Monday 24 March 2014

သမ္မတဦးသိန်းစိန် မတ်လ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောမည်

ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် န၀မပုံမှန်အစည်းအဝေးနောက်ဆုံးနေ့ဖြစ် သော မတ်လ၂၆ ရက် တွင် ကျင်းပမည့်အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြား မည်ဖြစ်ကြော င်း သတင်းရရှိသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး အားလုံးတက်ရောက်ရန် နိုင်ငံတော်သမ္မတရုံးမှ အကြောင်း ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး တစ်ဦးထံမှ သတင်းရရှိသည်။

နိုင်ငံတော်သမ္မတသည် ယခင်ကလည်း ပြည် ထောင်စုလွှတ်တော်အစည်းအဝေးတွင် မိန့်ခွန်း နှစ်ကြိမ် ပြော ကြားခဲ့ဖူးပြီး ယခုအကြိမ်မှာ တတိယ အကြိမ်ဖြစ်ကာ ပြောကြားမည့်မိန့်ခွန်းတွင် အခြေခံ ဥပဒေပြင် ဆင်ရေး ကိစ္စလည်း ပါဝင်နိုင်ကြောင်း ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကခန့် မှန်း ပြော ကြားသည်။

ယခုအကြိမ်တွင် သုံးရက်သာကျန်တော့သည့် လွှတ်တော်အစည်းအဝေးများ၌ လာမည့်ဘဏ္ဍာ နှစ်အတွက် ဘတ်ဂျက်ကို အတည်ပြုရန်နှင့် အမျိုး သားပညာရေးဥပဒေကဲ့သို့ အရေးကြီးဥပဒေများ အတည်ပြုပြဋ္ဌာန်းရန် ရှိကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ပြောသည်။

7Day News Journal

No comments:

Post a Comment