Monday 24 March 2014

ယခုနှစ်သင်္ကြန်ကာလတွင် ယခင်နှစ်ထက် ယာဉ်ထိန်းရဲအင်အား ပိုမိုအသုံးပြုမည်

မြန်မာ့ရိုးရာ သင်္ကြန်ကာလတွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို ရှင်း လင်း နိုင်ရန် အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့အင်အားကို ယခင်နှစ်များနှင့် မတူဘဲ အင်အားတိုးချဲ့ အသုံးပြု သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ် ထံမှ သိရသည်။ ယင်းသို့ လုပ်ဆောင်ရခြင်းမှာ မော်တော်ယာဉ် အစီးရေသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာ လျက်ရှိ၍ မော်တော်ယာဉ်မှတ်ပုံတင်အစီးရေ တစ်လလျှင်တစ်သောင်းခန့် တိုးတက်များပြားလာ ခဲ့ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

“ဒီနှစ်သင်္ကြန်ကာလမှာ အရင်နှစ် တွေနဲ့မတူဘဲ ယာဉ်ထိန်းရဲအင်အားအပြည့် အသုံးချသွားမှာပါ။ အရင်နှစ် ကတော့ အနားပေးစနစ်နဲ့ ဆောင်ရွက် ထားတာတွေရှိပါတယ်။ မဏ္ဍပ်တွေရဲ့အခြေအနေနဲ့ လမ်းကြော အခြေအနေကိုကြည့်ပြီးတော့ ယာဉ်ထိန်းရဲအင်အားကို အသုံးချသွားမှာဖြစ်ပါတယ်” ဟု ရန်ကုန် တိုင်း ဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးလင်းထွဋ်က ပြောသည်။

၂၀၁၁ ခုနှစ် သင်္ကြန်ကာလတွင်ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း၌ ယာဉ်တိုက်မှု ၃၂ မှု၊ ဒဏ်ရာရသူ ၆၉ ဦးနှင့်သေဆုံးသူ ငါးဦး၊ ၂၀၁၂ သင်္ကြန် ကာလအတွင်း ယာဉ်တိုက်မှု ၃၀၊ ဒဏ်ရာရသူ ၁၀၆ ဦး၊ သေဆုံးသူလေးဦး၊ ၂၀၁၃ သင်္ကြန်ကာလတွင် ယာဉ်တိုက်မှု ၄၆ မှု၊ ဒဏ်ရာရသူ ၉၂ဦး၊ သေဆုံးသူ လေးဦးနှင့် ရေပက်ကစားရင်းနှင့် ယာဉ်တိုက်မှုများမှာ၂၀၁၁ ခုနှစ်တွင် ယာဉ် တိုက်မှု ခြောက်မှု၊ ဒဏ်ရာရသူ ၁၄ ဦး၊ သေဆုံးသူသုံးဦး၊ ၂၀၁၂ ခုနှစ်တွင်ယာဉ်တိုက်မှု ခုနစ်မှု၊ ဒဏ်ရာ ရသူ ၅၀၊ သေဆုံးသူမရှိခဲ့ဘဲ ၂၀၁၃ ခုနှစ် တွင် ယာဉ်တိုက်မှုနှစ်မှု၊ ဒဏ်ရာရသူ တစ်ဦး ၊ သေဆုံးသူ တစ်ဦးဖြစ်ပွားခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment