Tuesday 20 May 2014

ဧရာဝတီမြစ် နုန်းပို့ချမှု ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးဟုဆို

Photo: ဧရာဝတီမြစ် နုန်းပို့ချမှု ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးဟုဆို

ရန်ကုန်၊ မေ ၁၉

မြန်မာနိုင်ငံပိုင် မြစ်ကြီးတစ်စင်း ဖြစ်သော ဧရာဝတီမြစ်သည် သစ်တော ပြုန်းတီးလာမှုများနှင့် ရွှေတူးဖော်မှုများကြောင့် နုန်းအနည် ပို့ချမှုမှာလည်း ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းအနည် အများဆုံး ပို့ချသည့် မြစ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေး စီမံကိန်းဆိုင်ရာ လေ့လာထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။

မြစ်ကြောင်း၏ ရေဝေရေလဲ ဒေသများတွင် သစ်တောများ ပြုန်းတီးခြင်းနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် မြေဆီလွှာများ ပျက်စီးကာ နုန်းအနည် ပို့ချမှုများသည် တစ်နှစ်လျှင် တန်ချိန်သန်း ၄၀၀ ခန့် ရှိသဖြင့် နုန်းပို့ချမှု အများဆုံး မြစ်တစ်စင်း ဖြစ်နေပြီး နုန်းပို့ချမှုများမှာ ယခုထက် မြင့်တက်လာနိုင်ကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။

“ဧရာဝတီက သဲနုန်းပို့ချမှု အရမ်းများတော့ ပဉ္စမမြောက် အများဆုံး ဆိုတာလည်း ဟုတ်တယ်။ ဒါပေမဲ့ ဌာန အနေနဲ့တော့ တစ်နှစ်မှာ ဘယ်လောက် ပို့ချတယ် ဆိုတာ သေချာတိုင်းပြီး မလုပ်နိုင်သေးဘူး” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောဆိုသည်။

ဧရာဝတီမြစ်ကြောင်း အတွင်းသို့ နုန်းပို့ချမှုမှာ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်က တစ်နှစ်လျှင် တန် ၃၀၀ ခန့် ပို့ချလျက် ရှိပြီး ယခုအခါ သစ်တောပြုန်းတီးမှု မြန်ဆန်လာခြင်းကြောင့် ယင်းတန်ချိန်ထက် နုန်းပို့ချမှု ပိုမိုများလာရခြင်း ဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးအုန်းက သုံးသပ် ပြောကြားသည်။

နုန်းပို့ချမှု အများဆုံး ပထမမှ စတုတ္ထထိမြစ်ကြီး လေးစင်း၏ နာမည်များကိုမူ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားခြင်း မရှိပေ။

ယင်းသို့ နုန်းအနည် ပို့ချမှု များလာပြီး သောင်ထွန်း၍ ရေလမ်းကြောင်း ယိုယွင်းလာမှုကို ပြန်လည် ပြုပြင်ရန်အတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေ သန်း ၁၀၀ ဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံပိုင် မြစ်ကြီးတစ်စင်း ဖြစ်သော ဧရာဝတီမြစ်သည် သစ်တော ပြုန်းတီးလာမှုများနှင့် ရွှေတူးဖော်မှု များကြောင့် နုန်းအနည် ပို့ချမှုမှာလည်း ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းအနည် အများဆုံး ပို့ချသည့် မြစ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေး စီမံကိန်းဆိုင်ရာ လေ့လာထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။

မြစ်ကြောင်း၏ ရေဝေရေလဲ ဒေသများတွင် သစ်တောများ ပြုန်းတီးခြင်းနှင့် ရွှေတူးဖော်ရေး လုပ်ငန်း များကြောင့် မြေ ဆီလွှာများ ပျက်စီးကာ နုန်းအနည် ပို့ချမှုများသည် တစ်နှစ်လျှင် တန်ချိန်သန်း ၄၀၀ ခန့် ရှိသဖြင့် နုန်းပို့ချမှု အများဆုံး မြစ်တစ်စင်း ဖြစ်နေပြီး နုန်းပို့ချမှုများမှာ ယခုထက် မြင့်တက်လာနိုင်ကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။

“ဧရာဝတီက သဲနုန်းပို့ချမှု အရမ်းများတော့ ပဉ္စမမြောက် အများဆုံး ဆိုတာလည်း ဟုတ်တယ်။ ဒါပေမဲ့ ဌာန အနေနဲ့တော့ တစ်နှစ်မှာ ဘယ်လောက် ပို့ချတယ် ဆိုတာ သေချာတိုင်းပြီး မလုပ်နိုင်သေးဘူး” ဟု ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောဆိုသည်။

ဧရာဝတီမြစ်ကြောင်း အတွင်းသို့ နုန်းပို့ချမှုမှာ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်က တစ်နှစ်လျှင် တန် ၃၀၀ ခန့် ပို့ချ လျက် ရှိပြီး ယခုအခါ သစ်တောပြုန်းတီးမှု မြန်ဆန်လာခြင်းကြောင့် ယင်းတန်ချိန်ထက် နုန်းပို့ချမှု ပိုမိုများလာ ရခြင်း ဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးအုန်းက သုံးသပ် ပြောကြားသည်။

နုန်းပို့ချမှု အများဆုံး ပထမမှ စတုတ္ထထိမြစ်ကြီး လေးစင်း၏ နာမည်များကိုမူ ကမ္ဘာ့ဘဏ်က ထုတ်ပြန် ထားခြင်း မရှိပေ။

ယင်းသို့ နုန်းအနည် ပို့ချမှု များလာပြီး သောင်ထွန်း၍ ရေလမ်းကြောင်း ယိုယွင်းလာမှုကို ပြန်လည် ပြုပြင်ရန် အတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေ သန်း ၁၀၀ ဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment