Thursday 6 March 2014

ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Missosology Website က မြန်မာအလှမယ် ခင်ဝင့်ဝါအား Missosology Award လာရောက်ချီးမြှင့်

Photo: ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Missosology Website က မြန်မာအလှမယ် ခင်ဝင့်ဝါအား Missosology Award လာရောက်ချီးမြှင့်
Thursday, March 6, 2014

 ကမ္ဘာ့ အအောင်မြင်ဆုံး အလှမယ် Website များထဲမှ တစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Missosology Website က မြန်မာအလှမယ် ခင်ဝင့်ဝါအား Missosology Award 2013 ဆုအား မတ် ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ Website မှ ၂၀၁၃ ခုနှစ်အတွင်း ဘီလာရုစ်နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Supranational ပြိုင်ပွဲဝင်များထဲမှာ ပရိသတ် အနှစ်သက်ဆုံးနှင့် ၎င်းအဖွဲ့အစည်း၏ ရွေးချယ်မှုတို့ဖြင့် မြန်မာအလှမယ် ခင်ဝင့်ဝါအား ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဆုအား မတ်လအတွင်း ကျင်းပမည့် Miss Golden Land Myanmar 2014  ရွေးချယ်ပွဲတွင် လာရောက်ချီးမြှင့်ရန် စီစဉ်ထားသော်လည်း Miss Globe Myanmar ရွေးချယ်ပွဲအတွက် ဖိလစ်ပိုင်နိုင်ငံမှ trainer များမှ သင်ကြားပေးရန် မြန်မာနိုင်ငံသို့ လာရောက်ရင်း အဆိုပါ Missosology Award အား ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ Missosology Award  ဆုက ပရိသတ်ရဲ့ရွေးချယ်မှု ရာခိုင်နှုန်း ၅၀ နဲ့ Missosology Website က တာဝန်ရှိသူတွေရဲ့ ရွေးချယ်မှုက ရာခိုင်နှုန်း ၅၀ နဲ့ ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ခင်ဝင့်ဝါကို ရွေးချယ်ပြီး ဒီဆုကို ချီးမြှင့်ပေးဖြစ်တာက သူက အပြင်မှာရော ဓာတ်ပုံထဲမှာပါ အရမ်းကိုလှပကြော့ရှင်းတဲ့ Miss  တစ်ယောက်ရဲ့ အရည်အချင်းတွေ အပြည့်အ၀ရှိနေတဲ့အတွက်ကြောင့် သူ့ကိုရွေးချယ်ပေးဖြစ်တာပါ”ဟု  Missosology Website မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီလို ဖိလစ်ပိုင်နိုင်ငံအခြေစိုက် နာမည်ကျော်အလှမယ် Website တစ်ခုက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမအကြိမ် ချီးမြှင့်ပေးတဲ့ ဆုဖြစ်တဲ့အတွက် အရမ်းကို ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ညီမတို့ မြန်မာပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့်သာ ညီမဒီဆုကိုရရှိခဲ့တာပါ။ အဲ့ဒါကြောင့် ညီမရဲ့ပရိသတ်တွေအားလုံးကိုလည်း ညီမအရမ်းကျေးဇူးတင်ပါတယ်” ဟု ခင်ဝင့်ဝါက ပြောကြားသည်။

Eleven Media Group
 ကမ္ဘာ့အအောင်မြင်ဆုံး အလှမယ် Website များထဲမှ တစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Missosology Website က မြန်မာအလှမယ် ခင်ဝင့်ဝါအား Missosology Award 2013 ဆုအား မတ် ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ Website မှ ၂၀၁၃ ခုနှစ်အတွင်း ဘီလာရုစ်နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Supranational ပြိုင်ပွဲဝင်များထဲမှာ ပရိသတ် အနှစ်သက်ဆုံးနှင့် ၎င်းအဖွဲ့အစည်း၏ ရွေးချယ်မှုတို့ဖြင့် မြန်မာအလှမယ် ခင်ဝင့်ဝါအား ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဆုအား မတ်လအတွင်း ကျင်းပမည့် Miss Golden Land Myanmar 2014  ရွေးချယ်ပွဲတွင် လာရောက်ချီးမြှင့်ရန် စီစဉ်ထားသော်လည်း Miss Globe Myanmar ရွေးချယ်ပွဲအတွက် ဖိလစ်ပိုင်နိုင်ငံမှ trainer များမှ သင်ကြားပေးရန် မြန်မာနိုင်ငံသို့ လာရောက်ရင်း အဆိုပါ Missosology Award အား ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ Missosology Award  ဆုက ပရိသတ်ရဲ့ရွေးချယ်မှု ရာခိုင်နှုန်း ၅၀ နဲ့ Missosology Website က တာဝန်ရှိသူတွေရဲ့ ရွေးချယ်မှုက ရာခိုင်နှုန်း ၅၀ နဲ့ ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ခင်ဝင့်ဝါကို ရွေးချယ်ပြီး ဒီဆုကို ချီးမြှင့်ပေးဖြစ်တာက သူက အပြင်မှာရော ဓာတ်ပုံထဲမှာပါ အရမ်းကိုလှပကြော့ရှင်းတဲ့ Miss  တစ်ယောက်ရဲ့ အရည်အချင်းတွေ အပြည့်အ၀ရှိနေတဲ့အတွက်ကြောင့် သူ့ကိုရွေးချယ်ပေးဖြစ်တာပါ”ဟု  Missosology Website မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီလို ဖိလစ်ပိုင်နိုင်ငံအခြေစိုက် နာမည်ကျော်အလှမယ် Website တစ်ခုက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမအကြိမ် ချီးမြှင့်ပေးတဲ့ ဆုဖြစ်တဲ့အတွက် အရမ်းကို ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ညီမတို့ မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့်သာ ညီမဒီဆုကိုရရှိခဲ့တာပါ။ အဲ့ဒါကြောင့် ညီမရဲ့ပရိသတ်တွေ အားလုံးကိုလည်း ညီမအရမ်းကျေးဇူးတင်ပါတယ်” ဟု ခင်ဝင့်ဝါက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment