Monday 24 March 2014

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟုမထည့်ရန် သံတွဲနှင့် တောင်ကုတ်တွင် ဆန္ဒပြ

Photo: သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟုမထည့်ရန် သံတွဲနှင့် တောင်ကုတ်တွင် ဆန္ဒပြ
Monday, March 24, 2014

နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ပြန်လည် ကောက်ယူသည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့်မပြုရန် ရခိုင်ပြည်နယ် သံတွဲနှင့် တောင်ကုတ်မြို့တို့တွင် မတ်လ ၂၃ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

ရိုဟင်ဂျာ နာမည်လိမ်မရှိ၊ သန်းခေါင်စာရင်းသည် ဘင်္ဂါလီဝင်ပေါက် မဟုတ်၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးရေး၊ ကမန်သည် ဘင်္ဂါလီဝင်ပေါက်မဟုတ် အပါအဝင် အချက်ရှစ်ချက်ကို လူဦးရေ သောင်းနှင့်ချီ တောင်းဆိုခဲ့ကြောင်း သံတွဲမြို့ရှိ ရခိုင်လူမှုကွန်ရက်၏ ပြန်ကြားရေး တာဝန်ခံ ဦးစိန်ချစ်က ပြောကြားသည်။

အလားတူ တောင်ကုတ် မြို့နယ်တွင်လည်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာဟု ထည့်ခွင့်မပြုရန်၊ ရိုဟင်ဂျာဟု ထည့်ခွင့်ပြုပါက ရခိုင် တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် စသည့်အချက်များကို မြို့ခံ နှစ်ထောင်ကျော်က ဆန္ဒပြ တောင်းဆိုကြောင်း တောင်ကုတ်မြို့ရှိ ရခိုင် လူမှုကွန်ရက်မှ အမှုဆောင် တစ်ဦးဖြစ်သူ ဦးဇေယျကျော်က ဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း မကောက်ခံရန် မတ်လ ၂၄ ရက်နေ့တွင် ရမ်းဗြဲနှင့် မာန်အောင် မြို့တို့တွင်လည်း ဆန္ဒပြမည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပေးထားမှုကို ရုပ်သိမ်းသည်ဟု မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ အကြောင်း ပြန်ကြားရန် နိုင်ငံတော်သမ္မတထံသို့ စာတင်ပြ တောင်းဆိုထားသော်လည်း အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်း မရှိသေးသဖြင့် မတ်လ ၂၄ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ နေအိမ်များတွင် သာသနာ့အလံများ လွှင့်ထူကာ ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း၊ ရိုဟင်ဂျာကို ထည့်သွင်းခွင့် မပြုဟု တရားဝင် ကြေညာခြင်း မပြုလုပ်ပါက ရခိုင်တိုင်းရင်းသားများက သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် မတ်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ ကျော်တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly 
 နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ပြန်လည် ကောက်ယူသည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့်မပြုရန် ရခိုင်ပြည်နယ် သံတွဲနှင့် တောင်ကုတ်မြို့တို့တွင် မတ်လ ၂၃ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။
ရိုဟင်ဂျာ နာမည်လိမ်မရှိ၊ သန်းခေါင်စာရင်းသည် ဘင်္ဂါလီဝင်ပေါက် မဟုတ်၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးရေး၊ ကမန်သည် ဘင်္ဂါလီဝင်ပေါက်မဟုတ် အပါအဝင် အချက်ရှစ်ချက်ကို လူဦးရေ သောင်းနှင့်ချီ တောင်းဆိုခဲ့ကြောင်း သံတွဲမြို့ရှိ ရခိုင်လူမှုကွန်ရက် ၏ ပြန်ကြားရေး တာဝန်ခံ ဦးစိန်ချစ်က ပြောကြားသည်။

အလားတူ တောင်ကုတ် မြို့နယ်တွင်လည်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာဟု ထည့်ခွင့်မပြုရန်၊ ရိုဟင်ဂျာဟု ထည့်ခွင့်ပြုပါက ရခိုင် တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် စသည့်အချက်များကို မြို့ခံ နှစ်ထောင်ကျော်က ဆန္ဒပြ တောင်းဆိုကြောင်း တောင်ကုတ် မြို့ ရှိ ရခိုင် လူမှုကွန်ရက်မှ အမှုဆောင် တစ်ဦးဖြစ်သူ ဦးဇေယျကျော်က ဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း မကောက်ခံရန် မတ်လ ၂၄ ရက်နေ့တွင် ရမ်းဗြဲနှင့် မာန်အောင် မြို့တို့တွင်လည်း ဆန္ဒပြမည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပေးထားမှုကို ရုပ်သိမ်းသည်ဟု မတ်လ ၂၁ ရက်နေ့ နေ့ လယ် ၁၂ နာရီ နောက်ဆုံးထား၍ အကြောင်း ပြန်ကြားရန် နိုင်ငံတော်သမ္မတထံသို့ စာတင်ပြ တောင်းဆို ထားသော်လည်း အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်း မရှိသေးသဖြင့် မတ်လ ၂၄ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ နေအိမ်များတွင် သာသနာ့အလံများ လွှင့်ထူကာ ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း၊ ရိုဟင်ဂျာ ကို ထည့်သွင်းခွင့် မပြုဟု တရားဝင် ကြေညာခြင်း မပြုလုပ်ပါက ရခိုင်တိုင်းရင်းသားများက သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင် စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် မတ်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ ကျော်တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment