Monday 24 March 2014

Samsung Galaxy S5 ကို ပြည်တွင်းတွင် ကြိုတင်စာရင်းပေး ဝယ်ယူနိုင်ပြီ

မကြာသေးမီကမှ ထုတ်လုပ်ဖြန့်ချိလိုက်တဲ့ Samsung ရဲ့ ပထမဆုံး ရေစိုခံစမတ်ဖုန်း Galaxy S5 ကို လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် ကြိုတင်စာရင်းပေးထားသူများကို စတင်ရောင်းချပေးသွား မှာ ဖြစ်ပါ တယ်။ Pre Order များကို ဧပြီလ (၁) ရက်နေ့မှ စတင်ကာ ဧပြီလ (၉) ရက်နေ့အထိ Samsung Brand Shop ဆိုင်များတွင် လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ Pre Order မှာယူသူများအတွက် ၆၄၅,၀၀၀ ကျပ် အထူးဈေးနှုန်းနဲ့ ရောင်းချပေးမယ့်အပြင် Samsung S View Cover (၁) တစ်ခု၊ Galaxy S5 Music Festival လက်မှတ် (၂) စောင်၊ အသစ်ထွက်ရှိမည့် Galaxy Gear 2 သို့မဟုတ် Gear Fit ဝယ်ယူရန် Discount Coupon များကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ပရိုမိုးရှင်းလက်ဆောင်တွေကို အရေအတွက်ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် အမြန်ဆုံး Pre Order စာရင်းသွင်းဖို့ လိုအပ်ပါတယ်။

ရေစိုခံနည်းပညာ၊ လက်ဗွေရာစနစ်၊ နှလုံးခုန်နှုန်းတိုင်းတာပေးမယ့် စနစ်သစ်တွေ အသုံးပြုထားတဲ့ Galaxy S5 ကို ကြွားကြွားဝင့်ဝင့် အသုံးပြုလိုတယ်ဆိုရင်တော့ Samsung Brand Shop တွေဆီ အမြန်ဆုံးသွားပြီး Pre Order မှာယူဖို့ တိုက်တွန်းလိုက်ပါရစေ။

Samsung Galaxy S5 နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုတယ်ဆိုရင် ဖုန်း ၀၁-၂၃၉၉ ၈၈၈ နဲ့ ၀၁-၂၄၂ ၅၄၂ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

May Thazin (TSJ Team)

No comments:

Post a Comment