Monday 7 October 2013

ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး သံတွဲမြို့အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်

စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ဖြစ်ပွားခဲ့သော သံတွဲမြို့နယ် ပဋိပက္ခအတွက် မီးဘေးသင့်ပြည်သူများ ကယ်ဆယ် စောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းကာ ကယ် ဆယ်စောင့် ရှော က်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
သံတွဲမြို့နယ် ရွှေလှေ၊ ပေါက်တော၊ သဗြူ ချိုင်၊ မဲကျွန်း၊ မြာကျွန်း၊ ရှင်စောပြင်၊ အံတော် ကျေးရွာများ နှင့် ရပ်ကွက်(၃)၊ ရပ်ကွက်(၅)တို့ရှိ အိမ်ထောင်စု ၁၁၂ စု၊ လူဦးရေ ၄၈၇ ဦးအတွက် အောက်တိုဘာ ၆ ရက် အထိ ဆန်အိတ် ၇၁ အိတ်၊ ဆီပိဿာ ၁၇ဝ ၊ဆား ၄၈၇ ပိဿာ၊ ပစ္စည်း ၁၁ မျိုးပါအထုပ် ၁၁၂ ထုပ်၊ ပစ္စည်းခြောက်မျိုးပါ အထုပ် ၁၁၂ ထုပ်တို့ကို ဖြန့်ဝေပေးခဲ့ပြီးဖြစ် ကြောင်း သိရှိရသည်။

ပဋိပက္ခဖြစ်ပွားသည့် ဒေသများသို့ ကယ်ဆယ်ရေးအဖွဲ့များ ဖြန့်ခွဲသွားရောက်၍ ကယ်ဆယ်စောင့် ရှော က်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သံတွဲမြို့အခြေအနေမှာ တည်ငြိမ် နေပြီဖြစ်ေ ကြာင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment