Monday 24 March 2014

ပုဂံဒေသ ယဉ်ကျေးမှုဇုန် သုံးခုအတွင်း မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်ခွင့် မပြု

Photo: ပုဂံဒေသ ယဉ်ကျေးမှုဇုန် သုံးခုအတွင်း မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်ခွင့် မပြု
Monday, March 24, 2014

မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ များစွာတည်ရှိနေသော ပုဂံဒေသရှိ ယဉ်ကျေးမှုဇုန်သုံးခုအတွင်း မည်သည့် အဆောက် အအုံမျှ ဆောက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ပုဂံဒေသ အတွင်း ဟိုတယ်ဇုန်များ တိုးချဲ့ရန် ညွှန်ကြားထားမှု ရှိပြီး ဟိုတယ်ဇုန်များ အကောင်အထည် ဖော်ရာတွင် ယဉ်ကျေးမှုဇုန်များနှင့် ကင်းလွတ်သော နေရာများတွင်သာ လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း၊ယင်းသို့ ဟိုတယ်ဇုန်များ တိုးချဲ့ရန်အတွက် ကင်းလွတ်မည့် နေရာများကို ရှာဖွေလျက် ရှိနေကြောင်း၊ ပုဂံသည် မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်သည် ပုဂံဒေသသို့ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုနှုန်း များပြားခဲ့သော နှစ်တစ်နှစ်ဖြစ်ပြီး ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် ရှေးဟောင်း အဆောက်အအုံများနှင့် စေတီပုထိုးများကို ပြုပြင် ထိန်းသိမ်းခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း၊ ဟိုတယ် ဇုန်များ တိုးချဲ့ တည်ဆောက်မှုတွင် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်ရန် ပြောကြားထားကြောင်း သိရသည်။

လက်ရှိတွင် ပုဂံဒေသအတွင်း ဟိုတယ်၊မိုတယ်နှင့် တည်းခိုရိပ်သာပေါင်း ၇၇ ခုရှိပြီး အခန်းပေါင်း ၂၃၈၆ ခန်း ရှိကြောင်း ခရီးသွား ဝင်ရောက်မှု တိုးပွားလာသည်နှင့် အမျှ ဟိုတယ်ဇုန်များနှင့် ခရီးသွား ဧည့်သည်များ လုံခြုံရေးကို အထူးအလေးထား ရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဇုန်များအတွင်း မလျော်ကန်သော အပြုအမူမျိုးများ မရှိလာစေရေးအတွက် သက်ဆိုင်ရာ များနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။
အေဒီ ၁ဝ ရာစုနှင့် ၁၄ ရာစုနှစ်အတွင်း တည်ရှိခဲ့သည့် ရှေးဟောင်း အဆောက်အအုံပေါင်း ၃ဝဝဝ ကျော်ရှိပြီး ယင်းတို့ကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရန် စီစဉ်လျက် ရှိနေကြောင်း၊ နိုင်ငံခြား ခရီးသွားများမှ စိတ်ဝင်စားမှုနှင့် လာရောက်မှု မြင့်တက်နေပြီး တည်းခိုရန် နေရာများ အခက်အခဲ ရှိလာသောကြောင့် ဟိုတယ်ဇုန်များ အသစ်ထပ်မံဖော်ထုတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ များစွာတည်ရှိနေသော ပုဂံဒေသရှိ ယဉ်ကျေးမှုဇုန်သုံးခုအတွင်း မည်သည့် အဆောက် အအုံမျှ ဆောက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ပုဂံဒေသ အတွင်း ဟိုတယ်ဇုန်များ တိုးချဲ့ရန် ညွှန်ကြားထားမှု ရှိပြီး ဟိုတယ်ဇုန်များ အကောင် အထည် ဖော်ရာတွင် ယဉ်ကျေးမှုဇုန်များနှင့် ကင်းလွတ်သော နေရာများတွင်သာ လုပ်ကိုင် ခွင့် ပြု မည်ဖြစ်ကြောင်း၊ယင်းသို့ ဟိုတယ်ဇုန်များ တိုးချဲ့ရန်အတွက် ကင်းလွတ်မည့် နေရာများကို ရှာဖွေလျက် ရှိနေကြောင်း၊ ပုဂံသည် မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်သည် ပုဂံဒေသသို့ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုနှုန်း များပြားခဲ့သော နှစ်တစ်နှစ်ဖြစ်ပြီး ယဉ်ကျေး မှု ဝန်ကြီးဌာန အနေဖြင့် ရှေးဟောင်း အဆောက်အအုံများနှင့် စေတီပုထိုးများကို ပြုပြင် ထိန်း သိမ်းခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း၊ ဟိုတယ် ဇုန်များ တိုးချဲ့ တည်ဆောက်မှုတွင် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ရန် ပြောကြား ထားကြော င်း သိရသည်။

လက်ရှိတွင် ပုဂံဒေသအတွင်း ဟိုတယ်၊မိုတယ်နှင့် တည်းခိုရိပ်သာပေါင်း ၇၇ ခုရှိပြီး အခန်းပေါင်း ၂၃၈၆ ခန်း ရှိကြောင်း ခရီးသွား ဝင်ရောက်မှု တိုးပွားလာသည်နှင့် အမျှ ဟိုတယ်ဇုန်များနှင့် ခရီးသွား ဧည့်သည်များ လုံခြုံရေးကို အထူးအလေးထား ရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဇုန်များအတွင်း မလျော်ကန်သော အပြုအမူမျိုးများ မရှိလာစေရေးအတွက် သက်ဆိုင်ရာ များနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။

အေဒီ ၁ဝ ရာစုနှင့် ၁၄ ရာစုနှစ်အတွင်း တည်ရှိခဲ့သည့် ရှေးဟောင်း အဆောက်အအုံပေါင်း ၃ဝဝဝ ကျော်ရှိပြီး ယင်းတို့ကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရန် စီစဉ်လျက် ရှိနေကြောင်း၊ နိုင်ငံခြား ခရီးသွားများမှ စိတ်ဝင်စားမှုနှင့် လာရောက်မှု မြင့်တက်နေပြီး တည်းခိုရန် နေရာများ အခက်အခဲ ရှိလာသောကြောင့် ဟိုတယ်ဇုန်များ အသစ်ထပ်မံဖော်ထုတ်ရခြင်း ဖြစ်ကြောင်း သိရသည်။
 
မြ၀တီ

No comments:

Post a Comment