Monday 24 March 2014

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် အချိန်စောနေသေးသည်ဟု ဦးခွန်ထွန်းဦး ထောက်ပြပြောဆို

နိုင်ငံရေးအခြေအနေအရ လက်ရှိအချိန်တွင်မျိုးစောင့်ဥပဒေပြဋ္ဌာန်း ရန်အချိန်စောနေသေးကြောင်း ရှမ်းအမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဦးခွန်ထွန်း ဦးက ထောက်ပြပြောကြားခဲ့သည်။

ဦးခွန်ထွန်းဦးက ''လူ့အခွင့်အ ရေးဘက်ကနေတော့ မပြောချင်ဘူး။ နိုင်ငံ ရေးအခြေအနေအရတော့ မလုပ် သင့်သေး ဘူးလို့ထင်တယ်။ မျိုးစောင့်ဥပဒေဆိုတာမျိုး တော့စောင့်ပါတယ်။ ဒါပေမဲ့ ဘာသာရေး ကိစ္စတွေ ပါလာမှာပေါ့။ ကချင်တွေက ခရစ် ယာန်တွေ၊ ချင်းကလဲ ခရစ်ယာန်ပဲ၊ ကရင် ဆိုလဲခရစ်ယာန်ပဲ။ တိုင်း ရင်းသားတွေအား လုံးက ရောရောထွေးထွေးနေကြတာ။ မျိုး စောင့်ရေးဆိုတော့ ဘယ်မျိုးကိုစောင့် မှာလဲ နောက်ပိုင်း အန္တရာယ်ရှိလာနိုင်တာတွေရှိ တယ်''ဟု ထောက်ပြပြောကြားသည်။

နိုင်ငံရေးနှင့်ဘာသာရေးရော ထွေးလာပါက ပိုမိုရှုပ်ထွေးနိုင်ကြောင်းကို လည်း ယခုကဲ့သို့ သုံးသပ်ပြောကြား ခဲ့သည်။

''ဒါကိုကိုင်ရင်ဘယ်လိုအကျိုးဆက်တွေဖြစ် လာမယ်ဆိုတာစဉ်းစားရမယ်။ ဒီဥပဒေ ပြဋ္ဌာန်းဖို့က အချိန်အခါနဲ့ မကိုက်ညီသေးဘူး လို့ထင်တယ်။ နောက်ဆုံးကျရင် ဘာသာ ရေးတွေပါလာမယ်။

ဘာသာရေးတွေပါလာ ရင် နိုင်ငံရေးကပိုရှုပ်လာလိမ့်မယ်။ ညင် ညင်သာသာနဲ့ ပါးပါးနပ်နပ်ကိုင်တွယ်သင့် တယ်။ ကျွန်တော်လဲ ဗုဒ္ဓဘာသာပါပဲ''ဟု သုံးသပ်ပြောကြားခဲ့သည်။

မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ နိုင်ငံတကာဥပဒေပညာရှင် ဆလိုင်းငွန် ကျုံးလျန်က''မျိုးစောင့်ဥပဒေပြဋ္ဌာန်း ဖို့က ၂ဝဝ၈အခြေခံဥပဒေမှာပါတဲ့အမျိုးဘာ သာ၊ သာသနာစောင့်ထိန်းရေးနဲ့ နိုင်ငံသား အခွင့် အရေးတွေကိုသေချာသိပြီးမှ ဆွေး နွေးသင့်တယ်။ ၂ဝဝ၈ဖွဲ့စည်းပုံအခန်း(၈)ကိုကျေညက်ဖို့လိုတယ်။ အဲဒီမှာ ဘာသာ ရေးဆိုင်ရာလွတ်လပ်ခွင့်နဲ့ သာသနာရေး ဆိုင်ရာတွေ၊ လက်ထပ်ထိမ်းမြားခွင့်တွေကို ပြဋ္ဌာန်း ထား တယ်။ နောက် ၁၉၅၄ဥပဒေမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူးထိမ်း မြားခွင့်ကိုလည်း ကြည့်သင့်တယ်။ နောက် ဘားမားကုတ်အခန်း ၁၁မှာပါတဲ့ ပုဒ်မ ၃၆၁နဲ့ ၃၆၂မှာ ဆက်စပ်ပါရှိတဲ့ အချက်တွေ ဖြစ်တဲ့ ထိမ်းမြားခြင်း၊ကွာရှင်းခြင်း၊အမွေ ဆက်ခံခြင်းတွေကိုထည့်တွက်သင့်တယ်။ နောက် ကျွန်တော်တို့နိုင်ငံက ပါဝင်လက်မှတ် ရေးထိုးထားတဲ့ စီဒေါနဲ့ပတ်သက်ပြီး ကတိ ကဝတ်ပြုထားတာတွေလဲ ပါတယ်။ ကလေးသူ ငယ်ဥပဒေကလဲရှိနေတော့ မွေးလာတဲ့ကလေး တွေကို စဉ်းစားဖို့လိုတယ်''ဟု ပြော သည်။

Yangon Media Group

1 comment:

  1. သူလိုချင်တဲ့အရာကျတော့ကောင်းတယ်သူတစ်ပါးလိုချင်တဲ့အရာကျတော့မကောင်းဘူးတဲ့စဉ်းစားကိုယ့်
    လူတို့

    ReplyDelete