၊ မီးတုတ်များဖြင့် စတင် ပစ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

ယင်းကဲ့သို့ ပစ်ပေါက်ခဲ့မှုများကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မိနစ်၂၀ ခန့်အကြာတွင် ကားများနှင့် ဆိုင်ကယ်များ ထားရှိရာ နေရာများသို့ ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာချိန်တွင် ကျောက်ဖြူတိုင် ကျေးရွာမှ ဒေသခံများကလည်း နောက်မှပိတ်၍ လောက်လေးခွများဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။

ကျောက်ဖြူတိုင် ကျေးရွာတွင် ရပ်ထားခဲ့သည့် ရဲကားငါးစီးနှင့် ဆိုင်ကယ် ၁၂ စီးကိုလည်း ကျောက်ဖြူတိုင် ကျေးရွာဒေသခံများ ထုရိုက်ဖျက်ဆီးခဲ့ပြီး ကားနှင့် ဆိုင်ကယ်များ ပျက်စီးမှုများ ရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက စတင် ဖမ်းဆီးထားသည့် အဆိုပါ တရုတ်အမျိုးသားနှစ်ဦးကို မေလ ၁၉ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ဒေသခံများက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များဘက်ကလည်း မေလ ၁၉ ရက် နေ့လယ်ပိုင်းအချိန်ထိ ဆည်တည်းကျေးရွာ အနီးတွင် ရဲအင်အား ၅၀၀ ကျော်အထိ ထပ်မံ ဖြည့်တင်းထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံသား နှစ်ဦးကို ထိန်းသိမ်းထားစဉ် ဒေသခံများက ထိုနှစ်ဦးကို ပြန်လည် လွှတ်ပေးလိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားသော ကိုအောင်စိုးကို အမြန်ဆုံး လွှတ်ပေးရန်နှင့် ကိုအောင်စိုးနှင့် အကျဉ်းသားများကို ဖလှယ်ရန်၊ ဒုတိယအချက် အနေနှင့် ခြံစည်းရိုးခတ်ခြင်း အားလုံးကို ဖြိုဖျက်ပေးရန် မြေယာလျော်ကြေး မယူသော ယာမြေပေါ်တွင် ဝင်းခြံခတ်ခြင်းကို ရပ်ဆိုင်းရန်နှင့် ထပ်တိုး တောင်းဆိုမှုအဖြစ် လက်ပံတောင်းတောင် စီမံကိန်းကို လုံးဝ ရပ်ဆိုင်းပေးရန် ဆိုသည့် အချက်များအား တောင်းဆိုခဲ့ကြောင်း ဝမ်ပေါင်ကုမ္ပဏီက ၎င်းတို့၏ ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။

“သူတို့ တောင်းဆိုတဲ့ တောင်းဆိုချက်တွေက လုံးဝ အကောင်အထည် မဖော်နိုင်တဲ့ တောင်းဆိုမှုတွေ ဖြစ်နေပါတယ်။ အခြားကိစ္စရပ်တွေကို တောင်းဆိုမယ် ဆိုရင် ကျွန်တော်တို့နဲ့ အချိန်မရွေး ညှိနှိုင်း တောင်းဆိုနိုင်ပါတယ်” ဟု မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ မစ္စတာဂန်းရီက ပြောကြားသည်။

ကုမ္ပဏီအနေနှင့် ထိန်းသိမ်းခံထားရသူများ၏ အသက်အန္တရာယ် မပြုဖို့ ထိန်းသိမ်းထားသူများအား တောင်းဆိုချင်ပြီး ၎င်းတို့၏ ဝန်ထမ်းနှစ်ဦးကို အမြန်ဆုံး ပြန်လည် လွှတ်ပေးဖို့ တောင်းဆိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ထိပ်တိုက် တွေ့ဆုံခဲ့သည့် ညတွင်းချင်းပင် ဖြစ်စဉ်အား တရုတ်သံရုံးကို ကုမ္ပဏီအနေနှင့် အစီရင်ခံစာ တင်ပြခဲ့ပြီး၊ ယနေ့ မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဆည်တည်းရွာဟောင်းသို့ သွားရောက် ညှိနှိုင်းများ ပြုလုပ်ခဲ့သည်ဟု ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly
လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းရွာအနီးတွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားနေသူ တစ်ဦးဖြစ်သော ကိုအောင်စိုးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းမှုများ ပြုလုပ် ခဲ့ရာ ဒေသခံများဘက်ကလည်း ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား ဝန်ထမ်း အမျိုးသားနှစ်ဦးကို ၃၂ နာရီကြာ ပြန်လည် ထိန်းသိမ်းခဲ့သဖြင့် ဖမ်းဆီးထားသည့် ပထမနေ့ ညနက်ပိုင်း အချိန်တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြား သည်။

“ကျွန်မတို့က လျော်ကြေး မယူထားတဲ့ လယ်ယာမြေတွေကို ခြံစည်းရိုး လာခတ်လို့ တရုတ်အမျိုးသား ဝန်ထမ်းနှစ်ဦးကို ရွာထဲခေါ်လာပြီး လယ်ယာတွေကို ထွန်ယက်စိုက်ပျိုးခွင့် ပေးဖို့နဲ့ ခြံစည်းရိုး ထပ်မခတ်ဖို့ တောင်းဆို ညှိနှိုင်းတာပါ။ ဒါကို ညက ရဲတွေက အင်အားသုံးပြီး ရွာရဲ့ တောင်ကပ်လျက်က ဇီးတော ဘုန်းကြီးကျောင်း အနီးကိုလာပြီး မျက်ရည်ယို ဗုံးတွေနဲ့ စပစ်ပါတယ်။ ဒေသခံတွေကလည်း ပြန်ပြီး ပစ်ခတ် တာတွေ ရှိပြီး နှစ်ဖက်တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်” ဟု ဆည်တည်းကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုများသည် ညနက်ပိုင်း ၁၁ နာရီ ဝန်းကျင်ခန့် အချိန်တွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များသည် ဇီးတောရွာ တောင်ဘက်ရှိ ကျောက်ဖြူတိုင် ကျေးရွာတွင် ကားများနှင့် ဆိုင်ကယ်များကို ထားခဲ့ပြီး ဇီးတောရွာ အနီးသို့ သွားရောက်စဉ် ဒေသခံများက ဇီးတောရွာ ဘုန်းကြီးကျောင်းအတွင်းမှ ခဲ၊ လောက်လေးခွ၊ မီးတုတ်များဖြင့် စတင် ပစ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

ယင်းကဲ့သို့ ပစ်ပေါက်ခဲ့မှုများကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မိနစ်၂၀ ခန့်အကြာ တွင် ကားများနှင့် ဆိုင်ကယ်များ ထားရှိရာ နေရာများသို့ ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာချိန်တွင် ကျောက်ဖြူတိုင် ကျေးရွာမှ ဒေသခံများကလည်း နောက်မှပိတ်၍ လောက်လေးခွများဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။

ကျောက်ဖြူတိုင် ကျေးရွာတွင် ရပ်ထားခဲ့သည့် ရဲကားငါးစီးနှင့် ဆိုင်ကယ် ၁၂ စီးကိုလည်း ကျောက်ဖြူတိုင် ကျေးရွာဒေသခံများ ထုရိုက်ဖျက်ဆီးခဲ့ပြီး ကားနှင့် ဆိုင်ကယ်များ ပျက်စီးမှုများ ရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက စတင် ဖမ်းဆီးထားသည့် အဆိုပါ တရုတ်အမျိုးသားနှစ်ဦးကို မေလ ၁၉ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ဒေသခံများက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များဘက်ကလည်း မေလ ၁၉ ရက် နေ့လယ်ပိုင်းအချိန်ထိ ဆည်တည်းကျေးရွာ အနီးတွင် ရဲအင်အား ၅၀၀ ကျော်အထိ ထပ်မံ ဖြည့်တင်းထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံသား နှစ်ဦးကို ထိန်းသိမ်းထားစဉ် ဒေသခံများက ထိုနှစ်ဦးကို ပြန်လည် လွှတ်ပေးလိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားသော ကိုအောင်စိုးကို အမြန်ဆုံး လွှတ်ပေးရန်နှင့် ကိုအောင်စိုးနှင့် အကျဉ်းသားများကို ဖလှယ်ရန်၊ ဒုတိယအချက် အနေနှင့် ခြံစည်းရိုးခတ်ခြင်း အားလုံးကို ဖြိုဖျက်ပေးရန် မြေယာလျော်ကြေး မယူသော ယာမြေပေါ်တွင် ဝင်းခြံခတ်ခြင်းကို ရပ်ဆိုင်းရန်နှင့် ထပ်တိုး တောင်းဆိုမှုအဖြစ် လက်ပံတောင်းတောင် စီမံကိန်းကို လုံးဝ ရပ်ဆိုင်းပေးရန် ဆိုသည့် အချက်များအား တောင်းဆိုခဲ့ကြောင်း ဝမ်ပေါင်ကုမ္ပဏီက ၎င်းတို့၏ ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။

“သူတို့ တောင်းဆိုတဲ့ တောင်းဆိုချက်တွေက လုံးဝ အကောင်အထည် မဖော်နိုင်တဲ့ တောင်းဆိုမှုတွေ ဖြစ်နေပါတယ်။ အခြားကိစ္စရပ်တွေကို တောင်းဆိုမယ် ဆိုရင် ကျွန်တော်တို့နဲ့ အချိန်မရွေး ညှိနှိုင်း တောင်း ဆိုနိုင်ပါတယ်” ဟု မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ မစ္စတာဂန်းရီက ပြောကြား သည်။

ကုမ္ပဏီအနေနှင့် ထိန်းသိမ်းခံထားရသူများ၏ အသက်အန္တရာယ် မပြုဖို့ ထိန်းသိမ်းထားသူများအား တောင်း ဆိုချင်ပြီး ၎င်းတို့၏ ဝန်ထမ်းနှစ်ဦးကို အမြန်ဆုံး ပြန်လည် လွှတ်ပေးဖို့ တောင်းဆိုကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ထိပ်တိုက် တွေ့ဆုံခဲ့သည့် ညတွင်းချင်းပင် ဖြစ်စဉ်အား တရုတ်သံရုံးကို ကုမ္ပဏီအနေနှင့် အစီရင်ခံစာ တင်ပြခဲ့ပြီး၊ ယနေ့ မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဆည်တည်းရွာဟောင်းသို့ သွားရောက် ညှိနှိုင်းများ ပြုလုပ်ခဲ့ သည်ဟု ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment