Thursday 6 March 2014

ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှ လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၁၈၀၀ ခန့်ရရှိ

Photo: ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှ လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၁၈၀၀ ခန့်ရရှိ
Thursday, March 6, 2014

ဖေဖော်ဝါရီ ၂၈ ရက် တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ်သိန်း ၁၈၀၀ ခန့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော့်ရဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေအတွက် မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ဖျော်ဖြေပွဲပြုလုပ်ခဲ့တာ ပရိသတ်အများအပြား လာရောက်အားပေးခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ပရိသတ်တွေ အသိအမှတ်ပြုတဲ့အတွက် ကျေနပ်ပီတိ ဖြစ်ရတယ်လို့ ဆိုရမှာပါ။ ပွဲကို လာရောက် ကြည့်ရှုကြတဲ့သူတွေက လှူဒါန်းငွေအပြင် ကျွန်တော်တို့အနုပညာရှင်တွေ လိုက်ပါကောက်ခံလို့ရတဲ့ အလှူငွေ စုစုပေါင်း ကျပ်သိန်း ၁၈၀၀ လောက် ရရှိပါတယ်။
အဲဒီအပေါ်မှာ ကုန်ကျငွေတွေ ပြန်လည်တွက်ချက်ပြီးရင် အသားတင်ရန်ပုံငွေ ဘယ်လောက်ရရှိတယ် ဆိုတာသိရမှာပါ။ ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို ဖောင်ဒေးရှင်းအတွက် အသုံးပြုသွားမှာပါ” ဟု သရုပ်ဆောင်အကယ်ဒမီပြေတီဦးက ဆိုသည်။

ပြေတီဦးပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် Emperor တီးဝိုင်းနှင့်အတူ အဆိုတော် ဇော်ဝင်းထွဋ်၊ ရန်အောင်၊ ရာဇာနေ၀င်း၊R ဇာနည်၊ Wai လျှံ၊ ဟေမာနေ၀င်း၊ အိန္ဒြာကျော်ဇင်၊ ဖြူဖြူကျော်သိန်း၊ စန္ဒီမြင့်လွင်၊ ၀ိုင်းစုခိုင်သိန်းတို့ ပါဝင်သီဆိုမည်ဖြစ်ပြီး ဟားငါးကောင်အဖွဲ့၏ ဟာဒယရွှင်ဆေး အစီအစဉ်ကို တင်ဆက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) နှင့် ကျော်ဇောလင်း (အတွေးပုံရိပ်)တို့ စီစဉ်သည့်“ပဒိုင်းသီး Wedding” ပြဇာတ်ကိုလည်း တင်ဆက်ကာ ယင်းပြဇာတ်တွင် သရုပ်ဆောင် ရန်အောင်၊ ပြေတီဦး၊ အောင်ရဲလင်း၊ စူးရှ၊ Wai လျှံ၊ စိုးမြတ်သူဇာ၊ ဆုပန်ထွာ၊ မိုးပြည့်ပြည့်မောင်၊ စန္ဒီမြင့်လွင်၊ ၀တ်မှုံရွှေရည်၊ ညောင်ညောင်၊ ဇင်မျိုး၊ ယွန်းရွှေရည်၊ အေးအေးခိုင်၊ မျိုးမျိုးခိုင်၊ သီးလေးသီးအဖွဲ့နှင့် ဟားငါးကောင်အဖွဲ့တို့ ပါဝင်ကပြခဲ့ကြောင်း သိရသည်။

Eleven Media Group

ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် တွေ့ရသည့် ပြေတီဦး၊အိန္ဒြာကျော်ဇင်နှင့် သမီး ပြေသုဒြာတို့ကို တွေ့ရစဉ်
ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် တွေ့ရသည့် ပြေတီဦး၊အိန္ဒြာကျော်ဇင်နှင့် သမီး ပြေသုဒြာတို့ကို တွေ့ရစဉ်

ဖေဖော်ဝါရီ ၂၈ ရက် တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ်သိန်း ၁၈၀၀ ခန့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော့်ရဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေအတွက် မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ဖျော်ဖြေ ပွဲပြုလုပ်ခဲ့တာ ပရိသတ်အများအပြား လာရောက်အားပေးခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ပရိ သတ်တွေ အသိအမှတ်ပြုတဲ့အတွက် ကျေနပ်ပီတိ ဖြစ်ရတယ်လို့ ဆိုရမှာပါ။ ပွဲကို လာရောက် ကြည့်ရှုကြတဲ့ သူတွေက လှူဒါန်းငွေအပြင် ကျွန်တော်တို့အနုပညာရှင်တွေ လိုက်ပါကောက်ခံလို့ရတဲ့ အလှူငွေ စုစုပေါင်း ကျပ်သိန်း ၁၈၀၀ လောက် ရရှိပါတယ်။

အဲဒီအပေါ်မှာ ကုန်ကျငွေတွေ ပြန်လည်တွက်ချက်ပြီးရင် အသားတင်ရန်ပုံငွေ ဘယ်လောက်ရရှိတယ် ဆိုတာ သိရ မှာပါ။ ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို ဖောင်ဒေးရှင်းအတွက် အသုံးပြုသွားမှာပါ” ဟု သရုပ်ဆောင် အကယ်ဒမီပြေတီဦးက ဆိုသည်။

ပြေတီဦးပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် Emperor တီးဝိုင်းနှင့်အတူ အဆိုတော် ဇော်ဝင်းထွဋ်၊ ရန်အောင်၊ ရာဇာနေ၀င်း၊R ဇာနည်၊ Wai လျှံ၊ ဟေမာနေ၀င်း၊ အိန္ဒြာကျော်ဇင်၊ ဖြူဖြူကျော်သိန်း၊ စန္ဒီမြင့်လွင်၊ ၀ိုင်းစုခိုင်သိန်းတို့ ပါဝင်သီဆိုမည်ဖြစ်ပြီး ဟားငါးကောင်အဖွဲ့၏ ဟာဒယရွှင်ဆေး အစီအစဉ်ကို တင်ဆက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) နှင့် ကျော်ဇောလင်း (အတွေးပုံရိပ်)တို့ စီစဉ်သည့်“ပဒိုင်းသီး Wedding” ပြဇာတ်ကိုလည်း တင်ဆက်ကာ ယင်းပြဇာတ်တွင် သရုပ်ဆောင် ရန်အောင်၊ ပြေတီဦး၊ အောင်ရဲလင်း၊ စူးရှ၊ Wai လျှံ၊ စိုးမြတ်သူဇာ၊ ဆုပန်ထွာ၊ မိုးပြည့်ပြည့်မောင်၊ စန္ဒီမြင့်လွင်၊ ၀တ်မှုံရွှေရည်၊ ညောင်ညောင်၊ ဇင်မျိုး၊ ယွန်းရွှေရည်၊ အေးအေးခိုင်၊ မျိုးမျိုးခိုင်၊ သီးလေးသီးအဖွဲ့နှင့် ဟားငါးကောင်အဖွဲ့တို့ ပါဝင်ကပြခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment