Tuesday 20 May 2014

ပတ်ဝန်းကျင် ထိခိုက်မှု သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းကုမ္ပဏီကို ထားဝယ် တရားရုံးတွင် စတင် စစ်ဆေးမည်

Photo: ပတ်ဝန်းကျင် ထိခိုက်မှု သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းကုမ္ပဏီကို ထားဝယ် တရားရုံးတွင် စတင် စစ်ဆေးမည်

ထားဝယ်၊ မေ ၁၉ 

ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူးဖော်နေသည့် မြန်မာပွန်ပီပက် ကုမ္ပဏီက စည်းကမ်းမဲ့ စွန့်ပစ်သော မြေစာများကြောင့် ထိခိုက်ဆုံးရှုံး နစ်နာမှုများကို တာဝန်ယူ ဖြေရှင်းမပေးသဖြင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သည့် မြန်မာပွန်ပီပက် ကုမ္ပဏီကို ဒေသခံများက တရားစွဲဆိုထားသည့် အမှုကို ထားဝယ်ခရိုင် တရားရုံးက မေလကုန်တွင် စတင် စစ်ဆေးမည် ဖြစ်ကြောင်း ဒေသခံများ၏ အကျိုးဆောင်ရှေ့နေ ဒေါ်တင်တင်သက်က ပြောကြားသည်။

မြန်မာပွန်ပီပက် ကုမ္ပဏီမှ စည်းကမ်းမဲ့ စွန့်ပစ်သော မြေစာများကြောင့် မြစ်ချောင်းများ တိမ်ကောခြင်း၊ ရေနေသတ္တဝါနှင့် အပင်များ မျိုးတုံးသွားခြင်း၊ ဥယျာဉ်ခြံမြေ၊ နေအိမ်၊ ရေတွင်းရေကန်များ၊ သာသနိက အဆောက်အအုံများ ပျက်စီးခြင်းတို့  ကြုံတွေ့နေရသည်ဟု မြောင်းပြိုဒေသခံများက ထားဝယ်ခရိုင် တရားရုံးတွင် စတင် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

“အမှတ် ၂ သတ္တုတွင်း ဝန်ကြီးဌာနနဲ့ ထိုင်းကုမ္ပဏီကို မေ ၂၉ နေ့မှာ တရားရုံးကို လာရောက်ဖို့ တရားပြိုင် ဆင့်ခေါ်ထားတယ်” ဟု ဒေါ်တင်တင်သက်က ပြောသည်။

ယင်းသတ္တုမိုင်းကို အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက အဆင့်ဆင့် လုပ်ကိုင်လာခဲ့သော်လည်း ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု မရှိခဲ့ဘဲ ၁၉၉၉ ခုနှစ်တွင် ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက် ကုမ္ပဏီမှ လွှဲပြောင်း လုပ်ကိုင်လာသည့် အချိန်မှစ၍ သတ္တုမိုင်း ပတ်ဝန်းကျင်များ၌ ထိခိုက်ဆုံးရှုံး နစ်နာမှုများနှင့် ကြုံတွေ့လာခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

ကုမ္ပဏီ၏ သတ္တုမိုင်းလုပ်ကွက် ဘီနှင့် လုပ်ကွက် စီတို့မှ စွန့်ပစ်သော စွန့်ပစ်မြေစာနှင့် မိုင်းဆေးရေများ ထိုးဆင်းလာခြင်းကြောင့် တစ်နှစ်ပတ်လုံး စီးဆင်းခဲ့သော အနက် ၃၀ ပေခန့်နှင့် အကျယ်ပေ ၁၀၀ ခန့်ရှိသော မြောင်းပြိုချောင်း တိမ်ကောကာ နွေရာသီ၌ ရေမစီးဆင်းတော့ခြင်း၊ လုပ်ကွက် A မှ စီးဆင်းလာသော စွန့်ပစ်မြေစာနှင့် မိုင်းဆေးရေများကြောင့် ဟိန္ဒားနှင့် ရေပူဝကျေးရွာဘက်သို့ စီးဆင်းသော ချောင်းမှာလည်း တိမ်ကောစပြုကာ နွေရာသီ၌ ရေများခ န်းခြောက်လျက် ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

သတ္တုမိုင်းလုပ်ငန်းမှ စွန့်ပစ်မြေစာများနှင့် မိုင်းဆေးရေများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် မြစ်ချောင်းရေ နောက်ကျိလာခြင်း၊ လူနေအိမ်ခြေများ နုန်းမြေနစ်ခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ခြင်းနှင့် ချောင်းတိမ်ကောသွားခြင်းတို့ကို ကြုံတွေ့နေရခြင်းကြောင့် လုပ်ငန်း ဆောင်ရွက်မှု ရပ်စဲရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၄) (မြိတ်-ထားဝယ်ခရိုင်) မှ အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။

ယင်းသို့ အမိန့်ထုတ်ပြီးနောက် မြောင်းပြို အထက်ဘက်တွင် တစ်နေရာ၊ အောက်ဟိန္ဒားတွင် တစ်နေရာ ကုမ္ပဏီမှ စွန့်ပစ်မြေစာနှင့် စွန့်ပစ်ရေများ မကျဆင်းစေရန် ရေကန် ပိတ်ပေးထားခဲ့သော်လည်း စီမံကိန်းကို ရပ်နားခြင်း မရှိခဲ့ပေ။

သတ္တုမိုင်း ရေများသည် မြောင်းပြိုချောင်းမှ ရေများသည် ဟိန္ဒူးချောင်းကို ဖြတ်၍ ခမောင်းသွယ်ချောင်းမှ တနင်္သာရီ မြစ်အတွင်းသို့ လည်းကောင်း၊ ဟိန္ဒားနှင့် ရေပူဝ ကျေးရွာဘက်မှ စီဆင်းလာသော ချောင်းသည် ဘန်းချောင်းမှတစ်ဆင့် တနင်္သာရီမြစ်အတွင်းသို့ လည်းကောင်း စီးဆင်းသည်။

ထိခိုက်နစ်နာမှုအတွက် ဒေသခံများ၏ တရားစွဲဆိုမှုကို တရားရုံးက လက်မခံမီ မေလ ၈ ရက်နေ့တွင် မြန်မာပွန်ပီပက် ကုမ္ပဏီက ဟိန္ဒားသတ္တုတွင်းတွင် လုပ်ကိုင်ခွင့် နောက်ထပ် ၅ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ကြောင်း သတ္တုတွင်းလုပ်ငန်း တိုင်းမန်နေဂျာရုံးထံမှ သိရသည်။

ယခင်က လုပ်ကိုင်နေသည့် ဧရိယာဖြစ်သည့် ၂၀၁၁၀ ဧကတွင် လုပ်ကိုင်ခွင့် ထပ်ရခြင်း ဖြစ်ပြီး ရရှိသည့် အကျိုးအမြတ်၏ ၃၅ ရာခိုင်နှုန်းကို နိုင်ငံတော်ကို ပေးသွင်းရမည် ဖြစ်ကြောင်း အထက်ပါ မန်နေဂျာရုံးက ပြောသည်။

ဟိန္ဒားသတ္တုတွင်းကို ၁၉၂၇ ခုနှစ်မှ စတင်၍ သတ္တုတူးဖော်ခဲ့ပြီး နိုင်ငံပိုင် သတ္တုတွင်း စီမံကိန်း အနေနှင့် ၁၉၉၉ ခုနှစ် ဇွန်လအထိ လုပ်ကိုင်ခဲ့ကာ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၁ ၇က်နေ့မှ စ၍ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် မြန်မာပွန်ပီပက် ကုမ္ပဏီတို့သည် ထုတ်လုပ်မှုအပေါ် အချိုးချ ခွဲဝေသည့်စနစ်ဖြင့် ဖက်စပ် လုပ်ကိုင်လျက် ရှိသည်။
ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူးဖော်နေသည့် မြန်မာပွန်ပီပက် ကုမ္ပဏီက စည်းကမ်းမဲ့ စွန့်ပစ်သော မြေစာများကြောင့် ထိခိုက်ဆုံးရှုံး နစ်နာမှုများကို တာဝန်ယူ ဖြေရှင်းမပေးသဖြင့် အမှတ် (၂) သတ္တုတွင်း လုပ် ငန်းနှင့် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သည့် မြန်မာပွန်ပီပက် ကုမ္ပဏီကို ဒေသခံများက တရားစွဲဆိုထား သည့် အမှုကို ထားဝယ်ခရိုင် တရားရုံးက မေလကုန်တွင် စတင် စစ်ဆေးမည် ဖြစ်ကြောင်း ဒေသခံများ၏ အကျိုးဆောင်ရှေ့နေ ဒေါ်တင်တင်သက်က ပြောကြားသည်။

မြန်မာပွန်ပီပက် ကုမ္ပဏီမှ စည်းကမ်းမဲ့ စွန့်ပစ်သော မြေစာများကြောင့် မြစ်ချောင်းများ တိမ်ကောခြင်း၊ ရေနေသတ္တဝါနှင့် အပင်များ မျိုးတုံးသွားခြင်း၊ ဥယျာဉ်ခြံမြေ၊ နေအိမ်၊ ရေတွင်းရေကန်များ၊ သာသနိက အဆောက်အအုံများ ပျက်စီးခြင်းတို့ ကြုံတွေ့နေရသည်ဟု မြောင်းပြိုဒေသခံများက ထားဝယ်ခရိုင် တရားရုံး တွင် စတင် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

“အမှတ် ၂ သတ္တုတွင်း ဝန်ကြီးဌာနနဲ့ ထိုင်းကုမ္ပဏီကို မေ ၂၉ နေ့မှာ တရားရုံးကို လာရောက်ဖို့ တရားပြိုင် ဆင့် ခေါ်ထားတယ်” ဟု ဒေါ်တင်တင်သက်က ပြောသည်။

ယင်းသတ္တုမိုင်းကို အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက အဆင့်ဆင့် လုပ်ကိုင်လာခဲ့သော်လည်း ပတ်ဝန်း ကျင် ထိခိုက်နစ်နာမှု မရှိခဲ့ဘဲ ၁၉၉၉ ခုနှစ်တွင် ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက် ကုမ္ပဏီမှ လွှဲပြောင်း လုပ်ကိုင်လာသည့် အချိန်မှစ၍ သတ္တုမိုင်း ပတ်ဝန်းကျင်များ၌ ထိခိုက်ဆုံးရှုံး နစ်နာမှုများနှင့် ကြုံတွေ့လာခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

ကုမ္ပဏီ၏ သတ္တုမိုင်းလုပ်ကွက် ဘီနှင့် လုပ်ကွက် စီတို့မှ စွန့်ပစ်သော စွန့်ပစ်မြေစာနှင့် မိုင်းဆေးရေများ ထိုးဆင်းလာခြင်းကြောင့် တစ်နှစ်ပတ်လုံး စီးဆင်းခဲ့သော အနက် ၃၀ ပေခန့်နှင့် အကျယ်ပေ ၁၀၀ ခန့်ရှိသော မြောင်းပြိုချောင်း တိမ်ကောကာ နွေရာသီ၌ ရေမစီးဆင်းတော့ခြင်း၊ လုပ်ကွက် A မှ စီးဆင်းလာသော စွန့်ပစ်မြေစာနှင့် မိုင်းဆေးရေများကြောင့် ဟိန္ဒားနှင့် ရေပူဝကျေးရွာဘက်သို့ စီးဆင်းသော ချောင်းမှာလည်း တိမ်ကောစပြုကာ နွေရာသီ၌ ရေများခ န်းခြောက်လျက် ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

သတ္တုမိုင်းလုပ်ငန်းမှ စွန့်ပစ်မြေစာများနှင့် မိုင်းဆေးရေများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် မြစ်ချောင်းရေ နောက်ကျိလာခြင်း၊ လူနေအိမ်ခြေများ နုန်းမြေနစ်ခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ခြင်းနှင့် ချောင်းတိမ်ကောသွားခြင်းတို့ကို ကြုံတွေ့နေရခြင်းကြောင့် လုပ်ငန်း ဆောင်ရွက်မှု ရပ်စဲရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၄) (မြိတ်-ထားဝယ်ခရိုင်) မှ အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။

ယင်းသို့ အမိန့်ထုတ်ပြီးနောက် မြောင်းပြို အထက်ဘက်တွင် တစ်နေရာ၊ အောက်ဟိန္ဒားတွင် တစ်နေရာ ကုမ္ပဏီမှ စွန့်ပစ်မြေစာနှင့် စွန့်ပစ်ရေများ မကျဆင်းစေရန် ရေကန် ပိတ်ပေးထားခဲ့သော်လည်း စီမံကိန်းကို ရပ်နားခြင်း မရှိခဲ့ပေ။

သတ္တုမိုင်း ရေများသည် မြောင်းပြိုချောင်းမှ ရေများသည် ဟိန္ဒူးချောင်းကို ဖြတ်၍ ခမောင်းသွယ်ချောင်းမှ တနင်္သာရီ မြစ်အတွင်းသို့ လည်းကောင်း၊ ဟိန္ဒားနှင့် ရေပူဝ ကျေးရွာဘက်မှ စီဆင်းလာသော ချောင်းသည် ဘန်းချောင်းမှတစ်ဆင့် တနင်္သာရီမြစ်အတွင်းသို့ လည်းကောင်း စီးဆင်းသည်။

ထိခိုက်နစ်နာမှုအတွက် ဒေသခံများ၏ တရားစွဲဆိုမှုကို တရားရုံးက လက်မခံမီ မေလ ၈ ရက်နေ့တွင် မြန်မာ ပွန်ပီပက် ကုမ္ပဏီက ဟိန္ဒားသတ္တုတွင်းတွင် လုပ်ကိုင်ခွင့် နောက်ထပ် ၅ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို ခဲ့ကြောင်း သတ္တုတွင်းလုပ်ငန်း တိုင်းမန်နေဂျာရုံးထံမှ သိရသည်။

ယခင်က လုပ်ကိုင်နေသည့် ဧရိယာဖြစ်သည့် ၂၀၁၁၀ ဧကတွင် လုပ်ကိုင်ခွင့် ထပ်ရခြင်း ဖြစ်ပြီး ရရှိသည့် အကျိုးအမြတ်၏ ၃၅ ရာခိုင်နှုန်းကို နိုင်ငံတော်ကို ပေးသွင်းရမည် ဖြစ်ကြောင်း အထက်ပါ မန်နေဂျာရုံးက ပြောသည်။

ဟိန္ဒားသတ္တုတွင်းကို ၁၉၂၇ ခုနှစ်မှ စတင်၍ သတ္တုတူးဖော်ခဲ့ပြီး နိုင်ငံပိုင် သတ္တုတွင်း စီမံကိန်း အနေနှင့် ၁၉၉၉ ခုနှစ် ဇွန်လအထိ လုပ်ကိုင်ခဲ့ကာ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၁ ၇က်နေ့မှ စ၍ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် မြန်မာပွန်ပီပက် ကုမ္ပဏီတို့သည် ထုတ်လုပ်မှုအပေါ် အချိုးချ ခွဲဝေသည့်စနစ်ဖြင့် ဖက်စပ် လုပ်ကိုင်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment