Tuesday 20 May 2014

စားသုံးရန် မသင့်သည့် စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများကို ခေါ်ယူ ပညာပေးမည်

Photo: စားသုံးရန် မသင့်သည့် စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများကို ခေါ်ယူ ပညာပေးမည်
Tuesday, May 20, 2014

စားသုံးသူရေးရာ နည်းဥပဒေ မထွက်ခင် ကာလအတွင်း စားသုံးရန် မသင့်သည့် စားသောက်ကုန်များ ထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းရှင်များကို ခေါ်ယူ ပညာပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။

လက်ရှိ စားသုံးသူရေးရာ ဥပဒေ ထွက်ရှိပြီးသော်လည်း နည်းဥပဒေကို စက်တင်ဘာလတွင် အတည်ပြု ပြဋ္ဌာန်းနိုင်မည် ဖြစ်ရာ အဆိုပါ ကာလအတွင်း ဈေးကွက်ထဲမှ စားသုံးရန် မသင့်သည့် စားသောက်ကုန်များ စစ်ဆေးတွေ့ရှိပါက ခေါ်ယူ ပညာပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“နည်းဥပဒေ ထွက်လာရင် စားသောက်ကုန်ကို ဥပဒေနဲ့အညီ ထုတ်လုပ်ဖို့၊ မှတ်ပုံတင်ဖို့ ပညာပေးမှာပါ” ဟု ၎င်းက ထပ်မံဆိုသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက မန္တလေးဈေးကွက်အတွင်း ထုတ်လုပ် ရောင်းချခဲ့သည့် Summer Myanmar အချိုရည်မှာ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက် မဟုတ်သဖြင့် ထုတ်လုပ်သူကို ဆက်သွယ် စုံစမ်းထားပြီး မေလကုန်ပိုင်းတွင် ခေါ်ယူပညာပေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးဆွေတင့်ကြူးက ထပ်လောင်း ပြောကြားသည်။

“ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်ကုန်တွေဟာ တိုင်းပြည်အတွက် အန္တရာယ်ပါပဲ။ စားသောက်ကုန်တွေ စစ်ဆေးတာ ကြိုဆိုပါတယ်” ဟု သားသားဆန်ပြုတ် ထုတ်လုပ်သည့် ပြည်တွင်းစားသောက်ကုန် လုပ်ငန်းရှင် ဦးဇော်ဇော်က ဆိုသည်။

လာမည့် ဇွန်လအတွင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့ ပူးပေါင်းကာ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် မုန့်ဆိုင်များရှိ မုန့်များကို ဆိုးဆေးနှင့် ပတ်သက်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူက ပြောကြားသည်။

နည်းဥပဒေ ထွက်ပေါ်လာပြီးပါက ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ပြီး စားသုံးသူရေးရာ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စားသုံးသူရေးရာ အခွင့်အရေးနှင့် ပတ်သက်၍ အများပြည်သူများကို ခရိုင်မြို့ကြီးများအလိုက် ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးဆွေတင့်ကြူးက ထပ်လောင်း ပြောကြားသည်။

စားသောက်ကုန်အချို့ကို တရုတ်စာများဖြင့် မန္တလေးမြို့တွင် ထုတ်လုပ်မှု ရှိနေသည်ဟု ဒေသခံအချို့ ပြောကြားနေသည်များ ရှိပြီး ယင်းသို့ ထုတ်လုပ်မှုကို နေရာအတိအကျ သိရပါက ကွင်းဆင်း စစ်ဆေးရန်အတွက် ဌာနသို့ လာရောက် သတင်းပေးနိုင်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly
စားသုံးသူရေးရာ နည်းဥပဒေ မထွက်ခင် ကာလအတွင်း စားသုံးရန် မသင့်သည့် စားသောက်ကုန်များ ထုတ် လုပ် ရောင်းချနေသည့် လုပ်ငန်းရှင်များကို ခေါ်ယူ ပညာပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။

လက်ရှိ စားသုံးသူရေးရာ ဥပဒေ ထွက်ရှိပြီးသော်လည်း နည်းဥပဒေကို စက်တင်ဘာလတွင် အတည်ပြု ပြဋ္ဌာန်းနိုင်မည် ဖြစ်ရာ အဆိုပါ ကာလအတွင်း ဈေးကွက်ထဲမှ စားသုံးရန် မသင့်သည့် စားသောက်ကုန်များ စစ်ဆေးတွေ့ရှိပါက ခေါ်ယူ ပညာပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ 

“နည်းဥပဒေ ထွက်လာရင် စားသောက်ကုန်ကို ဥပဒေနဲ့အညီ ထုတ်လုပ်ဖို့၊ မှတ်ပုံတင်ဖို့ ပညာပေးမှာပါ” ဟု ၎င်းက ထပ်မံဆိုသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက မန္တလေးဈေးကွက်အတွင်း ထုတ်လုပ် ရောင်းချခဲ့သည့် Summer Myanmar အချိုရည်မှာ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက် မဟုတ်သဖြင့် ထုတ်လုပ်သူကို ဆက် သွယ် စုံစမ်းထားပြီး မေလကုန်ပိုင်းတွင် ခေါ်ယူပညာပေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးဆွေတင့်ကြူးက ထပ်လောင်း ပြောကြားသည်။

“ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်ကုန်တွေဟာ တိုင်းပြည်အတွက် အန္တရာယ်ပါပဲ။ စားသောက်ကုန်တွေ စစ်ဆေးတာ ကြိုဆိုပါတယ်” ဟု သားသားဆန်ပြုတ် ထုတ်လုပ်သည့် ပြည်တွင်းစားသောက်ကုန် လုပ်ငန်းရှင် ဦးဇော်ဇော်က ဆိုသည်။

လာမည့် ဇွန်လအတွင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့ ပူးပေါင်းကာ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် မုန့်ဆိုင်များရှိ မုန့်များကို ဆိုးဆေးနှင့် ပတ်သက်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူက ပြောကြားသည်။

နည်းဥပဒေ ထွက်ပေါ်လာပြီးပါက ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ပြီး စားသုံးသူရေးရာ လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စားသုံးသူရေးရာ အခွင့်အရေးနှင့် ပတ်သက်၍ အများပြည်သူ များကို ခရိုင်မြို့ကြီးများအလိုက် ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးဆွေတင့်ကြူးက ထပ်လောင်း ပြောကြားသည်။

စားသောက်ကုန်အချို့ကို တရုတ်စာများဖြင့် မန္တလေးမြို့တွင် ထုတ်လုပ်မှု ရှိနေသည်ဟု ဒေသခံအချို့ ပြောကြားနေ သည်များ ရှိပြီး ယင်းသို့ ထုတ်လုပ်မှုကို နေရာအတိအကျ သိရပါက ကွင်းဆင်း စစ်ဆေးရန် အတွက် ဌာနသို့ လာရောက် သတင်းပေးနိုင်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment