Monday 30 December 2013

ချစ်သူ မိန်းကလေးကို သ၀န်တိုပြီး ဓား ၄ ချောင်းတိတိနှင့် အချက်ပေါင်း ၈၃ ချက် ထိုးပြီး သတ်ခဲ့သည့် အချစ်ကြီး၍ အမျက်ကြီးခဲ့သူ တစ်ယောက်


အင်္ဂလန် နိုင်ငံ၊ ဒါဘီ ရှိုင်းယား အရပ် ဒေသ မှာ ဖြစ်ပွား ခဲ့တဲ့ လူသတ် မှုနဲ့ ပတ် သက် ပြီး တရား ရုံး က စီရင် ချက်ချ မှတ် လိုက် ပြီဖြစ် ပါတယ်။
အဲ ဒီ လူသတ် မှုဟာ ပြီးခဲ့ တဲ့နှစ် စက်တင် ဘာလ မှာ ဖြစ် ပွား ခဲ့ခြင်း ဖြစ် ပြီး တစ်နှစ် ကျော် နီးပါး စစ်ဆေး ခဲ့ပြီး နောက် အခု လို စီရင် ချက် ချ မှတ် လိုက် ခြင်း ဖြစ် ပါ တယ်။ အ သက်(၂၃) နှစ် အ ရွယ် ရှိ ဘ ရောင်း ဟာ သူ့ရဲ့ ချစ်သူ ဖြစ်သူ အ သက် (၃၀) နှစ် အရွယ် ရှိ ဂျိတ်ရီ လေး ၀က် ဒ် ကို မနာ လိုဝန် တို ဖြစ်ပြီး ဓားနဲ့ အချက် ပေါင်း (၈၃) ချက် ထိုးသတ် ခဲ့တာ မို့ သေဒဏ် ပြစ် ဒဏ် စီရင် ခြင်း ခံ လိုက် ရတာ ဖြစ်ပါ တယ်။ ဘရောင်း နဲ့ ဂျိတ် တို့ဟာ ၂၀၁၂ ခုနှစ်၊ ဇန်န ၀ါရီလ မှာ ချစ် သူ တွေ စဖြစ် ခဲ့ကြ ပြီး ဘရောင်း ဟာ ဂျိတ်အ ပေါ် မနာ လိုဝန် တိုဖြစ်ပြီး ဒေါသ တကြီးနဲ့ ပြစ် ဒဏ် ကျူးလွန် ခဲ့တာ ဖြစ် ပါတယ်။

ပြီးခဲ့ တဲ့နှစ် စက်တင် ဘာလ (၂၂) ရက် နေ့ မှာ ဘ ရောင်း ဟာ ဂျိတ် ရဲ့ အိမ် ကို သွား ရောက် လည် ပတ် ခဲ့ပါ တယ်။ အဲဒီ အချိန် မှာ ဂျိတ် ဟာ သူငယ်ချင်း ဖြစ်သူ တစ်ဦးနဲ့ စကား ပြောဆို နေ ခဲ့ပါ တယ်။ သူငယ် ချင်း ဖြစ်သူ ပြန်သွား ပြီးနောက် မှာ ဘရောင်း က ဂျိတ် အပေါ် စွပ်စွဲ ပြောဆို မှု တွေ ပြု လုပ် ခဲ့ပါ တယ်။ ဒီ နောက် သူတို့ နှစ်ဦး ဟာ အချင်း များ ခဲ့ကြ ပြီး ဘရောင်း က မတူ ညီ တဲ့ ဓား လေး ချောင်း နဲ့ ဂျိတ် ကို ထိုး သတ် ခဲ့တာ ဖြစ် ပါတယ်။ ဘရောင်း ဟာ ဂျိတ် ရဲ့ ခန္ဓာ ကိုယ် လေး နေရာ ကို ဓား အချက် ပေါင်းများစွာနဲ့ ထိုး သတ်ခဲ့ တာဖြစ် ပါတယ်။ ဂျိတ် ဟာ ပြန် လည် ခုခံ ခဲ့တာ မို့ လက် မောင်း နဲ့ လက် ချောင်း တွေ မှာ ဒဏ်ရာ များ စွာ ရရှိ ခဲ့ပါ တယ်။ ဘရောင်း ဟာ လူသတ် မှု ကျူးလွန် ခဲ့ပြီး နောက် သူ့ရဲ့ မိခင် ဖြစ်သူ ကို အကြောင်း ကြား ခဲ့ပါ တယ်။  ဒီနောက် သူဟာ အဖမ်း ခံခဲ့ပြီး တရား ဥပဒေ အရ အ ဆုံး အ ဖြတ် ကို ခံယူ ခဲ့ ခြင်း ဖြစ်ပါ တယ်။ ဘ ရောင်းရဲ့ ရှေ့နေ ဖြစ်သူ က ဘရောင်း ဟာ သူ ကျူး လွန် ခဲ့တဲ့ ပြစ်ဒဏ် အပေါ် ငြင်း ဆို ခဲ့ခြင်း မရှိ ကြောင်း၊ ဖြစ်ပျက် ခဲ့တဲ့ အရာ အား လုံးကို နောင်တ ရနေ ကြောင်း ပြော ကြား သွား ခဲ့ပါ တယ်။ ဂျိတ်ရဲ့ မိခင် ဖြစ်သူ ကတော့ သေဆုံး သွားတဲ့ သူ့သမီး လေး အပေါ် နှမြော မဆုံး ဖြစ် နေပြီး တရားရုံး ရဲ့ ဆုံးဖြတ် ချက် ကို ကျေနပ် မိ ကြောင်း ပြောကြား သွား ခဲ့ပါတယ်။ 
By Messenger

From...Today Myanmar

No comments:

Post a Comment