Monday 30 December 2013

ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရပြီး Touch Screen နှစ်ဖက်ပါရှိသည့် Grippity Tablet

Photo: ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရပြီး Touch Screen နှစ်ဖက်ပါရှိသည့် Grippity Tablet
Monday, December 30, 2013

လူအများစု ဟာ Touch Screen Device တွေကို အသုံးပြုတဲ့အခါမှာ လက်မ နှစ်ချောင်းကို အများဆုံး အသုံးပြုကြရပါတယ်။ Grippity က အဲဒီ အသုံးပြုပုံ ကို ပထမဆုံး ပြောင်းလဲ ပေးနိုင်တဲ့ Tablet ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရတဲ့ Tablet ဖြစ်ပါတယ်။ Touch Screen က အရှေ့ဘက် နဲ့ အနောက်ဘက် နှစ်ခုစလုံး မှာ ပါရှိတဲ့အတွက် လက်ချောင်းဆယ်ချောင်း စလုံး ကို အသုံးပြုလို့ရစေပါတယ်။ အဲဒီ Tablet ဟာ Kickstarter စီမံကိန်း ကနေ ပေါက်ဖွားလာတာဖြစ်ပြီး Tablet တီထွင်သူ Jacob Eichbaum က လက်ချောင်းကြီးမားပြီး စာရိုက်ရတာ အဆင်မပြေတဲ့ သူတွေအတွက်ပိုမို သင့်တော် တယ်လို့ ပြောပါတယ်။

Grippity ဟာ ခုနစ်လက်မ အရွယ် Semi-Transparent LCD Display တပ်ဆင်ထားပြီး 800x480 Pixel Resolutiion ပါရှိပါတယ်။ Cortex A8 Processor , 512MB RAM , Android 4.2 Jelly Bean အသုံးပြုထားပါတယ်။ Android 4.4 KitKat ကို Update ရရှိမယ်လို့သိရပါတယ်။ 4GB Internal Storage ပါရှိပြီး Media Center Keyboard ပါရှိပါတယ်။

Grippity ကို အစောဆုံး အသုံးပြုချင်ရင် အမေရိကန် ဒေါ်လာ ၁၅၉ ကို Kickstarter စီမံကိန်း မှ တစ်ဆင့် ရံပုံငွေ ထည့်ဝင်နိုင်ပါတယ်။ Grippity စီမံကိန်း ကို ဇန်န၀ါရီလ မှာ ရံပုံငွေ ဒေါ်လာ ၁၉၉၀၀၀ ရရှိရန် လျာထားပါတယ်။ အခုလောလောဆယ်မှာ ရံပုံငွေ ဒေါ်လာ ၂၁၃၉၁ ရရှိပြီဖြစ်ပါတယ်။

Myanmar Consumer Guide
လူအများစု ဟာ Touch Screen Device တွေကို အသုံးပြုတဲ့အခါမှာ လက်မ နှစ်ချောင်းကို အများဆုံး အသုံးပြုကြရပါတယ်။ Grippity က အဲဒီ အသုံးပြုပုံကို ပထမဆုံး ပြောင်းလဲ ပေးနိုင်တဲ့ Tablet ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရတဲ့ Tablet ဖြစ်ပါတယ်။ Touch Screen က အရှေ့ဘက် နဲ့ အနောက် ဘက် နှစ်ခုစလုံးမှာပါရှိတဲ့အတွက် လက်ချောင်းဆယ်ချောင်း စလုံး ကို အသုံးပြုလို့ရစေပါတယ်။ အဲဒီ Tablet ဟာ Kickstarter စီမံကိန်း ကနေ ပေါက်ဖွားလာတာဖြစ်ပြီး Tablet တီထွင်သူ Jacob Eichbaum က လက်ချောင်းကြီးမားပြီး စာရိုက်ရတာ အဆင်မပြေတဲ့ သူတွေအတွက်ပိုမို သင့်တော် တယ်လို့ ပြော ပါတယ်။

Grippity ဟာ ခုနစ်လက်မ အရွယ် Semi-Transparent LCD Display တပ်ဆင်ထားပြီး 800x480 Pixel Resolutiion ပါရှိပါတယ်။ Cortex A8 Processor , 512MB RAM , Android 4.2 Jelly Bean အသုံးပြုထားပါတယ်။ Android 4.4 KitKat ကို Update ရရှိမယ်လို့သိရပါတယ်။ 4GB Internal Storage ပါရှိပြီး Media Center Keyboard ပါရှိပါတယ်။

Grippity ကို အစောဆုံး အသုံးပြုချင်ရင် အမေရိကန် ဒေါ်လာ ၁၅၉ ကို Kickstarter စီမံကိန်း မှ တစ်ဆင့် ရံပုံငွေ ထည့်ဝင်နိုင်ပါတယ်။ Grippity စီမံကိန်း ကို ဇန်န၀ါရီလ မှာ ရံပုံငွေ ဒေါ်လာ ၁၉၉၀၀၀ ရရှိရန် လျာထားပါတယ်။ အခုလောလောဆယ်မှာ ရံပုံငွေ ဒေါ်လာ ၂၁၃၉၁ ရရှိပြီဖြစ်ပါတယ်။

Myanmar Consumer Guide

No comments:

Post a Comment