Monday 30 December 2013

ရှမ်းမြောက် နမ့်ခမ်းတွင် မူးယစ်ဆေးဝါး (၁၁၈)သိန်းကျော်ဖိုးဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း မူးယစ်ဆေးဝါး တာဆီးနှိမ်နှင်းမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသောကြောင့် ယခုရက်ပိုင်းတွင် မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နမ်းခမ်းမြို့နယ် မန့်နောင် ကုတို့ဆိပ်အနီးတွင်လည်း ဒီဇင်ဘာလ ၂၈ ရက်နေ့ အားမြင့် (ခ) ဖန်ကျိုင်မြင့် မောင်းနှင်းလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆးရာ ဆိုင်ကယ်တူးဖောက်အတွင်းမှ ဘိန်း စမ်း ၁.၅ ကီလိုဂရမ်ပါ ၁ထုတ်နှင့် ဆေးပြား 5940 ပြား ကာလတန်ဖိုး (၁၁၈၈၀၀၀၀)ကျပ် သိမ်းဆည်း ရမိခဲ့သည်။
အလားတူ လောက်ကိုင် ရန်လုံကျိုင်းအ၀င် မုခ်ဦးလမ်းပေါ်တွင်လည်း ရှာဖွေစစ်ဆေးမှုပြုလုပ်ရာချိန် ဆွမ်းချိုက် မောင်းနှင် လာသည့် ဆိုင်ကယ်၏ နောက်မှလိုက်ပါလာသူ ချိန်ချင်းရှမ် (၁၉)နှစ် ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူ ဘလောက်တုံး ၃၃ တုံး အလေးချိန်(၂၀၀)ဂရမ် ကာလတန်ဖိုး သိန်း(၄၀)ကျော်ဖိုး ဖမ်းဆီးရမိပြီး ချန်ချင်းရှမ်အား ရန်လုံကြိုင်း ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။33

Lashio Thar
From : စော်ဘွားလေး Facebook

No comments:

Post a Comment