Thursday 6 March 2014

စင်ကာပူနိုင်ငံတွင် အိမ်ရှင်အဘွားအိုကို သတ်မှုဖြင့် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦးအား တရားစွဲဆို

စင်ကာပူနိုင်ငံတွင် အသက် ၈၅ နှစ်အရွယ်ရှိ အိမ်ရှင်အဖွားအိုကို သတ်ဖြတ်မှုဖြင့် အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး အိမ်အကူတစ်ဦးဖြစ်သူ မသန်းသန်းဝင်းအား ဗုဒ္ဓဟူးနေ့က တရားစွဲဆိုခဲ့သည်ဟု စင်ကာပူနိုင်ငံ အခြေစိုက် Channel News Asia သတင်းဌာနက ဖော်ပြခဲ့သည်။

Yong Wan Lan ဟု အမည်ရသည့် အိမ်ရှင်အဖွားအို၏ ခန္ဓာကိုယ် အပေါ်ပိုင်းတွင် ဒဏ်ရာဒဏ်ချက်များ ရှိနေကာ ညနေ ၆ နာရီခွဲတွင် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဗုဒ္ဓဟူးနေ့က တရားရုံးသို့ ရောက်ရှိလာသော မသန်းသန်းဝင်းသည် တရားစွဲဆိုမှုအကြောင်း ဖတ်ကြားနေချိန်တွင် သူမ၏ပုံစံမှာ ၀မ်းနည်းပြီး မိန်းမောတွေဝေနေပုံ ပေါက်နေကာ ၎င်းအား ချန်ဂီအမျိုးသမီးထောင်တွင် ထားရှိပြီး စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုများ ပြုလုပ်မည်ဖြစ်ကာ အမှုကို မတ် ၂၆ ရက်တွင် ထပ်မံစစ်ဆေး မည်ဖြစ်ကြောင်း၊ အပြစ်ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါက သေဒဏ်ကျခံရဖွယ် ရှိနေသည်။

Eleven Media Group

No comments:

Post a Comment