Monday 30 December 2013

၂၀၁၃ အတွင်း လက်ဆင့်ကမ်း အများဆုံးသတင်းတွေ

Photo: ၂၀၁၃ အတွင်း လက်ဆင့်ကမ်း အများဆုံးသတင်းတွေ
Monday, December 30, 2013

၂၀၁၃ ခုနှစ်အတွင်း ဘီဘီစီ သတင်းဝက်ဆိုဒ် ကနေ လူတွေ စိတ်ဝင်စားကြလို့ ဆိုရှယ် မီဒီယာတွေ ကနေတဆင့် ရှယ်ကြတာ အများဆုံး သတင်းတွေ ထဲက သတင်းတချို့ ကိုရွေးပြီး တင်ပြရရင်တော့ နှစ်စ ဇန်နဝါရီလ ထဲမှာ ရှယ်တာ အများဆုံးသတင်း တခုကတော့ ဟာဝိုင်ယီ ဘက်မှာ ငါးဖမ်းပိုက်တန်း တခုနဲ့ ငြိနေတဲ့ လပိုင်ငါး တကောင် က ရေငုပ်သမား တယောက်ဆီကို ကြိုးစား ချဉ်းကပ်ကူး လာပြီး သူ့ လွတ်မြောက်ရေး အတွက်အကူအညီတောင်းတဲ့ ပုံ လုပ်ပြတဲ့အတွက် ရေငုပ်သမား ကလည်း ပိုက်ကို ကြိုးစားဖြတ်ပေးလို့ လပိုင်ငါး လွတ်မြောက်သွားနိုင်တဲ့ သတင်းပါ။

တခါရုရှအလယ်ပိုင်း ကမြို့တခု မှာ ဥက္ကာခဲ ဝင်ဆောင့်လို့ လူ ၁၀၀၀ လောက် ထိခိုက်ဒဏ်ရာရတဲ့ သတင်းက လည်း ဖေဖေဝါရီ သတင်းတွေ ထဲမှာ အတော်စိတ်ဝင်တစားရှိကြပါတယ်။

အဲဒီလထဲမှာပဲ ဆိုင်းမဆင့်ဗုံမဆင့် နေရာကနေ နှုတ်ထွက်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ် ရဲ့ သတင်းကိုလည်း လူတွေ အများအပြား လက်ဆင့်ကမ်း ခဲ့ကြပါတယ်။

ဗင်နီဇွဲလား သမ္မတ ဟူဂိုချဗက် ၊ ဗြိတိန်ဝန်ကြီးချုပ် ဟောင်း မာဂရက်သက်ချာ၊ တောင်အာဖရိက က အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် နယ်ဆင်မန်ဒဲလား စတဲ့ အဲဒီ ခေါင်းဆောင်တွေ ဒီ၂၀၁၃ ထဲမှာ ကွယ်လွန် ခဲ့ကြတာပါ။ အဲဒီနိုင်ငံရေးခေါင်းဆောင်တွေ ဆုံးရှုံးရတဲ့ သတင်းတွေ ကိုလည်း လူအများ စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။

ဧပြီလမှာ အလွှမ်းမိုးဆုံးသတင်း ကတော့ အမေရိကန် ဘော့စတွန် မာရသွန်ပြိုင်ပွဲရဲ့ ပန်းဝင်တဲ့နေရာတဝိုက် ဗုံးတွေ ကွဲတဲ့သတင်းပါ။ လူ၃ယောက်သေခဲ့ပြီး လူပေါင်း ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ကျူးလွန်ခဲ့သူ ညီအကို ၂ ယောက်ကို နောက်ပိုင်းမှာ တယောက်ကိုအသေမိပြီး တယောက် ကဒဏ်ရာနဲ့ မိခဲ့ပါတယ်။

ဇွန်လထဲမှာ လူတွေ အဖြန့်ချိဆုံးသတင်းတပုဒ်ကတော့ ဖင်လန်မှာ ကလေးငယ်တွေ မွေးရင် အစိုးရက ကလေးအားလုံး တန်းတူမျှတူ သဘောထားတယ်ဆိုတဲ့ သဘောနဲ့ ပေးတဲ့ ကလေးအိပ်ဖို့ စက္ကူကဒ်ပုံး တပုံး နဲ့ ကလေးပစ္စည်းတွေ လက်ဆောင်ပေးတဲ့ အစဉ်အလာ ၇၅ နှစ်ပြည့်ပြီဆိုတဲ့ သတင်းပါ။

ဒီနှစ်လယ်ပိုင်းမှာ ဘရာဇီး က လူတယောက်ထွင်လိုက်တဲ့ ရေမီးလုံး သတင်း၊ အဲဒီသတင်းကလည်း ပေါက်ပါတယ်။ သူက ရေဖြည့်ထားတဲ့ ပလပ်စတစ်ရေဘူးတလုံးထဲကို အစွန်းချွတ်ဆေးနဲနဲ ထည့်ပြီး အခန်းတခုလုံး အလင်းပေးနိုင်အောင် ထွင်ခဲ့သူပါ။ သူ့နည်းကို တကမ္ဘာလုံး လိုက်သုံးကြတဲ့အထိအောင်မြင်ပေမယ့် သူကတော့ ဒီလိုတီထွင်မှုအတွက် ငွေကြေးမရခဲ့ပါဘူး၊ ဂုဏ်ပြုကြတာတွေ ကိုပဲ သူ ပိုက်ထွေးခဲ့ပါတယ်။

စက်တင်ဘာလထဲမှာ ပေါ်လာတဲ့လန်ဒန်က မိုးမျှော်တိုက်ကြောင့် ကားအရည်ပျော်တဲ့သတင်း ကလည်း အတော်ပြောစမှတ် ဖြစ်ခဲ့တာပါ။ အထပ်မြင့်အဆောက်အဦက မှန်သားအပြည့်ကာထားပြီး ဘေးနံရံမျက်နှာပြင်ကို ခပ်ခွက်ခွက်ဆောက်ထားတာမို့ သူ့ကို နေရောင်ကျပြီး ပြန်လာတဲ့ အပူချိန်က လမ်းဘေးမှာရပ်ထားတဲ့ ကား ရှေ့ဖုန်း နေရာမှာ အရည်ပျော်တဲ့အထိ ဖြစ်ခဲ့တဲ့ သတင်းပါ။

ဒီနှစ်အဆုံးပိုင်းမှာ အဝေမျှဆုံး သတင်းကတော့ စိတ်မကောင်းစရာ သတင်းတပုဒ်ပါ၊ ကာလီဖိုးနီးယား မှာ ကား တိုက်မှု ကြောင့် ဟောလီးဝုဒ် က နာမည်ကျော် မင်းသား ပေါလ်ဝေါ့ကာ သေဆုံးခဲ့တဲ့သတင်းပါ။ 

BBC
၂၀၁၃ ခုနှစ်အတွင်း ဘီဘီစီ သတင်းဝက်ဆိုဒ် ကနေ လူတွေ စိတ်ဝင်စားကြလို့ ဆိုရှယ် မီဒီယာတွေ ကနေတဆင့် ရှယ်ကြတာ အများဆုံး သတင်းတွေ ထဲက သတင်းတချို့ ကိုရွေးပြီး တင်ပြရရင်တော့ နှစ်စ ဇန်နဝါရီလ ထဲမှာ ရှယ်တာ အများဆုံးသတင်း တခုကတော့ ဟာဝိုင်ယီ ဘက်မှာ ငါးဖမ်းပိုက်တန်း တခုနဲ့ ငြိနေတဲ့ လပိုင်ငါး တကောင် က ရေငုပ်သမား တယောက်ဆီကို ကြိုးစား ချဉ်းကပ်ကူးလာပြီး သူ့ လွတ်မြောက်ရေး အတွက်အကူအညီတောင်းတဲ့ ပုံ လုပ်ပြတဲ့အတွက် ရေငုပ်သမား ကလည်း ပိုက်ကို ကြိုးစားဖြတ်ပေးလို့ လပိုင်ငါး လွတ်မြောက်သွားနိုင်တဲ့ သတင်းပါ။
တခါရုရှအလယ်ပိုင်း ကမြို့တခု မှာ ဥက္ကာခဲ ဝင်ဆောင့်လို့ လူ ၁၀၀၀ လောက် ထိခိုက်ဒဏ်ရာရတဲ့ သတင်းက လည်း ဖေဖေဝါရီ သတင်းတွေ ထဲမှာ အတော်စိတ်ဝင်တစားရှိကြပါတယ်။

အဲဒီလထဲမှာပဲ ဆိုင်းမဆင့်ဗုံမဆင့် နေရာကနေ နှုတ်ထွက်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ် ရဲ့ သတင်းကိုလည်း လူတွေ အများအပြား လက်ဆင့်ကမ်း ခဲ့ကြပါတယ်။

ဗင်နီဇွဲလား သမ္မတ ဟူဂိုချဗက် ၊ ဗြိတိန်ဝန်ကြီးချုပ် ဟောင်း မာဂရက်သက်ချာ၊ တောင်အာဖရိက က အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် နယ်ဆင်မန်ဒဲလား စတဲ့ အဲဒီ ခေါင်းဆောင်တွေ ဒီ၂၀၁၃ ထဲမှာ ကွယ်လွန် ခဲ့ကြတာပါ။ အဲဒီနိုင်ငံရေးခေါင်းဆောင်တွေ ဆုံးရှုံးရတဲ့ သတင်းတွေ ကိုလည်း လူအများ စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။

ဧပြီလမှာ အလွှမ်းမိုးဆုံးသတင်း ကတော့ အမေရိကန် ဘော့စတွန် မာရသွန်ပြိုင်ပွဲရဲ့ ပန်းဝင်တဲ့နေရာ တဝိုက် ဗုံးတွေ ကွဲတဲ့သတင်းပါ။ လူ၃ယောက်သေခဲ့ပြီး လူပေါင်း ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ကျူးလွန်ခဲ့သူ ညီအကို ၂ ယောက်ကို နောက်ပိုင်းမှာ တယောက်ကိုအသေမိပြီး တယောက် ကဒဏ်ရာနဲ့ မိခဲ့ပါတယ်။

ဇွန်လထဲမှာ လူတွေ အဖြန့်ချိဆုံးသတင်းတပုဒ်ကတော့ ဖင်လန်မှာ ကလေးငယ်တွေ မွေးရင် အစိုးရက ကလေးအားလုံး တန်းတူမျှတူ သဘောထားတယ်ဆိုတဲ့ သဘောနဲ့ ပေးတဲ့ ကလေးအိပ်ဖို့ စက္ကူကဒ်ပုံး တပုံး နဲ့ ကလေးပစ္စည်းတွေ လက်ဆောင်ပေးတဲ့ အစဉ်အလာ ၇၅ နှစ်ပြည့်ပြီဆိုတဲ့ သတင်းပါ။

ဒီနှစ်လယ်ပိုင်းမှာ ဘရာဇီး က လူတယောက်ထွင်လိုက်တဲ့ ရေမီးလုံး သတင်း၊ အဲဒီသတင်းကလည်း ပေါက် ပါ တယ်။ သူက ရေဖြည့်ထားတဲ့ ပလပ်စတစ်ရေဘူးတလုံးထဲကို အစွန်းချွတ်ဆေးနဲနဲ ထည့်ပြီး အခန်းတခု လုံး အလင်းပေးနိုင်အောင် ထွင်ခဲ့သူပါ။ သူ့နည်းကို တကမ္ဘာလုံး လိုက်သုံးကြတဲ့အထိအောင်မြင်ပေမယ့် သူကတော့ ဒီလိုတီထွင်မှုအတွက် ငွေကြေးမရခဲ့ပါဘူး၊ ဂုဏ်ပြုကြတာတွေ ကိုပဲ သူ ပိုက်ထွေးခဲ့ပါတယ်။

စက်တင်ဘာလထဲမှာ ပေါ်လာတဲ့လန်ဒန်က မိုးမျှော်တိုက်ကြောင့် ကားအရည်ပျော်တဲ့သတင်း ကလည်း အတော်ပြောစမှတ် ဖြစ်ခဲ့တာပါ။ အထပ်မြင့်အဆောက်အဦက မှန်သားအပြည့်ကာ ထားပြီး ဘေးနံရံ မျက်နှာပြင် ကို ခပ်ခွက်ခွက်ဆောက်ထားတာမို့ သူ့ကို နေရောင်ကျပြီး ပြန်လာတဲ့ အပူချိန်က လမ်းဘေးမှာ ရပ်ထားတဲ့ ကား ရှေ့ဖုန်း နေရာမှာ အရည်ပျော်တဲ့အထိ ဖြစ်ခဲ့တဲ့ သတင်းပါ။

ဒီနှစ်အဆုံးပိုင်းမှာ အဝေမျှဆုံး သတင်းကတော့ စိတ်မကောင်းစရာ သတင်းတပုဒ်ပါ၊ ကာလီဖိုးနီးယား မှာ ကား တိုက်မှု ကြောင့် ဟောလီးဝုဒ် က နာမည်ကျော် မင်းသား ပေါလ်ဝေါ့ကာ သေဆုံးခဲ့တဲ့သတင်းပါ။

BBC

No comments:

Post a Comment