Tuesday 20 May 2014

ကျပ်သိန်းပေါင်း (၉၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် မေလ(၁၈)ရက်နေ့က ကျပ်သိန်းပေါင်း (၉၃၂)သိန်းခန့် တန်ဖိုး ရှိသော စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း နမ့်ခမ်းမြို့မ ရဲစခန်းမှ သိရသည်။

““ကျွန်တော်တို့ အခိုင်အမာ သတင်းပေးထားလို့ မူးယစ်ပူးပေါင်းအဖွဲ့တွေနဲ့ အဲဒီနေရာ (နမ့်ခမ်းမြို့နယ်၊ မန့်တောင် ကျေးရွာ) မှာ စောင့်ဆိုင်း နေစဉ်မှာပဲ ဖမ်းဆီးရမိတာ””ဟု နမ့်ခမ်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

၎င်းမော်တော်ယာဉ်အား ရှာဖွေစစ်ဆေး ရာတွင် မော်တော်ယာဉ်၏ အနောက်ခန်း ယာဘက် ထိုင်ခုံရှေ့ ကြမ်းခင်းတွင် တင်ဆောင်လာ သည့် အဖြူရောင် ဆာလာအိပ် အတွင်းမှ စိတ် ကြွရူးသွပ်ဆေးပြား (၃၉၆၀၀) ပြားနှင့် တံဆိပ် မပါသည့် (၃၅၀) ဂရမ်ခန့်ရှိသော ဘိန်းဖြူဘလောက်တုံး (၂) တုံးအား ရှာဖွေတွေ့ ရှိခဲ့ပြီး ကာလ တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၉၃၂) သိန်းခန့် ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ် ဆေးဝါးများအား သယ်ဆောင်လာသူ တရားခံ မောင်ချန်းခေါအား နမ့် ခမ်းမြို့မ ရဲစခန်းမှ မယ (ပ) ၂၉/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။


Messenger News Journal

No comments:

Post a Comment