Monday 7 October 2013

ယခု ရွှေဈေး ကျဆင်းမှု ကြောင့် ဗဟိုဘဏ်များ ဒေါ်လာ ၅၄၅ ဘီလီယံ အရှုံးပေါ်နေ

Fed ဘဏ်ဥက္ကဋ္ဌ Bernanke က သူဟာ ရွှေဈေးအကြောင်း နားမလည်ပါဟု့ပြောကြားလိုက်ပါတယ်။
အခြား နိင်ငံများမှဘဏ်ဥက္ကဋ္ဌ တွေဟာ ၂၀၁၁ ခုနှစ် တွင် ဈေးအမြင့်နှင့် ရွှေ များဝယ် ထားမိလို့ယခု လက်ရှိ ရွှေ ပေါက်ဈေး ဆိုရင် ဒေါ်လာ ၅၄၅ ဘီလီယံ အရှုံး နှင့်ပိတ်မိနေပါတယ်။ Mr. Bernanke သည် Harvard ကောလိပ်ကျောင်း မှ စီးပွားရေးဘွဲ့ရရှိခဲ့ပြီး သူက ဇွန်လိုင်လ က ကျင်းပခဲ့သော လွှတ်တော် ဘဏ်ကော်မတီအစည်းဝေးပွဲတွင် " မည်သူကမှ ရွှေ ဈေးကွက်အကြောင်းကို အမှန်တကယ် နားမလည် ကြ ကြောင်း၊ မိမိ ကိုယ် တိုင်လည်း နားလည်ချင်ယောင် မဆောင်ကြောင်း" ဟု့ပြောကြားခဲ့ပါတယ်။

US ဗဟိုဘဏ်သည် ကမ္ဘာ့ရွှေအားလုံး၏ ၁၈ ရာခိုင်နှုန်းပိုင်ဆိုင်ထားကာ နောက်ထက် ရွှေတန်ချိန် ၃၅၀တန် ( ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုး) ၂၀၁၃ ခုနှစ် အတွင်း ဝယ်ယူမှာပါ။ US Fed ဗဟိုဘဏ် က ၂၀၁၂ ခုနစ်တုန်းက ရွှေတန်ချိန် ၅၃၅ တန် ကို ၁၉၆၄ခုနစ်နောက်ပိုင်း အများဆုံးဝယ်ယူ ခဲ့ပါတယ်။

၂၀၁၁ခုနစ် စက်တင်ဘာလ က Russia နိုင်ငံက ရွှေဈေး ဒေါ်လာ ၁၉၂၁ ဖြစ်နေချိန်မှာ ၎င်း၏ ဘဏ္ဍာရေး ရန်ပုံငွေ ၂၀ရာခိုင်နှုန်း အထိ တိုးမြှင့်ဝယ်ယူ ခဲ့ပြီနောက်မှာ ရွှေဈေး ဟာ ၃၁ရာခိုင်နှုန်း အထိကျဆင်းသွား ပါတယ်။ အခုချိန် မှာ US နိုင်ငံရေး သမားတွေ က ရွှေ ဝယ်ယူ နေကြ ပြီး၊ အခြား Investors များက ရွှေ အပေါ် မှာ ယုံကြည်မှုလျော့နည်းလာ နေပါတယ်။ Investor ကြီး George Soros ဆိုရင် ယခုနှစ်မှာ ၎င်း ပိုင်ဆိုင် သော ရွှေနှင့် ဆိုင်သော investment စုစုပေါင်း ဒေါ်လာ ၂၆ ဘီလီယံ ဖိုးထုတ်ရောင်း ခဲ့ပါတယ်။

ဧပြီလ နောက်ပိုင်း ရွှေဈေး ဒေါ်လာ ၁၃၁၆ ဝန်းကြင် ကျဆင်းပြီး ၁၉၈၁ နောက်ပိုင်း ကျဆင်းမှုအရှိန် အများဆုံးဖြစ်ပါတယ်။ နိုင်ငံရေးသမားများက နိုင်ငံ့စီပွာရေးကိုကာကွယ်ဖို့တာဝန်ရှိသော်ငြား ရွှေ အရောင်း အဝယ်အပေါ်မှာ ဈေးတက်ချိန်မှာဝယ်ပြီး ဈေးကျနေခိုက်မှာ ရွှေကိုထုတ်ရောင်း တတ်ကြပါတယ်။ ၁၉၉၉ ခုနစ်မှာ ရွှေဈေး ကျနေချိန် ကိုင်ထားသော ရွှေပမာဏ လျော့ချပြစ် ခြင်း ၊၂၀၁၁ ခုနှစ် ရွှေဈေး ထိပ်ဆုံးသို့ တက်နေချိန်မှာ ဗဟိုဘဏ်များ က အဓိက ရွှေကိုဝယ်ယူသူများဖြစ်ခဲ့ပါတယ် ။

ထိုကြောင့် ဗဟိုဘဏ်များရွှေကို ဝယ်နေချိန်မှာ investor များ ရွှေကို ရောင်းသင့်သလို၊ ဗဟိုဘဏ် များ ရွှေ ရောင်းနေချိန် မှာ ဝယ်သင့်ပါတယ် ။ တချို့ အချိန်တွေ မှာ စိတ်ခံစားမှု(Emotion) ကဈေး ကွက်ကို အခြေခံ စီပွားရေး အချက်အလက်များထက် မောင်း နှင်နေပါတယ်။

နိုင်ငံတော်အုပ်ချုပ်သူ( Policy maker)
Policy makers များ က ၂၀၀၈ မှ၂၀၀၉ ခုနှစ် အတွင်း Gold reserve ကို နှစ်ဆ တိုးမြှင့်ခဲ့ ကာ ၂၀၁၁ ခုနှစ် မှာ ရွှေတန်ချိန် ၈၈၄ တန်ဝယ်ယူခဲ့ပြီး Russia နိုင်ငံက ရွှေ အများဆုံး ၁၇၁တန်ဝယ်ယူခဲ့ပါတယ်။
Kazakhstan နိုင်ငံက ရွှေ ၆၇. ၁ တန်
South Korea နိုင်ငံက ရွှေ ၆၅ တန်
Turkey နိုင်ငံက ၃၇၁ တန်ချိန် ကိုယ်စီ ပြီးခဲ့ သော ၂နှစ်အတွင်း ဝယ်ယူခဲ့ကြပါတယ်။

ဒါ့အပြင် ရွှေဈေးတက်နေချိန်မှာ ဝယ်သလို၊ ရွှေဈေး ကျနေချိန် ၁၉၉၉ ခုနှစ် လို အချိန်မျိုး မှာ UK ဗဟိုဘဏ်မှ ရွှေ ၃၉၅ တန်ထုတ်ရောင်း ဖို့လေလံပစ် ပြီး တော့ အခုချိန် မှာ အင်္ဂလန်မှာ ရွှေတန်ချိန် ၃၁၀ လောက်သာ အခုရှိနေပါတယ် ။
ကဲကျန်တာ ခင်ဗျာတို့ ကိုယ်တိုင်ဆက်ဖက် လိုက်ကြပါ ခင်ဗျား။ ဒီနေ့ အတော်လေး ကို အိုက်တယ်နော်။

မောင်ရာဇာ
စီးပွားရေးသတင်းများနှင့် ခန့်မှန်းချက်များ

No comments:

Post a Comment