Monday 24 March 2014

ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိမ်းနိုင်ဘဲတိမ်းမှောက်သဖြင့် ဒဏ်ရာရ

Photo: ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိမ်းနိုင်ဘဲတိမ်းမှောက်သဖြင့်
ဒဏ်ရာရ
Monday, March 24, 2014

၂၃.၃.၂၀၁၄ရက်နေ့ ၁၁၃၅အချိန်တွင် ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်း အတိုင်း အင်းစိန်ဘက်မှရွှေပြည်သာဘက်သို့ ယာဉ်မောင်း ကျော်မင်းထွန်း၊ (၂၇)နှစ်၊(ဘ)ဦးထွန်းမြင့်၊ (၅၁)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
နေသူ မောင်းနှင်လာသော 3E---- ကင်တာအဖြူရောင် အငှားယာဉ်
သည် စက်မှု(၇)လမ်းထိပ်အရောက်၌ ရှေ့မှမောင်းနှင်နေသောယာဉ်ကို
ကျော်တက်ရန် မောင်းနှင်စဉ် တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး အရှိန်မထိန်းနိုင်ဘဲလမ်းပေါ်တွင် တိမ်းမှောက်သွားခဲ့ပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသူ
ရွှေပြည်သာမြို့နယ်နေ မတင်တင်အေးတွင် ၀ဲနားထင်ဖူးရောင်စုတ်ပြဲ၊ ၀ဲလက်ဖျံနှင့်လက်ကောက်ဝတ်စုတ်ပြဲဒဏ်ရာဝဲ၊ယာပါးပြင်ပေါက်ပြဲဒဏ်ရာ များရရှိခဲ့၍ အင်းစိန်ဆေးရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရ ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကျော်မင်းထွန်းကို
ရွှေပြည်သာမြို့မရဲစခန်းယာဉ် (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 
 ၂၃.၃.၂၀၁၄ရက်နေ့ ၁၁၃၅အချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းအတိုင်း အင်းစိန်ဘက် မှရွှေပြည်သာ ဘက်သို့ ယာဉ်မောင်း ကျော်မင်းထွန်း၊ (၂၇)နှစ်၊(ဘ)ဦးထွန်းမြင့်၊ (၅၁)ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေသူ မောင်းနှင်လာသော 3E---- ကင်တာအဖြူရောင် အငှားယာဉ်သည် စက်မှု(၇) လမ်းထိပ်အရောက်၌ ရှေ့မှမောင်းနှင်နေသောယာဉ်ကို ကျော်တက်ရန် မောင်းနှင်စဉ် တစ်ဘက် ယာဉ်ကြော သို့ရောက်ရှိပြီး အရှိန်မထိန်းနိုင်ဘဲလမ်းပေါ်တွင် တိမ်းမှောက်သွားခဲ့ပါသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသူ ရွှေပြည်သာမြို့နယ်နေ မတင်တင်အေး တွင် ၀ဲနားထင်ဖူးရောင်စုတ်ပြဲ၊ ၀ဲလက်ဖျံနှင့်လက်ကောက်ဝတ်စုတ်ပြဲဒဏ်ရာဝဲ၊ ယာ ပါးပြင်ပေါက် ပြဲ ဒဏ်ရာ များရရှိခဲ့၍ အင်းစိန်ဆေးရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရ ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကျော်မင်းထွန်းကို ရွှေပြည်သာမြို့မရဲစခန်းယာဉ် (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment