တောင်ကိုရီးယားနိုင်ငံ၏ Top 10 စာရင်းဝင်ကျောင်းတစ်ကျောင်းအဖြစ် အသိအမှတ်ပြုခံရသည့် Chung-Ang University ၏ ပေါ်လစီ သစ်အရ လာမည့်နှစ်တွင် Sports Science ဌာနအတွက် အခြားအားကစားသမား များနှင့် နည်းတူ Pro Gamer များကို ခေါ်ယူသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Sports Science ဌာနသည် အားကစားသမား များကို နှစ်စဉ်မွေးထုတ်ပေးလျှက်ရှိသည့် ဌနာတစ်ခုဖြစ်ပြီး Chung-Ang University တည်မြဲတိုးတက်ဖို့အတွက် နယ်ပယ်သစ်က ပရော်ဖက်ရှင် Player များကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယားတက္ကသိုလ်သို့ နိုင်ငံအသီးသီးမှ ဂိမ်မာများ လာရောက် တက်ရောက်နိုင်ရန် ကိုရီးယားဘာသာစကားကို လေ့လာထားဖို့ လိုအပ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဂိမ်းလောက ကြီးမားသထက်ကြီးမားလာကာ US မှ ပရော်ဖက်ရှင်နယ်ဂိမ်မာများ လာရောက်အခြေချနေထိုင်သည် အထိရှိ လာကြောင်း သိရသည်။ ထိုသို့ပရော်ဖက်ရှင်နယ် ဂိမ်မာများကို
ကျောင်းအတွင်း ခန့်အပ်ခဲ့ပါက တောင်ကိုရီးယားနိုင်ငံ၏ ဂိမ်းလောကသည် ပိုပြီးကြီးမားကျယ်ပြန့် လာနိုင် မည်ဟု ယုံကြည်နေကြကြောင်း သိရှိရသည်။
Ref : IGN
May Thazin (TSJ Team)
TechSpace Journal
No comments:
Post a Comment