Monday 7 October 2013

KIA မှ ခရီးသွား ပြည်သူများနှင့် ရွှေကျင်လုပ်သားများအား ဖမ်းဆီးခေါ် ဆောင်ပြီး ငွေကြေးတောင်းယူမှု ၀ိုင်းမော် - ချီဖွေ ကားလမ်းပေါ်တွင် ဖြစ်ပွား

Photo: KIA မှ ခရီးသွား ပြည်သူများနှင့် ရွှေကျင်လုပ်သားများအား ဖမ်းဆီးခေါ် ဆောင်ပြီး ငွေကြေးတောင်းယူမှု ၀ိုင်းမော် - ချီဖွေ ကားလမ်းပေါ်တွင် ဖြစ်ပွား
Monday, October 7, 2013

ကချင်ပြည်နယ် ၀ိုင်းမော် - ချီဖွေသွား ကားလမ်းပေါ်ရှိ ဒွန်ဘန်ကျေးရွာနှင့် မန်ဒေါင်းကျေးရွာကြား ဆွပ်မရာကန် နေရာ၌ အောက်တိုဘာ ၅ ရ က် ညနေ ၄ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တစ်ဖွဲ့မှ ခရီး သည်တင်ကားများအား ရပ်တန့်၍ ခရီးသွားပြည်သူများနှင့် ရွှေကျင်လုပ် သားများအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှုဖြစ်ပွားခဲ့ကြောင်း ယင်းဖြစ် စဉ်ကြုံတွေ့ခဲ့သော ကားသမားများထံမှ သိရှိရပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၀ိုင်းမော်မြို့သို့ ပြန်လည်ရောက်ရှိလာသော ဒေသခံကားသမားတစ်ဦးအား မေးမြန်းကြည့်ရာ “ အဲဒီနေ့က ကျွန်တော့်ကားအပါအ၀င် သုံးစီးသွားခဲ့ကြတာ ၊ ဒွန်ဘန်နဲ့ မန်ဒေါင်ရွာကြားမှာ ကချင်လွတ်လပ်ရေးတပ်က အဖွဲ့ဝင်တွေ ကားတွေကိုတားတယ်၊ ပြီးတော့ ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေ ကို အတင်းအကြပ်ဖမ်းတော့တာပဲ ” ဟုပြောသည်။

“ ကားပေါ်မှာ ဈေးရောင်းဈေးဝယ်နဲ့ ရွှေကျင်လုပ်သားတွေပဲ အများစု ပါတာလေ၊ ကျွန်တော်မှတ်မိသလောက် ကတော့ ယောင်္ကျားတွေကိုပဲ ရွေးဖမ်းတာဗျ၊ လူသုံးဆယ်ကျော်လောက်ပါသွားတယ်၊ တောင်းပန်ပေမယ့် မရပါဘူး၊ ထိုးကြိတ်ရိုက်ပုတ်ပြီး ခေါ်သွားတော့တာပါပဲ ၊ ဘယ်ကိုဖမ်းခေါ် သွားသလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး” ဟု ယင်းကဆက်လက် ပြောပြသွားခဲ့သည်။

KIA မှ ဖမ်းဆီးသွားသော ခရီးသွားပြည်သူများနှင့် ရွှေကျင်လုပ်သားများ အနက် အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းတွင် ၀ိုင်းမော်မြို့သို့ ဒေသခံ (၅) ဦး ပြန်လည်ရောက်ရှိလာသည်ဟု သတင်းရရှိသဖြင့် ၎င်းတို့ နေထိုင်ရာ ရပ်ကွက်များသို့ သွားရောက်မေးမြန်းဖြစ်ခဲ့ပါသည်။

အမည်မဖော်လိုသူ မြို့ခံဈေးသည်တစ်ဦးက “ ကျွန်တော်က ဒီဝိုင်းမော်ကနေ ချီဖွေကို ဈေးရောင်းသွားနေကျပါ၊ ဒေသထွက် သီးနှံတွေသွားပိုတာပါ၊ ကျွန်တော်အပါအ၀င် အဖမ်းခံရတာ လူသုံးဆယ်ကျော်လောက်ရှိတယ်၊ KIA စခန်းတစ်ခုမှာ ကျွန်တော်တို့ကို ဖမ်းချုပ်ထားပါတယ်၊ ငွေပါလာတဲ့ ဈေးသည်တွေက ငွေနဲ့ညှိတော့ ပြန်လွတ်လာတာပေါ့ ”

“တစ်ယောက်ကို သုံးသိန်းပေးခဲ့ရပါတယ်၊ ငါးယောက်ပဲ ပြန်လာနိုင်တယ်၊ ကျန်တဲ့လူတွေကတော့ ငွေမပေးနိုင် တော့ ဆက်ပြီးအဖမ်းခံနေရတုန်းပဲ၊ ကျွန်တော်ကြားခဲ့တာကတော့ ငွေမပေးနိုင်ရင် ကချင်တပ်ထဲကိုဝင်ရမယ် လို့ ပြောသံကြားခဲ့တာပဲ၊ ရွှေကျင်လုပ်သားတွေက အခုမှ အလုပ်လုပ်ဖို့သွားတာ ဘယ်လိုလုပ် ငွေပါမှာလဲ၊ ကျွန်တော်တို့ လွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေ အတွက် စိတ်မကောင်းပါဘူး၊ တရားဥပဒေနဲ့ အညီပြန်လွတ် အောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးပေါ့ဗျာ ” ဟု ပြောပြသွားခဲ့ပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောက်တိုဘာ (၈၊၉၊၁၀) ရက်နေ့များတွင် မြစ်ကြီးနားမြို့၌ ကျင်းပပြု လုပ်မည်ဖြစ် ကြောင်း သိရှိရပါသည်။

အယ်နော်ဆိုင်း
KDN 
ကချင်ပြည်နယ် ၀ိုင်းမော် - ချီဖွေသွား ကားလမ်းပေါ်ရှိ ဒွန်ဘန်ကျေးရွာနှင့် မန်ဒေါင်းကျေးရွာကြား ဆွပ်မရာ ကန် နေရာ၌ အောက်တိုဘာ ၅ ရ က် ညနေ ၄ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ တစ်ဖွဲ့မှ ခရီး သည်တင်ကားများအား ရပ်တန့်၍ ခရီးသွားပြည်သူများနှင့် ရွှေကျင်လုပ် သားများအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှုဖြစ်ပွားခဲ့ကြောင်း ယင်းဖြစ် စဉ်ကြုံတွေ့ခဲ့သော ကားသမားများထံမှ သိရှိရပါသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၀ိုင်းမော်မြို့သို့ ပြန်လည်ရောက်ရှိ လာသော ဒေသခံကားသမားတစ်ဦး အား မေးမြန်းကြည့်ရာ “ အဲဒီနေ့က ကျွန်တော့်ကားအပါအ၀င် သုံးစီးသွားခဲ့ကြတာ ၊ ဒွန်ဘန်နဲ့ မန်ဒေါင်ရွာကြားမှာ ကချင်လွတ်လပ်ရေးတပ်က အဖွဲ့ဝင်တွေ ကားတွေကိုတားတယ်၊ ပြီးတော့ ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေ ကို အတင်းအကြပ်ဖမ်းတော့တာပဲ ” ဟုပြောသည်။

“ ကားပေါ်မှာ ဈေးရောင်းဈေးဝယ်နဲ့ ရွှေကျင်လုပ်သားတွေပဲ အများစု ပါတာလေ၊ ကျွန်တော်မှတ်မိ သလောက် ကတော့ ယောင်္ကျားတွေကိုပဲ ရွေးဖမ်းတာဗျ၊ လူသုံးဆယ်ကျော်လောက်ပါ သွား တယ်၊ တောင်းပန်ပေမယ့် မရပါဘူး၊ ထိုးကြိတ်ရိုက်ပုတ်ပြီး ခေါ်သွားတော့တာပါပဲ ၊ ဘယ်ကိုဖမ်းခေါ် သွားသလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး” ဟု ယင်းကဆက်လက် ပြောပြသွားခဲ့သည်။

KIA မှ ဖမ်းဆီးသွားသော ခရီးသွားပြည်သူများနှင့် ရွှေကျင်လုပ်သားများ အနက် အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းတွင် ၀ိုင်းမော်မြို့သို့ ဒေသခံ (၅) ဦး ပြန်လည်ရောက်ရှိလာသည်ဟု သတင်းရရှိသဖြင့် ၎င်းတို့ နေ ထိုင်ရာရပ်ကွက်များသို့ သွားရောက်မေးမြန်းဖြစ်ခဲ့ပါသည်။

အမည်မဖော်လိုသူ မြို့ခံဈေးသည်တစ်ဦးက “ ကျွန်တော်က ဒီဝိုင်းမော်ကနေ ချီဖွေကို ဈေးရောင်းသွားနေ ကျပါ၊ ဒေသထွက် သီးနှံတွေသွားပိုတာပါ၊ ကျွန်တော်အပါအ၀င် အဖမ်းခံရတာ လူသုံးဆယ်ကျော်လောက် ရှိတယ်၊ KIA စခန်းတစ်ခုမှာ ကျွန်တော်တို့ကို ဖမ်းချုပ်ထားပါတယ်၊ ငွေပါလာတဲ့ ဈေး သည်တွေက ငွေနဲ့ညှိတော့ ပြန်လွတ်လာတာပေါ့ ”

“တစ်ယောက်ကို သုံးသိန်းပေးခဲ့ရပါတယ်၊ ငါးယောက်ပဲ ပြန်လာနိုင်တယ်၊ ကျန်တဲ့လူတွေ ကတော့ ငွေ မပေးနိုင် တော့ ဆက်ပြီးအဖမ်းခံနေရတုန်းပဲ၊ ကျွန်တော်ကြားခဲ့တာကတော့ ငွေမပေးနိုင်ရင် ကချင်တပ် ထဲကိုဝင်ရမယ်လို့ ပြောသံကြားခဲ့တာပဲ၊ ရွှေကျင်လုပ်သားတွေက အခုမှ အလုပ်လုပ်ဖို့သွားတာ ဘယ်လို လုပ် ငွေပါမှာလဲ၊ ကျွန်တော်တို့ လွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေ အတွက် စိတ်မကောင်းပါဘူး၊ တရား ဥပဒေ နဲ့ အညီပြန်လွတ် အောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးပေါ့ဗျာ ” ဟု ပြောပြသွားခဲ့ပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့တို့ သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောက်တိုဘာ (၈၊၉၊၁၀) ရက်နေ့များတွင် မြစ်ကြီးနားမြို့၌ ကျင်းပပြု လုပ်မည်ဖြစ် ကြောင်း သိရှိရပါသည်။

အယ်နော်ဆိုင်း
KDN

No comments:

Post a Comment