ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့တိုက်ခိုက်မှု တွေမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ စုစုပေါင်း ၄၄ ဦးကို သံတွဲမြို့ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီလို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဦးဝင်းမြိုင်က အခုလို ပြောပါ တယ်။" နှစ်ဖက်လုံးက ၄၄ ယောက်ကို လောလောဆယ် ဖမ်းဆီး စစ်ဆေးနေတယ်၊ ကမန်ရော ရခိုင်ရောပါ ပါတယ်ခင်ဗျ၊ သေဆုံးတာ ၅ ယောက်၊ အသက် ၉၀ ကျော် အဖွားကြီးတစ်ယောက်နဲ့ နောက် ၄ ယောက် ဆိုတော့ အားလုံး ၅ ယောက်၊ ဒဏ်ရာ ရတာ ၅ ယောက် အဲ့ဒါပါပဲခင်ဗျ"
ဖမ်းဆီး စစ်ဆေးနေသူတွေထဲမှာ အခင်းဖြစ်ပွားတဲ့အထဲမှာ ပါဝင်ခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသားတွေရော ကမန်တိုင်းရင်းသားတွေပါ ပါဝင်ပြီး အမျိုးသား ၄၂ ဦးနဲ့ အမျိုးသမီး နှစ်ဦး ပါဝင်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့၊ ပေါက်တော၊ သဗြုချိုင်နဲ့ ရွှေလှေကျေးရွာတွေမှာ စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက စတင်ပြီး အောက်တိုဘာ ၁ ရက်နေ့ အထိ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့တိုက်ခိုက်မှု
RFA Burmese
No comments:
Post a Comment