Monday 30 December 2013

ကမ္ဘောဒီးယားစစ်တပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်

Photo Photo
နိုင်ငံ၏အချုပ်အချာအာဏာကို ကာကွယ်ရာတွင် အရေးပါသည့် Royal Cambodian Armed Forces ၏ စစ်ရေး စွမ်းရည်ကိုမြှင့်တင်နိုင်ရေး တနင်္လာနေ့က စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း ကမ္ဘောဒီးယား စစ်တပ် အကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်သည်။
စစ်ရေးလေ့ကျင့်မှုသည် မြို့တော်ဖနွမ်ပင်အနောက်ဘက် ကီလိုမီတာ (၇၀)အကွာရှိ Kampong Speu ပြည်နယ်ရှိ စစ်ရေးလေ့ကျင့်ကွင်း တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရာတွင် BM-21 လောင်ချာများ ပစ်ခတ်လေ့ကျင့်ခဲ့ကြောင်း Royal Cambodian Armed Forces ၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pol Saroeun က ပြောဆိုသည်။

စစ်ရေးလေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်မှာ အချုပ်အချာအာဏာ၊ အမျိုးသား အကျိုးစီးပွားနှင့် လက်နက် သစ်များ စမ်းသပ်လိုသည့်အတွက်ကြောင့် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၄င်းက သတင်းထောက် များကို ပြောဆိုခဲ့သည်။

စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရာတွင် အချက်ရေ (၁၄၅) ချက် ပစ်ခတ်လေ့ကျင့်ခဲ့ပြီး ကီလိုမီတာ (၂၀)နှင့် (၄၀)ကြားရှိ အကွာအဝေးကို ပစ်မှတ်ထားကြောင်းလည်း ၄င်းက ဆက်လက်ပြောဆို သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် BM-21 လောင်ချာဖြင့် ပစ်ခတ်လေ့ကျင့်မှု (၅) ကြိမ်မြောက် လေ့ကျင့်ခြ င်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံနှင့် နယ်စပ် အငြင်းပွား မှုများ စတင်ဖြစ်ပွားချိန် ကတည်းက စစ်ရေး စွမ်းရည်မြင့်မားလာစေရန် စမ်းသပ်လေ့ကျင့်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

MOI Webportal Myanmar

No comments:

Post a Comment