Monday 24 March 2014

ပြည်သူ့ရင်ပြင်တွင် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

Photo: ပြည်သူ့ရင်ပြင်တွင် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်
Monday, March 24, 2014

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ဦးဆောင်ပြီး H & S Group က တာဝန်ယူ ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်တွင် မေလ ၆ ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က ပြောကြားသည်။

ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲများ အပြင် ကလပ် အသင်းများကို ဖိတ်ခေါ်၍ မျိုးဆက်သစ် ပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းကို စိတ်ဝင်စားသူများအတွက် သဲအိတ်နှင့် လက်အိတ်များ ထားရှိပေးမည် ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ ကစားနိုင်မည်ဟု ၎င်းကဆိုသည်။

အဆိုပါ လက်ဝှေ့ စိန်ခေါ်ပွဲကို ညနေ ခြောက်နာရီတွင် ကျင်းပမည် ဖြစ်ပြီး ခြောက်ရက်နေ့တွင် ကျင်းပမည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအတွက် အထူးတန်း လက်မှတ် တစ်စောင်လျှင် ကျပ် ၁၅၀၀၀၊ ရိုးရိုးတန်း လက်မှတ် တစ်စောင်လျှင် ၇၀၀၀ ကျပ် သတ်မှတ်ထားပြီး ခုနစ်ရက်နေ့တွင် ကျင်းပမည့် ကလပ် အသင်းများ၏ မျိုးဆက်သစ် ဖိတ်ခေါ် ပြိုင်ပွဲကိုမူ အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ထားသည်။

ဒုတိယနေ့တွင် ကျင်းပမည့် ရိုးရာလက်ဝှေ့ ကလပ်အသင်းများ၏ မျိုးဆက်သစ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ တွံတေး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းရှိ ကလပ်အသင်းများမှ မျိုးဆက်သစ်များကို ပွဲထုတ် ယှဉ်ပြိုင်စေမည် ဖြစ်ပြီး ဆုကြေးအနေနှင့် အနိုင်ရရှိသူကို ကျပ်လေးသောင်း၊ ရှံးနိမ့်သူကို နှစ်သောင်းနှင့် သရေကျပါက သုံးသောင်းကျပ် သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

“မျိုးဆက်သစ်ပွဲမှာ ဆုကြေး နည်းပေမယ့် ပရိတ်သတ်နဲ့ ကလပ်အသင်းတွေက ပေးတဲ့ ဆုကြေးတွေ ခံစားခွင့် ရှိတယ်” ဟု ဦးစိုင်းဇော်ဇော်က ပြောဆိုသည်။

ပထမနေ့ စိန်ခေါ်ပွဲများတွင် (၂၇) ကြိမ်မြောက် SEA Games ရွှေတံဆိပ်ရ လက်ဝှေ့ကစားသမား ထွန်းထွန်းမင်း (မုဒုံသား) နှင့် စိန်ခေါ်သူ ပထမတန်း လက်ဝှေ့သမား စောရန်ပိုင်၊ လေးညို့ရှင် (သတ္တိ) နှင့် ရဲတံခွန် (အလင်းရောင်)၊ ၂၀၁၃ ဒဂုံရွှေအောင်လံဆုရှင် ရဲမြတ်အောင် (အဖြူရောင်သွေးသစ်) နှင့် ပြည်ထောင်စုဖလား ရွှေတံဆိပ်ဆုရှင် ရဲရင့်ထွန်း၊ ရန်တိုင်းကျော် (ဝါဆို) နှင့် စောကျားလေး (ဘိလပ်မြေစက်ရုံ)၊ သားအသဲတစ်ပွင့် (YGW မန္တလေး) နှင့် အားမာန် (T & T)၊ ထွန်းနိုင်ဦး (အဖြူရောင်သွေးသစ်) နှင့် ဖြူလေး (မုဒုံသား) တို့ ယှဉ်ပြိုင်မည် ဖြစ်ကာ နိုင်ငံခြား ဝါသနာရှင် အထူးစိန်ခေါ်ပွဲ အဖြစ် Ian Diamond (ခေါ်) စောရဲဒင်း (သတ္တိ) နှင့် ဇော်ဇော် (အဖြူရောင်သွေးသစ်) တို့ ထိုးသတ်ကြမည် ဖြစ်ကြောင်း ယင်းလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပသည့် H & S Group က ထုတ်ပြန်ထားသည်။

ကလပ်အသင်း တစ်ခုလျှင် သုံးဦးသာ အများဆုံး ယှဉ်ပြိုင်နိုင်ပြီး နယ်မှလာသော လူငယ်လက်ဝှေ့ သမားသစ်များကို တစ်ဦးလျှင် ခရီးစရိတ် အဖြစ် ကျပ်တစ်သောင်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ လက်ဝှေ့သမား များနှင့် ဓာတ်ပုံအတူရိုက်ခြင်း၊ အမှတ်တရ တီရှပ်များ ကံစမ်းမဲ ဖောက်ပေးခြင်း စသည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း ယင်း Group ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly
မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ဦးဆောင်ပြီး H & S Group က တာဝန်ယူ ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်တွင် မေလ ၆ ရက်နေ့၌ ကျင်းပ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော် က ပြော ကြားသည်။
ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲများ အပြင် ကလပ် အသင်းများကို ဖိတ်ခေါ်၍ မျိုးဆက်သစ် ပြိုင်ပွဲ များကိုလည်း ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းကို စိတ်ဝင် စားသူများအတွက် သဲအိတ်နှင့် လက်အိတ်များ ထားရှိပေးမည် ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ ကစားနိုင် မည်ဟု ၎င်းကဆိုသည်။

အဆိုပါ လက်ဝှေ့ စိန်ခေါ်ပွဲကို ညနေ ခြောက်နာရီတွင် ကျင်းပမည် ဖြစ်ပြီး ခြောက်ရက်နေ့တွင် ကျင်းပမည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအတွက် အထူးတန်း လက်မှတ် တစ်စောင်လျှင် ကျပ် ၁၅၀၀၀၊ ရိုးရိုးတန်း လက်မှတ် တစ်စောင်လျှင် ၇၀၀၀ ကျပ် သတ်မှတ်ထားပြီး ခုနစ်ရက်နေ့တွင် ကျင်းပမည့် ကလပ် အသင်းများ၏ မျိုးဆက်သစ် ဖိတ်ခေါ် ပြိုင်ပွဲကိုမူ အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန် ထားသည်။

ဒုတိယနေ့တွင် ကျင်းပမည့် ရိုးရာလက်ဝှေ့ ကလပ်အသင်းများ၏ မျိုးဆက်သစ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ တွံတေး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းရှိ ကလပ်အသင်းများမှ မျိုးဆက်သစ်များကို ပွဲထုတ် ယှဉ်ပြိုင်စေမည် ဖြစ်ပြီး ဆုကြေးအနေနှင့် အနိုင်ရရှိသူကို ကျပ်လေးသောင်း၊ ရှံးနိမ့်သူကို နှစ်သော င်းနှင့် သရေကျပါက သုံးသောင်းကျပ် သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

“မျိုးဆက်သစ်ပွဲမှာ ဆုကြေး နည်းပေမယ့် ပရိတ်သတ်နဲ့ ကလပ်အသင်းတွေက ပေးတဲ့ ဆုကြေးတွေ ခံစားခွင့် ရှိတယ်” ဟု ဦးစိုင်းဇော်ဇော်က ပြောဆိုသည်။

ပထမနေ့ စိန်ခေါ်ပွဲများတွင် (၂၇) ကြိမ်မြောက် SEA Games ရွှေတံဆိပ်ရ လက်ဝှေ့ကစားသမား ထွန်းထွန်းမင်း (မုဒုံသား) နှင့် စိန်ခေါ်သူ ပထမတန်း လက်ဝှေ့သမား စောရန်ပိုင်၊ လေးညို့ရှင် (သတ္တိ) နှင့် ရဲ တံခွန် (အလင်းရောင်)၊ ၂၀၁၃ ဒဂုံရွှေအောင်လံဆုရှင် ရဲမြတ်အောင် (အဖြူရောင်သွေး သစ်) နှင့် ပြည်ထောင်စုဖလား ရွှေတံဆိပ်ဆုရှင် ရဲရင့်ထွန်း၊ ရန်တိုင်းကျော် (ဝါဆို) နှင့် စောကျားလေး (ဘိလပ်မြေ စက်ရုံ)၊ သားအသဲတစ်ပွင့် (YGW မန္တလေး) နှင့် အားမာန် (T & T)၊ ထွန်းနိုင်ဦး (အဖြူရောင်သွေး သစ်) နှင့် ဖြူလေး (မုဒုံသား) တို့ ယှဉ်ပြိုင်မည် ဖြစ်ကာ နိုင်ငံခြား ဝါသနာရှင် အထူး စိန်ခေါ်ပွဲ အဖြစ် Ian Diamond (ခေါ်) စောရဲဒင်း (သတ္တိ) နှင့် ဇော်ဇော် (အဖြူရောင်သွေးသစ်) တို့ ထိုး သတ် ကြမည် ဖြစ်ကြောင်း ယင်းလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပသည့် H & S Group က ထုတ်ပြန်ထားသည်။

ကလပ်အသင်း တစ်ခုလျှင် သုံးဦးသာ အများဆုံး ယှဉ်ပြိုင်နိုင်ပြီး နယ်မှလာသော လူငယ်လက်ဝှေ့ သမား သစ် များကို တစ်ဦးလျှင် ခရီးစရိတ် အဖြစ် ကျပ်တစ်သောင်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ လက်ဝှေ့ သမား များနှင့် ဓာတ်ပုံအတူရိုက်ခြင်း၊ အမှတ်တရ တီရှပ်များ ကံစမ်းမဲ ဖောက်ပေးခြင်း စသည့် အစီအစဉ် များ လည်း ပါဝင်မည်ဖြစ်ကြောင်း ယင်း Group ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment