Monday 7 October 2013

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစိုးရနှင့်ကေအိုင်အို ကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားရောက်မည်

Photo: ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစိုးရနှင့်ကေအိုင်အို ကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားရောက်မည်
Monday, October 7, 2013

အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များပါ ၀င်သော နှစ် ဖက်ကိုယ် စားလှယ်အဖွဲ့များ အောက်တိုဘာ ၇ ရက်တွင် မြစ်ကြီး နားမြို့သို့ ရောက်ရှိမည်ဖြစ်သည်။

အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုး အပါအ၀င် အဖွဲ့ဝင် ၁၇ ဦး တက်ရောက်မည်ဖြစ်သည်။ ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့တွင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်ပြီး ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ရှစ်ဦး ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆွေးနွေးပွဲတွင် လေ့လာသူများအနေဖြင့် ကုလသမဂ္ဂမှ မစ္စတာ နမ်ဘီယား အပါအ၀င် ကိုယ်စားလှယ်နှစ်ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငါးဦး၊ မြို့မိမြို့ဖ  ၁၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ ခုနစ်ပါတီတို့ တက်ရောက်ကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကုလကိုယ်စားလှယ်နှစ်ဦးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက် လာမည့်  ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့အား လိုင်ဇာမြို့အထိ သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို မြစ်ကြီးနားမြို့၊ မနောကွင်းရှိ မဂျွယ် ခန်းမဆောင်၌ အောက်တို
ဘာ ၈ ရက်မှ စတင်ပြီး သုံးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

အစိုးရနှင့် ကေအိုင်အိုတို့ မေလက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့ မနောကွင်းသို့ ရောက် ရှိလာစဉ် ဓာတ်ပုံ - အေးမြကျော် 

7 DAY DAILY
အစိုးရနှင့် ကေအိုင်အိုတို့ မေလက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့ မနောကွင်းသို့ ရောက် ရှိလာစဉ် ဓာတ်ပုံ - အေးမြကျော်
အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် စစ်ဘက် ထိပ် ပိုင်းခေါင်းဆောင်များပါဝင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ အောက်တိုဘာ ၇ ရက်တွင် မြစ်ကြီးနား မြို့ သို့ ရောက်ရှိမည်ဖြစ်သည်။
အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုး အပါအ၀င် အဖွဲ့ဝင် ၁၇ ဦး တက်ရောက်မည်ဖြစ်သည်။ ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့တွင် ဦးဆွမ်လွတ်ဂမ် ဦးဆောင် ပြီး ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ရှစ်ဦး ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆွေးနွေးပွဲတွင် လေ့လာသူများအနေဖြင့် ကုလသမဂ္ဂမှ မစ္စတာ နမ်ဘီယား အပါအ၀င် ကိုယ်စား လှယ်နှစ်ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငါးဦး၊ မြို့မိမြို့ဖ ၁၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ ခုနစ်ပါတီတို့ တက်ရောက်ကြ မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ကုလကိုယ်စားလှယ်နှစ်ဦးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်လာမည့် ကေအိုင်အိုကိုယ်စားလှယ် အဖွဲ့အား လိုင်ဇာမြို့အထိ သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။ အစိုးရနှင့် ကေ အိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၊ မနောကွင်းရှိ မဂျွယ် ခန်းမဆောင် ၌ အောက်တိုဘာ ၈ ရက်မှ စတင်ပြီး သုံးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

7 DAY DAILY

No comments:

Post a Comment