Monday 30 December 2013

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် NCCT အဖွဲ့ချင်းမိုင်မြို့မှာ ထပ်မံ ဆွေးနွေး

Photo
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေနဲ့ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲကနေရလာတဲ့ တင်ပြမှုတွေအပေါ် NCCT ခေါင်းဆောင်တွေက ၂၀၁၄ ဇန်န၀ါရီလလယ်ပိုင်းမှာ အစည်းအဝေးကျင်းပပြီး ပြန်လည်ဆွေးနွေးသွားမှာဖြစ်သလို တိုင်းရင်းသား ခေါင်းဆောင်တွေ တင်ပြတဲ့ အချက်တွေကိုလည်း အစိုးရဖက်က ခေါင်းဆောင်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ပြန်တင်ပြပြီး ဖားအံ အစည်းအဝေးပွဲ မတိုင်မှီ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးသွားကြဖို့ ရှိပါတယ်။

Photos -Nyo Ohn Myit

No comments:

Post a Comment