Thursday 6 March 2014

ပြည်တွင်းဂေါက်သီးရိုက်ပြိုင်ပွဲ၌ ဆုကြေး ၂၄၆ သိန်း ချီးမြှင့်မည်

မြန်မာပီဂျီအေနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ပြည်တွင်း ပတ်လည်ဂေါက်သီး ရိုက်ပြိုင်ပွဲ၏ ပထမပွဲစဉ်တွင် ဆုကြေး စုစုပေါင်း ၂၄၆ သိန်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားသုံးမျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပရော်ဖက်ရှင်နယ်အဆင့်ပြိုင်ပွဲတွင် ပထမ ကျပ် ၂၅ သိန်း၊ ဒုတိယ ကျပ် ၁၅ သိန်း၊ တတိယ ကျပ် ၁၂ သိန်း ချီးမြှင့်သွားမည် ဖြစ်ကာ အဆင့် ၂၀ အထိ ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်သည်။ အပျော်တမ်းပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတို့တွင်လည်း သတ်မှတ်ထားသော ဆုကြေးများနှင့် ညီမျှသော ဂေါက်သီးရိုက်ပစ္စည်းများ ချီးမြှင့်သွားမည်ဖြစ်ပြီး အဆင့် ၁ မှ ၂၀ အထိ၊ အမျိုးသမီးပြိုင်ပွဲတွင် အဆင့် ၁ မှ ၅ အထိ ချီးမြှင့်သွားမည် ဖြစ်သည်။ ပြိုင်ပွဲသုံးခုပေါင်းအတွက် ချီးမြှင့်မည့် ဆုကြေးငွေစုစုပေါင်းမှာ ၂၄၆ သိန်းရှိမည်ဖြစ်ပြီး ယခုနှစ်အတွင်း ကျင်းပမည့် ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲတိုင်းတွင် ယင်းဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်သည်။ ပထမဆုံးပွဲစဉ်ကို မတ် ၁၃ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment