Monday 30 December 2013

နာရေးကူညီမှုအသင်း၏ ပရဟိတလုပ်ငန်းများအသုံးစရိတ် တစ်လကျပ်သိန်း ၁၀၀၀ ခန့်ရှိ

ရခိုင်ပြည်နယ်တွင် မွေးဖွားလာသော ကမန်တိုင်းရင်းသား လူဦးရေစာရင်းကို တိကျမှန်ကန်စွာ သိရှိနိုင် ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ယူမှုကို ယခုလ ၁၆ ရက်တွင် စတင်နေပြီဟု ကမန် လူဦးရေစာရင်းကောက်ခံရေးတွင် ပါဝင်သူ ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီ ဒု-ဥက္ကဋ္ဌ၊ ဦးလှတိုးက ဒီဇင်ဘာ ၂၉ တွင် မဇ္ဈိမကို ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ကမန်တိုင်းရင်းသား ကိုယ်စားပြုအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရမည့်နေရာ များ ရွေးချယ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“လူဦးရေ အစစ်မှန်သိရင် ၂၀၁၅ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ နေရာတွေ သတ်မှတ်မယ်၊ အခု ကမန်တိုင်းရင်း သားရေးရာဝန်ကြီးနေရာလဲ မရှိသေးဘူးလေ၊ လူဦးရေမပြည့်လို့ မရခဲ့ဘူး၊ ရခိုင်ပြည်နယ်မှာ ပဋိ ပက္ခ တွေဖြစ်တော့ ပြည်မကို အားလုံး ရောက်နေကြတယ်၊ ရန်ကုန်မှာ အများဆုံး ရှိနေတယ်”ဟု ဦးလှတိုး က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကမန်တိုင်းရင်းသားများ အများဆုံးပျံ့နှံ့နေထိုင်သည့် ရန်ကုန်တိုင်းတွင် ကိုယ် စားလှယ်နေရာများကို ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်ဟုလည်း ဆိုသည်။

ကမန်လူဦးရေစာရင်း ကောက်ယူရာတွင် ကောက်ခံရေးကော်မတီက ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်မှ မတ် ၁၆ ရက်ထိ သုံးလတာ ကောက်ခံသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ကမန်တိုင်းရင်းသားများအနေဖြင့် မိသားစု လူဦးရေကို အထောက်အထားနှင့်တကွ ကောက်ခံရေးကော်မတီ ရုံးစိုက်ရာ ရန်ကုန်မြို့ တာမွေ ရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီရုံးသို့ ဆက်သွယ် ဆောင်ရွက်နိုင်သည်ဟုလည်း ကော်မတီ၏ ဒီဇင် ဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

တစ်နိုင်ငံလုံးတွင် ကမန်တိုင်းရင်းသား ခန့်မှန်း လူဦးရေ ၅၀,၀၀၀ နှင့် ၁၀၀,၀၀၀ ၀န်းကျင်ရှိနေပြီး လူဦး ရေ အတိအကျရနိုင်ရန်အတွက် ကမန်လူမျိုးများ အများဆုံးနေထိုင်သည့် ရန်ကုန်တိုင်း၊ မန္တလေးနှင့်ရခိုင် ပြည် နယ် တွင် သံတွဲ၊ စစ်တွေ၊ ရမ်းဗြဲမြို့တို့တွင် ဦးစားပေး တစ်ပြိုင်နက်တည်း ကောက်ယူသွားမည်ဖြစ် သည်။

“ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်တွေမှာ ကမန်လူဦးရေကောက်ခံရေး ဆပ်ကော်မတီတွေ ဖွဲ့စည်းပြီး လူဦးရေစာရင်း ကောက်ယူသွားမှာပါ၊ ရန်ကုန်ကို ဦးစားပေး ကောက်ယူသွားမယ်”ဟု ဦးလှတိုးက ပြော သည်။

ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြို့နယ် ခြောက် နေ ရာ အတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment