Tuesday 20 May 2014

ရတနာပုံ အဝေးသင်အတွက် ကျောင်းအပ်ပေးသည့် ပွဲစားများကို ဖမ်းဆီး

Photo: ရတနာပုံ အဝေးသင်အတွက် ကျောင်းအပ်ပေးသည့် ပွဲစားများကို ဖမ်းဆီး
Tuesday, May 20, 2014

အထက်မြန်မာပြည် အဝေးသင်တက္ကသိုလ် ကျောင်းသားအများစု တက်ရောက်ရာ တက္ကသိုလ်တစ်ခု ဖြစ်သော ရတနာပုံတက္ကသိုလ် အဝေးသင်ဌာနသို့ နယ်မှ လာရောက်သည့် ကျောင်းသားများကို ကျောင်းအပ်ပေးမည်ဟု ဆိုကာ အကျိုးဆောင် (ပွဲစား) များက ငွေကြေး ပိုမိုတောင်းခံခြင်း၊ ကျောင်းအပ်နှံခများ ယူထားကာ ကျောင်းအပ်နှံ မပေးခြင်း စသော တိုင်ကြားချက်ကြောင့် ယင်းသို့ ကိုယ်စား ကျောင်းအပ်ပေးနေသည့် အကျိုးဆောင်များကို လိုက်လံဖမ်းဆီး အရေးယူနေကြောင်း ယင်းအကျိုးဆောင်များကို လိုက်လံ ဖမ်းဆီးနေသည့် ယင်းတက္ကသိုလ်မှ နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

ယင်းအကျိုးဆောင်များကို ဖမ်းမိသော်လည်း အရေအတွက်ကိုမူ ပြောကြားနိုင်ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ ရတနာပုံ အဝေးသင်တက္ကသိုလ် ကျောင်းပေါက်ဝတွင် ယင်းအကျိုးဆောင်များ ရှိနေပြီး ကျောင်းသားများအတွက် ကိုယ်စား ကျောင်းအပ်ပေးခြင်း၊ ကျောင်းအပ်ခငွေကို ပိုမိုတောင်းခံခြင်း၊ စာစဉ် အဖြေများကို ရေးသားပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဟု ဆိုကာ ပိုက်ဆံ တောင်းခံသော်လည်း ကျောင်းအပ်မပေးခြင်းနှင့် စာစဉ်များကို ကောင်းစွာ ရေးတင် မပေးခြင်းတို့ကြောင့် ကျောင်းသားများ စာမေးပွဲ ကျရှုံးစေကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

“ကျောင်းသားတွေဆီကနေ ငွေကို လိမ်တောင်းတယ်၊ ကျောင်းကိုလည်း အပ်မပေးဘူး၊ တချို့တွေဆိုရင် စာစဉ်အဖြေကို စုတ်ပြတ်နေအောင် ရေးပြီး တင်ပေးတယ်၊ အဲဒီတော့ အမှတ်တွေလျော့ ကျောင်းသားတွေ ကျတယ်၊ နယ်က လာတဲ့သူတွေက ဘာမှ နားမလည်တော့ အပ်လိုက်တယ်၊ အဲဒါကြောင့် လိုက်ဖမ်းပြီး နောက်မလာဖို့ တားမြစ်ရတယ်၊ ခုရပ်ကွက်လူကြီးနဲ့ သတိပေးဆောင်ရွက်ဖို့ အစီအစဉ် ရှိတယ်၊ အထက်ကလည်း ဒီလောက်ကိစ္စတွေကိုတော့ လုပ်ဆောင်မပေးဘူး” ဟု ၎င်းကဆိုသည်။

ကျောင်းအပ်ရန်အတွက် ဝန်ဆောင်ခ အနေနှင့် ကျောင်းအပ်ခ နှစ်ဆ တောင်းယူပြီး စာစဉ်နှစ်ကြိမ် ဖြေဆိုခ ငါးထောင်ကျပ် ပေးရလေ့ ရှိကြောင်း ယင်းတက္ကသိုလ် အဝေးသင် ကျောင်းသားများထံမှ သိရသည်။

“မနှစ်က ကျောင်းထဲကို ဝင်လာတော့ အမျိုးသမီးတစ်ဦးက ကျောင်းအပ်လို့ မရတော့ဘူးလို့ ပြောတယ်။ အဲဒါနဲ့ သူအပ်ပေးမယ်၊ စာစဉ်လည်း ကိုယ်တိုင် ရေးပေးမယ်၊ ကျူရှင်ကိုလည်း သူညွှန်ပေးတဲ့ ကျူရှင်နေရင် စာမေးပွဲ မဖြေနိုင်ရင် ပိုက်ဆံ လိုက်ပေးမယ်တဲ့၊ လုံးဝ သွားမဖြေရင်တောင် ရတယ်လို့ ပြောတယ်၊ အဲဒီနှစ်မှာ ကျွန်တော် စာမေးပွဲ ဖြေနိုင်ရဲ့သားနဲ့ ဘယ်လိုကျမှန်းကို မသိဘူး” ဟု မတ္တရာမြို့မှ ပထမနှစ်ကျောင်းသား မောင်ချစ်ကောင်းဇော်က ဆိုသည်။

ပညာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စာစဉ်အဖြေများ လက်ရေး တူညီမှု မရှိပါက အမှတ်တစ်ဝက် လျှော့မည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် အချက်အလက် အားလုံး ခိုင်လုံမှု ရှိပါက လက်ခံပေးသွားမည် ဖြစ်ကြောင်း မန္တလေး အဝေးသင်တက္ကသိုလ် မော်ကွန်းထိန်း ဦးရွှေလတ်ဇင်က The Voice သို့ ပြောကြားသည်။

The Voice Weekly
အထက်မြန်မာပြည် အဝေးသင်တက္ကသိုလ် ကျောင်းသားအများစု တက်ရောက်ရာ တက္ကသိုလ်တစ်ခု ဖြစ်သော ရတနာပုံတက္ကသိုလ် အဝေးသင်ဌာနသို့ နယ်မှ လာရောက်သည့် ကျောင်းသားများကို ကျောင်း အပ်ပေးမည်ဟု ဆိုကာ အကျိုးဆောင် (ပွဲစား) များက ငွေကြေး ပိုမိုတောင်းခံခြင်း၊ ကျောင်းအပ်နှံခများ ယူထားကာ ကျောင်းအပ်နှံ မပေးခြင်း စသော တိုင်ကြားချက်ကြောင့် ယင်းသို့ ကိုယ်စား ကျောင်းအပ်ပေး နေသည့် အကျိုးဆောင်များကို လိုက်လံဖမ်းဆီး အရေးယူနေကြောင်း ယင်းအကျိုးဆောင်များကို လိုက်လံ ဖမ်းဆီးနေသည့် ယင်းတက္ကသိုလ်မှ နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

ယင်းအကျိုးဆောင်များကို ဖမ်းမိသော်လည်း အရေအတွက်ကိုမူ ပြောကြားနိုင်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရတနာပုံ အဝေးသင်တက္ကသိုလ် ကျောင်းပေါက်ဝတွင် ယင်းအကျိုးဆောင်များ ရှိနေပြီး ကျောင်းသား များ အတွက် ကိုယ်စား ကျောင်းအပ်ပေးခြင်း၊ ကျောင်းအပ်ခငွေကို ပိုမိုတောင်းခံခြင်း၊ စာစဉ် အဖြေများကို ရေးသား ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဟု ဆိုကာ ပိုက်ဆံ တောင်းခံသော်လည်း ကျောင်းအပ် မပေးခြင်းနှင့် စာစဉ်များကို ကောင်းစွာ ရေးတင် မပေးခြင်းတို့ကြောင့် ကျောင်းသားများ စာမေးပွဲ ကျရှုံးစေကြောင်း ၎င်း က ရှင်းလင်း ပြောကြားသည်။

“ကျောင်းသားတွေဆီကနေ ငွေကို လိမ်တောင်းတယ်၊ ကျောင်းကိုလည်း အပ်မပေးဘူး၊ တချို့တွေဆိုရင် စာစဉ် အဖြေကို စုတ်ပြတ်နေအောင် ရေးပြီး တင်ပေးတယ်၊ အဲဒီတော့ အမှတ်တွေလျော့ ကျောင်းသားတွေ ကျတယ်၊ နယ်က လာတဲ့သူတွေက ဘာမှ နားမလည်တော့ အပ်လိုက်တယ်၊ အဲဒါကြောင့် လိုက်ဖမ်းပြီး နောက် မလာဖို့ တားမြစ်ရတယ်၊ ခုရပ်ကွက်လူကြီးနဲ့ သတိပေးဆောင်ရွက်ဖို့ အစီအစဉ် ရှိတယ်၊ အထက် ကလည်း ဒီလောက်ကိစ္စတွေကိုတော့ လုပ်ဆောင်မပေးဘူး” ဟု ၎င်းကဆိုသည်။

ကျောင်းအပ်ရန်အတွက် ဝန်ဆောင်ခ အနေနှင့် ကျောင်းအပ်ခ နှစ်ဆ တောင်းယူပြီး စာစဉ်နှစ်ကြိမ် ဖြေဆိုခ ငါးထောင်ကျပ် ပေးရလေ့ ရှိကြောင်း ယင်းတက္ကသိုလ် အဝေးသင် ကျောင်းသားများထံမှ သိရသည်။

“မနှစ်က ကျောင်းထဲကို ဝင်လာတော့ အမျိုးသမီးတစ်ဦးက ကျောင်းအပ်လို့ မရတော့ဘူးလို့ ပြောတယ်။ အဲဒါနဲ့ သူအပ်ပေးမယ်၊ စာစဉ်လည်း ကိုယ်တိုင် ရေးပေးမယ်၊ ကျူရှင်ကိုလည်း သူညွှန်ပေးတဲ့ ကျူရှင်နေရင် စာမေးပွဲ မဖြေနိုင်ရင် ပိုက်ဆံ လိုက်ပေးမယ်တဲ့၊ လုံးဝ သွားမဖြေရင်တောင် ရတယ်လို့ ပြောတယ်၊ အဲဒီနှစ်မှာ ကျွန်တော် စာမေးပွဲ ဖြေနိုင်ရဲ့သားနဲ့ ဘယ်လိုကျမှန်းကို မသိဘူး” ဟု မတ္တရာမြို့မှ ပထမနှစ်ကျောင်းသား မောင်ချစ်ကောင်းဇော်က ဆိုသည်။

ပညာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စာစဉ်အဖြေများ လက်ရေး တူညီမှု မရှိပါက အမှတ်တစ်ဝက် လျှော့မည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် အချက်အလက် အားလုံး ခိုင်လုံမှု ရှိပါက လက်ခံပေးသွားမည် ဖြစ်ကြောင်း မန္တလေး အဝေးသင်တက္ကသိုလ် မော်ကွန်းထိန်း ဦးရွှေလတ်ဇင်က The Voice သို့ ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment