Monday 30 December 2013

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အခမဲ့ဝိုင်ဖိုင်ဇုန် ဇန်န၀ါရီ အပြီးတပ်ဆင်မည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) တွင် ၀ိုင်ဖိုင်အင်တာနက်စနစ်အခမဲ့အသုံးပြုနိုင်ရန်အတွက် Redlink ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် လုပ်ငန်း များပြီး စီးအောင် ဆောင်ရွက်သွားမည်ဟု ယင်းကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ဒီဇင်ဘာ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

၎င်းက “ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာလည်း ၀ိုင်ဖိုင်အင်တာနက်လိုင်း တပ်ဆင်ပေးလျက်ရှိ ပါတယ်။ ဇန်န၀ါရီမှာ အပြီးဆောင်ရွက်သွားမှာပါ”ဟု ဆိုသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် မူလရှိပြီးသား ဖိုက်ဘာအင်တာနက်လိုင်းမှ သင်ကြားရေးဌာန အားလုံး အင်တာနက်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားပြီး အခမဲ့ဝိုင်ဖိုင်အင်တာနက်စနစ်ကို စာကြည့် တိုက်နှင့် အစည်းအဝေးခန်းမ၌ တပ်ဆင်သွားမည်ဖြစ်သည်ဟု ယင်းတက္ကသိုလ်တွင် ၀ိုင်ဖိုင်အသုံးပြုနိုင် ရေး တာဝန်ယူဆောင်ရွက်နေသည့်ဆရာတစ်ဦးက ပြောသည်။

ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ အခမဲ့ဝိုင်ဖိုင်အင်တာနက်စနစ် အသုံးပြုနိုင်ရန် စာကြည့်တိုက်တွင် နံနက် ၁၁ နာရီခွဲမှ ၁၂ နာရီခွဲအထိ၊ မွန်းလွဲ ၂ နာရီမှ ကျောင်းဆင်းချိန်အထိ နှစ် ချိန်လွှင့်ပေးသွားမည်ဟုလည်း ၎င်းကဆိုသည်။

၎င်းက “သင်ကြားရေးမှာ အထောက်အကူဖြစ်စေဖို့၊ သင်ခန်းစာနဲ့ပတ်သက်တာတွေကို အင်တာနက်က တစ်ဆင့်ရှာဖွေလေ့လာနိုင်ဖို့ ရည်ရွယ်ပါတယ်။ တစ်ကျောင်းလုံးကို ၀ိုင်ဖိုင်လွှင့်ရင် ကျောင်းသူ၊ ကျောင်း သားတွေအနေနဲ့ သင်ကြားရေးမှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ စာကြည့်တိုက်မှာပဲ အချိန်နဲ့လွှင့်ပေးမှာ ပါ”ဟု မဇ္ဈိမကိုပြောသည်။

Redlink ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့တွင် အခမဲ့ဝိုင်ဖိုင်ဇုန်များကို တပ်ဆင်ပေးသွားမည်ဖြစ် ရာ ရွှေတိ ဂုံ စေ တီနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် အင်တာနက်အခမဲ့အသုံးပြုနိုင်ရန် ၀ိုင်ဖိုင်အင် တာနက်စနစ်များ တပ်ဆင်ပေးပြီးဖြစ်သည်။ ယင်းသို့တပ်ဆင်ရာ၌ ရွှေတိဂုံစေတီတွင် ဒီဇင်ဘာ ၁ ရက် က အခမဲ့အင်တာနက် စနစ်စတင်အသုံးပြုနိုင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒီဇင်ဘာ ၁၅ ရက်က စတင်ပြီးအသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် Redlink ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့ရှိ အခြားနေရာများတွင်လည်း အခမဲ့အင်တာနက် စနစ်များ အသုံးပြုနိုင်ရန် စီစဉ်နေပြီး နေရာအတိအကျကိုမူ မသိရသေးဟု ဦးမျိုးမြင့်ညွန့်က ဆိုသည်။

ယင်းအပြင် အဆိုပါကုမ္ပဏီအနေဖြင့် ဆီးဂိမ်းအားကစားပြိုင်ပွဲများ ကျင်းပခဲ့သည့် ရန်ကုန်နှင့် ငွေဆောင် တို့ရှိ အားကစားပြိုင်ပွဲနေရာများတွင်လည်း ပြိုင်ပွဲကာလအတွင်း အင်တာနက်စနစ်အသုံးပြုနိုင်ရန် အခမဲ့ ၀န်ဆောင်မှုပေးခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment